သူမရဲ့မွေးနေ့လေးမှာ သုံးချင်တာသုံးဖို့ ယောက္ခမဖြစ်သူပေးတဲ့ ပိုက်ဆံထုပ်ကြီးကို ဓာတ်ပုံရိုက်ပြီး ထုတ်ကြွားလိုက်တဲ့ ခင်လွှမ်း

ခင်လွှမ်းဆိုတာနဲ့ပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ထားတာပါ။ စည်ဖြိုးနဲ့ခင်လွှမ်းတို့မိသားစုလေးဟာ အမြဲပျော်ပျော်ရွှင်ရွှင်နဲ့ ပုံရိပ်လေးတွေကိုတင်ပေးလေ့ရှိတာပါ။ အိမ်ထောင်မကျခင်ကတည်းက နေယနေ့ထိပရိသတ်တွေကချစ်နေကြတာပါ။

ခင်လွှမ်းကလည်းမိန်းကလေးတိုင်းအားကျရတဲ့သူတစ်ယောက်ပါ။ အိမ်ထောင်ကျသွားပေမယ့် ယောက္ခမတွေကိုယ်တိုင်က သမီးအရင်းလေးတစ်ယောက်ကိုဂရုစိုက်ချစ်ခင်နေတာပါ။ ဒါကြောင့် သူမရဲ့မွေးနေ့လေးမှာတော့ သူမကိုချစ်ခင်ပေးတဲ့ချစ်ရတဲ့သူတွေကိုကျေးဇူးတင်ကြောင်းပြောပြခဲ့တာပါ။

ကိုယ့်မွေးနေ့မှာ အဝေးကနေ ဂရုတစိုက်နဲ့ ဆုမွန်ကောင်းတောင်းပေးပါသော အတူမနေ မိဘတွေနဲ့ အစစအရာရာ မိဘရင်းနှင့်မခြား သမီးအရင်းလေးလို ကြင်ကြင်နာနာနဲ့ လိုလေသေးမရှိ ဂရုတစိုက် စောင့်ရှောက်ပေးပါသော အနီးမှ အတူနေ ယောက္ခမတွေရော ပြီးတော့ ကိုယ့်ရဲ့အနား အချိန်တိုင်းဆိုးတူကောင်းဖက် အမြဲတမ်း ရှိနေပေးသော ကျွန်မ အမျိုးသားကိုရော ဒီနေ့မွေးနေ့လေးမှာ အမှတ်တရများစွာနဲ့ ပျော်ရွှင်ရတဲ့အတွက် အတိုင်းမသိ ကျေးဇူးတင်ပါတယ် .အခြား ကျေးဇူးတင်ထိုက်သူ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ် . ဂျူးရဲ့ မွေးနေ့ဆုတောင်းက နှစ်ဘက်သော မိဘ မောင်နှမတွေနဲ့ သေတပန် သက်တစ်ဆုံး အမြဲပျော်ရွှင်နေထိုင် ကျေးဇူးဆပ်ခွင့် ရရပါလို၏ နှစ်ဖက်သော အလှူခံပုဂ္ဂိုလ်တွေကို ပြန်ပြီး လှူခွင့်ရတဲ့အတွက်လည်း အတိုင်းမသိ ပျော်ရွှင်ပီတိ ဖြစ်ရပါတယ် . နောက်လည်း တတ်နိုင်သလောက်အမြဲတမ်း လှူတန်းနိုင်ခွင့် ရရပါလို၏ ဆိုပြီးလည်းဆုတောင်းပေးခဲ့တာပါ။

Leave a Reply

Your email address will not be published.