အကြွေစောပေမယ့် ပရိသတ်တွေရဲ့ရင်ထဲယနေ့ချိန်ထိ နေရာယူထားဆဲဖြစ်တဲ့ ပြည်သူချစ်မင်းသား ဒွေးရဲ့အမှတ်တရပုံရိပ်တစ်ချို့

ချစ်ရတဲ့ပရိသတ်တွေနဲ့နှုတ်ဆက်သွားခဲ့တာကြာပြီဖြစ်ပေမယ့် ယနေ့ထိပရိသတ်တွေမေ့မရနိုင်တာကတော့ ဒွေးပဲဖြစ်ပါတယ်။ လူတိုင်းလေးစားပြီးချီးကျူးရတဲ့နိုင်ငံကျော်မင်းသားတစ်ယောက်ပါ။ အောင်မြင်နေချိန်မှာပဲ ကွယ်လွန်သွားခဲ့တာနှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်ပါတယ်။

ဒါကြောင့် သူ့ကိုချစ်တဲ့ပရိသတ်တစ်ယောက်ကလည်းခုလိုသူ့ကိုတင်စားခဲ့တာပါ။ ကိုသားကြီးဈာပနရှိရင် အိမ်အရိပ်ဖြတ်လျှောက်ခွင့်မပေးရလောက်အောင်အယူသီးလွန်းတဲ့ နိုင်ငံမှာလူလာဖြစ်တယ်အဲ့နိုင်ငံက သူပြန်ထွက်သွားတော့သူ့ဈာပနခွေကို အိမ်ဧည့်ခန်းတင်ကြည့်ရလောက်အောင်လူများစွာရဲ့ နှလုံးသားကို ညှို့ယူသွား သူထင်လင်းတဲ့နာမည်နဲ့လိုက်အောင်ထင်ထင်လင်းလင်းပဲ နေသွားခဲ့တဲ့ လူ ဦးငှက်သီချင်းတွေကိုကြိုက်တယ်ငှက်တစ်ကောင်လိုပဲ ပျံသန်းခဲ့ပုံက ။သားကြီးသားတွေထဲမှာ အကြီးဆုံးသားအနုပညာမာနကြီးတယ်အနုပညာလောဘကြီးတယ် ။

စီဒီဓာတ်ပြားပေါ်မှာ သူ့နာမည်ရေးထိုးလိုက်ရုံနဲ့ရောင်းတမ်းဝင်ကုန်ဖြစ်သွားတယ်သူ့အနုပညာကိုဘယ်နိုင်ငံထုတ် ရုပ်သံပြစက်ထဲထိုးထည့်ကြည့်ကြည့် ကြေးကြီးတယ်စင်မြှင့်ပေါ်က ပေးတဲ့ အကယ်ဒမီထက်ပရိသတ်ပေးတဲ့ အကယ်ဒမီအားနှစ်တိုင်းရခဲ့သူမိတ်ကပ်မရိုက်ပဲ ပရိသတ်ကြိုက်ခဲ့ သူ ။သေသောသူကြာရင်မေ့ဆိုပေမယ့်ရှင်နေသောသူတွေမှာ ခုချိန်ထိ မမေ့နိုင်တဲ့ လူ”ကွက်လပ်ကလေးဖြည့်ပေးပါ”နဲ့ စတင်ခဲ့တဲ့ သူသူမရှိတော့တာ အတော်ကြာသွားခဲ့ပြီသူ့ကွက်လပ်နေရာမှာ သူပဲရှိနေဆဲ”ကျနော်ကိုယ်စားပြောပေးပါ”နဲ့ စခဲ့သူသူမရှိတော့တဲ့နောက်ပိုင်းသူ့ကိုယ်စား သူ့အကြောင်းတွေ ပြောနေဆဲပါခင်ဗျားမရှိတော့တဲ့နောက်ပိုင်းအနုပညာရပ်ဝန်းဟာ သိပ်မစိုစွတ်တော့ဘူးဗျာဆိုပြီးပြောပြခဲ့တာပါ။ပရိသတ်တွေလည်း၁၅နှစ်အလွမ်းတွေနဲ့ကိုသားကြီးရဲ့ပုံရိပ်လေးတွေကိုကြည့်ပြီးလွမ်းပေးကြပါဦးနော်။

Leave a Reply

Your email address will not be published.