ရွှေပုပ္ပါးတွင် အဘအောင်မင်းခေါင်ပွဲကျင်းပတိုင်း အမြဲလင်းထိန်နေစေဖို့ တန်ဖိုးကြီး မီးစက်တစ်လုံး လှူဒါန်းလိုက်တဲ့ မြတ်သူသူ

မြတ်သူသူဆိုတာနဲ့ပရိသတ်တွေချစ်နေရတဲ့မင်းသမီးတစ်ယောက်ပါ။ MRTV-4ဇာတ်လမ်းတွဲ​လေးတွေကနေပရိသတ်တွေအားပေးမှုရလာကာအောင်မြင်လာသူပါ။ အခုချိန်မှာတော့သူမဟာအောင်မြင်မှုတွေနဲ့ရပ်တည်နေနိုင်ပြီဖြစ်ပါတယ်။

ဒါကြောင့်လည်းမနာလိုသူတွေရဲ့တိုက်ခိုက်မှုကိုအမြဲကြုံနေရတာပါ။ ဒါပေမယ့်လည်းသူမဟာအလုပ်တွေကြိုးစားရင်းနဲ့ပဲကိုယ်ပိုင်စီးပွားရေးလေးတွေကိုလုပ်နေတာပါ။ သူမရဲ့ချစ်သူနဲ့တူတူစီးပွားရေးလေးတွေကိုလုပ်နေတာပါ။

အခုဝါဆိုလပြည့်နေ့လေးမှာလည်းမီးစက်ကိုလှုဒါန်းခဲ့တာပါ။ မြတ်သူရဲ့ HMMT Co.,Ltd မှ မင်္ဂလာမဂ္ဂင်ခြံ သီလတောင် ရွှေပုပ္ပါးမှာအကြိမ်၇၀မြောက်အမှီ ရွှေဘဘအောင်မင်းခေါင်အောင်ပွဲနှင့် ၂၄နာရီ ရာသက်ပန် ရေတင်ဖို့နှင့်မီးမလာပါက ၁ခြံလုံးအလင်းဓာတ်များလင်းစေဖို့ရာ မီးစက်ကြီးကုသိုလ်ပြု လှူဒါန်းပါသည် ရွှေဘဘမှ ဝါဆိုလပြည့် အခါကြီး မင်္ဂလာရက်မြတ်မှာကမ္ဘာရှား ပဥ္စလောဟာရွှေအခေါက်ပါ ၆ကျပ်သား မဟာဓာတ်လုံးကို ချီးမြှင့်သည့်အတွက် အထူးဝမ်းမြောက်ပျော်ရွှင်မိပါသည်ပြုပြုသမျှကုသလ နတ်လူအပေါင်းထပ်တူထပ်မျှ ရကြပြီး သာဓုခေါ်ဆိုနိုင်ကြပါစေဆိုပြီး လှုဒါန်းခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published.