ခန္ဓာကိုယ်ဖောယောင်နေသူများတွက်ဘေးထွက်ဆိုးကျိူးမရှိတဲ့ ဆေးနည်း
ခန္ဓာကိုယ်ဖောယောင်နေသူများတွက်ဘေးထွက်ဆိုးကျိူးမရှိတဲ့ ဆေးနည်း
ယခုဖေါ်ပြမည့်ဆေးသည် ကိုယ်ဖေါကိုယ်ယောင်ရောဂါအတွက်အထူးကောင်းမွန်သော ဆေးကောင်းတစ်လက်ဖြစ်ပါတယ်။ ဖောယောင်ရောဂါဆိုတာခန္ဓာကိုယ်တွင် ရေဓါတ်ကြောင့်ဖြစ်စေ လေဓါတ်ကြောင့်ဖြစ်စေ တစ်ကိုယ်လုံးယောင်နေခြင်းကို ဆိုလိုသည်။ ဥပမာ…ကျောက်ကပ်မကောင်းလို့ ဖောယောင်နေတာ (သို့)လေဖြန်းပြီးဖေါယောင်တာ အသည်းအလုပ်လုပ်မှုအားနည်းလို့ဖေါယောင်တာ ခန္ဓကိုယ်ရေဓါတ်စွန့်ထုတ်မှုနည်းလို့ဖေါယောင်တာတစ်နည်းပြောရရင် အာပေါဆယ့်နှစ်ပါးတွင်ယိုစီးအာပေါခေါ်တဲ့ ချွေး။ ဆီး ။ ဝမ်း ။ ဆိုတဲ့သုံးပါးပျက်နေလျှင်ခန္ဓာကိုယ်ဖေါယောင်တတ်ပါတယ်။ မည်သို့သောဖေါယောင်မှုဖြစ်ပါစေ- ယခုပေးမည့်ဆေးက ကယ်မပေးပါလိမ့်မယ်။
ဆေးနည်း – ရေခံတက်ခေါက် ၁၀၀%၊ ကြောင်ပန်းရွက် ၁၀၀%၊ ကြက်သွန်ဖြူ ၂၀%၊ ရှောက်သီးအရည် ၁ လီတာ။ရေခံတက် ခေါက်နဲ့ ကြောင်ပန်းရွက်ကို အခြောက်လှန်းအမှုန့်ပြုပါ။ ၎င်းအမှုန့်ပြုပြီးသားဆေးမှုန့်တွင် ကြက်သွန်ဖြုူညက်စွာကြိတ်ပြီးရှောက်ရည်နှင့်ရောမွှေပါ။ပြီးလျှင်ဆေးတွဲအောင်ထမင်းရည်သင့်ရုံထည့်ပြီးဆေးတောင့်ဆေးပြားပြုလုပ်ပြီးနေပူတွင်နှစ်ရက်ခန့်လှန်းပါ။လေလုံသောပုလင်းထဲထည့်ထားပြီးနံနက်ညပုံမှန်နှစ်ကြိမ်စားပေးပါက တစ်ကိုယ်လုံးဖေါယောင်ပြီးခြေလက်လေးနေတာတွေပျောက်ကင်းမှာဖြစ်ပါတယ်။ဆေးဖော်စပ်မှီဝဲလိုသောများ ဆေးအချိုးတိကျစွာဖေါ်စားပါရန်။ဘေးထွက်ဆိုးကျိုးလုံးဝ(လုံးဝ)မရှိပါ။ကျောက်ကပ်အားနည်းတာအထူးသက်သာပါသည်။သုံးစွဲရန် ပမာဏ – တစ်ခါသောက်လျှင် ၂ ပဲသားခန့် တစ်နေ့နှစ်ကြိမ်။ အစာမစားမီသောက်ပါ။
Zawgyi
ခန္ဓာကိုယ်ဖောယောင်နေသူများတွက်ဘေးထွက်ဆိုးကျိုးမရှိတဲ့ ဆေးနည်း
Leave a Reply
Your email address will not be published. Required fields are marked *