ပိုင်တံခွန်အဖမ်းခံရတဲ့ အကြောင်းကို မျက်ရည်တွေနဲ့ ပြော ပြလာတဲ့ ပိုင်တံခွန်ရဲ့ အစ်မ ( အသံဖိုင်)

ပိုင်တံခွန်အဖမ်းခံရတဲ့ အကြောင်းကို မျက်ရည်တွေနဲ့ ပြော ပြလာတဲ့ ပိုင်တံခွန်ရဲ့ အစ်မ ( အသံဖိုင်)

ဆန္ဒပြတဲ့ အနုပညာရှင်တွေထဲမှာ တက်တက်ကြွကြွနဲ့ ရှေ့ဆုံးကနေ ပါဝင်ခဲ့တဲ့ သရုပ်ဆောင် ပိုင်တံခွန်ဟာ ဒီကနေ့ ၈ ရက်နေ့ မနက်ပိုင်း မှာ ဖမ်းဆီးခံလိုက်ရတယ်လို့ စိတ်မကောင်းစွာ သိရပါတယ်။

မော်ဒယ်သရုပ်ဆောင် ပိုင်တံခွန်ဟာ စစ်တပ်က ထုတ်ပြန်ထားတဲ့ ဆန္ဒပြသူ အနုပညာရှင် စာရင်းထဲမှာ ပါဝင်နေတာ ဖြစ်ပြီး ဒီမနက် ၄ နာရီ မှာ မြောက်ဒဂုံ မှာ ရှိတဲ့ အမဖြစ်သူရဲ့ နေအိမ်မှာ စစ်ကား ၈ စီးဖြင့် ခေါ်ဆောင်သွားပါတယ်။

” မနက် ၄ နာရီလောက် စစ်ကား ၈ စီးနဲ့ လာတယ်၊ ဘယ်လိုမှပြေးလို့လည်း မရဘူး၊ပိုင်တံခွန်ကလည်းတအားကြီးကို နေမကောင်းဖြ နေတာ ထလို့ကို မရတာ၊အခုသူတို့တွဲပြီး ခေါ်သွားတယ်၊ Speak out များများလေး လုပ်ပေးပါနော်၊ လူသိများမှ အဆင်ပြေမှာ မို့လို့၊ သူ့ကို ဘာမှ မလုပ်အောင်လို့ လေ၊ သူ့ကို တစ်ခုခု လုပ်မှာ ကြောက်လို့ပါ။

ကူညီပါအုံး။မနက် ၄ နာရီခွဲ အိမ်နေတဲ့ အချိန်ကြီးလေ၊ ဘယ်ပြေးရမှန်းလည်း ပိုင်တံခွန် က အရမ်းအားနည်းနေတာ မတ်တပ်ကို မရပ်နိုင်ဘူး၊ ဖြစ်နိုင်ရင် အိမ်ကို ဝိုင်းလာကြပြီး အမေ့ကို အားပေးကြပါအုံး။ အမေ အရမ်းငိုပြီး သတိ လစ်သလို ဖြစ်ဖြစ်နေလို့၊ တစ်အိမ်လုံးတော့ ဒီနေ့ ငါတို့အတွက် အဆင်မပြေဘူး။

သူနဲ့ သိနဲ့ အနုပညာရှင်တွေလည်း များများဖြန့်ပေးကြပါ။ speak out များများလုပ်မှ သူ့ကို ကိုယ်ထိလက်ရောက် ဘာမှ မလုပ်နိုင်မှာ၊ လုပ် လိုက်မှာစိုးလို့လေ။” ဆိုပြီး မျက်ရည်တွေ နဲ့ ဖြေကြားထားပါတယ်။ ပိုင်တံခွန်ရဲ့ ပရိတ်သတ်တွေ လည်း အရမ်းကို စိတ်မကောင်း ဖြစ်နေကြ ပြီး ပိုင်တံခွန်အတွက် စိတ်ပူနေကြပါတယ်။ ဝိုင်းပြီး ဆုတောင်းပေးနေကြတာလည်း ဖြစ်ပါတယ်။

Zawgyi

ပိုင္တံခြန္အဖမ္းခံရတဲ့ အေၾကာင္းကို မ်က္ရည္ေတြနဲ႔ ေျပာ ျပလာတဲ့ ပိုင္တံခြန္ရဲ႕ အစ္မ ( အသံဖိုင္)

ဆႏၵျပတဲ့ အႏုပညာရွင္ေတြထဲမွာ တက္တက္ႂကြႂကြနဲ႔ ေရွ႕ဆုံးကေန ပါဝင္ခဲ့တဲ့ သ႐ုပ္ေဆာင္ ပိုင္တံခြန္ဟာ ဒီကေန႔ ၈ ရက္ေန႔ မနက္ပိုင္း မွာ ဖမ္းဆီးခံလိုက္ရတယ္လို႔ စိတ္မေကာင္းစြာ သိရပါတယ္။

ေမာ္ဒယ္သ႐ုပ္ေဆာင္ ပိုင္တံခြန္ဟာ စစ္တပ္က ထုတ္ျပန္ထားတဲ့ ဆႏၵျပသူ အႏုပညာရွင္ စာရင္းထဲမွာ ပါဝင္ေနတာ ျဖစ္ၿပီး ဒီမနက္ ၄ နာရီ မွာ ေျမာက္ဒဂုံ မွာ ရွိတဲ့ အမျဖစ္သူရဲ႕ ေနအိမ္မွာ စစ္ကား ၈ စီးျဖင့္ ေခၚေဆာင္သြားပါတယ္။

” မနက္ ၄ နာရီေလာက္ စစ္ကား ၈ စီးနဲ႔ လာတယ္၊ ဘယ္လိုမွေျပးလို႔လည္း မရဘူး၊ပိုင္တံခြန္ကလည္းတအားႀကီးကို ေနမေကာင္းျဖ ေနတာ ထလို႔ကို မရတာ၊အခုသူတို႔တြဲၿပီး ေခၚသြားတယ္၊ Speak out မ်ားမ်ားေလး လုပ္ေပးပါေနာ္၊ လူသိမ်ားမွ အဆင္ေျပမွာ မို႔လို႔၊ သူ႔ကို ဘာမွ မလုပ္ေအာင္လို႔ ေလ၊ သူ႔ကို ​တစ္ခုခု လုပ္မွာ ေၾကာက္လို႔ပါ။

ကူညီပါအုံး။မနက္ ၄ နာရီခြဲ အိမ္ေနတဲ့ အခ်ိန္ႀကီးေလ၊ ဘယ္ေျပးရမွန္းလည္း ပိုင္တံခြန္ က အရမ္းအားနည္းေနတာ မတ္တပ္ကို မရပ္ႏိုင္ဘူး၊ ျဖစ္ႏိုင္ရင္ အိမ္ကို ဝိုင္းလာၾကၿပီး အေမ့ကို အားေပးၾကပါအုံး။ အေမ အရမ္းငိုၿပီး သတိ လစ္သလို ျဖစ္ျဖစ္ေနလို႔၊ တစ္အိမ္လုံးေတာ့ ဒီေန႔ ငါတို႔အတြက္ အဆင္မေျပဘူး။

သူနဲ႔ သိနဲ႔ အႏုပညာရွင္ေတြလည္း မ်ားမ်ားျဖန႔္ေပးၾကပါ။ speak out မ်ားမ်ားလုပ္မွ သူ႔ကို ကိုယ္ထိလက္ေရာက္ ဘာမွ မလုပ္ႏိုင္မွာ၊ လုပ္ လိုက္မွာစိုးလို႔ေလ။” ဆိုၿပီး မ်က္ရည္ေတြ နဲ႔ ေျဖၾကားထားပါတယ္။ ပိုင္တံခြန္ရဲ႕ ပရိတ္သတ္ေတြ လည္း အရမ္းကို စိတ္မေကာင္း ျဖစ္ေနၾက ၿပီး ပိုင္တံခြန္အတြက္ စိတ္ပူေနၾကပါတယ္။ ဝိုင္းၿပီး ဆုေတာင္းေပးေနၾကတာလည္း ျဖစ္ပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *