ဖေဖော်ဝါရီလတစ်လလုံး တော်လှန်ရေးလုပ်ခဲ့ပြီး အခုချိန်မှာတော့ တိတ်ဆိတ်ငြိမ်သက်နေတာကြောင့် ဝေဖန်ခံနေရတဲ့ စမိုင်းလ်
ပရိသတ်ကြီးရေ သရုပ်ဆောင် စမိုင်းလ်ကိုတော့ အားလုံးလည်း သိကြမယ် ထင်ပါတယ်နော်။ သူမကိုတော့ အလှူအတန်းတွေ အရမ်းလုပ်ပြီး ခင်ပွန်းကလည်း အသည်းတုန်မတတ် ချစ်တာကြောင့် မိန်းကလေးအများစုက အားကျနေကြတာပါနော်။ သူတို့ရဲ့ ကြွယ်ဝချမ်းသာမှုတွေကိုကြည့်ပြီး အံ့ဩနေကြသူတွေလည်း ရှိပါတယ်နော်။
ဘယ်လို စီးပွားရေးလုပ်ငန်းတွေကြောင့် အခုလို ချမ်းသာလာတာလည်းလို့ အများစုက မေးခွန်းထုတ်နေကြပါတယ်။ စမိုင်းလ်ကတော့ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က လင်မယားနှစ်ယောက်လုံး ပြည်ပနိုင်ငံတွင် အခြေချနေထိုင်ကာ နှစ်ယောက်အတူ အလုပ်လုပ်ကိုင်ခဲ့တာကြောင့် အခုလိုချမ်းသာလာတာလို့ သူမရဲ့ အကောင့်မှာ ရေးသားထားဖူးပါတယ်။ ဇနီးမောင်နှံနှစ်ယောက်လုံးက အမေစုကို ချစ်ခင်ကြပြီး ICJ အထိတောင် သွားရောက် ဝန်းရံခဲ့ကြတာပါ။
အခုလက်ရှိ ဖြစ်နေတဲ့ တော်လှန်ရေးလှုပ်ရှားမှုတွေမှာလည်း အစပိုင်းတွင် တက်တက်ကြွကြွပါဝင်ခဲ့ပြီး မတ်လပိုင်းမှာတော့ ဘာလှုပ်ရှားမှုများမှ မတွေ့ရတော့ပါ။ သူမကိုတော့ အခွန်တိမ်းရှောင်ခြင်း၊ မူးယစ်ဆေးဝါးဖြန့်ဖြူးခြင်း၊လက်နက်မောင်ခိုပြုလုပ်ခြင်း၊ OIC မှ …. ဒေါ်လာ ၅ သန်းအားစမိုင်းလ်းရဲ့ခင်ပွန်း ပြည့်မောင် မှ LA တွင် ရယူထားခြင်းတွေ့ရှိကြောင်း လိုင်းပေါ်တွင် ပြန့်နေပေမယ့်လည်း ဒီအကြောင်းနဲ့ ပတ်သက်ပြီး စမိုင်းလ်ဘက်မှ ဘာတုံ့ပြန်မှုမှတော့ မရှိသေးပါဘူး။
Zawgyi