ဆေးရုံတင်ပြီး ဆေးတွေတောက်လျှောက်သွင်းနေရချိန်မှာတောင် အားတင်းပြီး သီချင်းဆိုနေတဲ့ Liam လေးရဲ့ဗီဒီယိုဖိုင်

Liamလေးဆိုတာနဲ့ပရိသတ်တွေချစ်ရတဲ့ကလေးလေးတစ်ယောက်ပါ။ ယွန်းဝဒီလွင်မိုးရဲ့သားလေးဖြစ်ပြီးဖိုးဖိုးဖွားဖွားတွေနဲ့တူတူနေထိုင်နေတာပါ။ သားလေးငယ်စဥ်ကတည်းကနေခုချိန်ထိပရိသတ်တွေကချစ်နေရတာပါ။

အမြဲဆော့ကစားရင်းပျော်ရွှင်အောင်နေတက်တဲ့သား​လေးလည်းဖြစ်ပါတယ်။ သားလေးဟာခုတလောမှာ ကျန်းမာရေးကြောင့်ပရိသတ်တွေစိတ်မကောင်းဖြစ်နေရတာပါ။ နေမကောင်းတွေဖြစ်ပေမယ့်လည်းသားလေးရဲ့မာကျောတဲ့စိတ်တွေနဲ့အမြန်နေကောင်းရင်းဆော့ကစားနေတာပါ။

အခုမှာလည်း နေမကောင်းလို့ဆေးထိုးနေရတာပါ။ အကြောထဲဆေးထိုးပိုက်နဲ့ဆေးထိုးပေမယ့်လည်း သားလေးဟာမျက်ရည်မကျပဲဖိုးဖိုးရဲ့ဘေးမှာ တည်တည်ငြိမ်ငြိမ်နဲ့ရှိနေတာပါ။ ပရိသတ်တွေလည်းသားလေးနေအမြန်ကောင်းဖို့ဆုတောင်းပေးရင်း သားလေးရဲ့သတ္တိတွေအတွက်ချီးကျူးပေးကြပါဦးနော်။

Leave a Reply

Your email address will not be published.