ယောသူတို့ရွာဆိုတဲ့ သီချင်းလေးကို သူ့ရဲ့မပီကလာအသံလေးနဲ့ သီဆိုဖျော်ဖြေနေတဲ့ Liam လေးရဲ့ချစ်စဖွယ် ဗီဒီယိုဖိုင်

Liam လေးဆိုတာနဲ့ပရိသတ်တွေချစ်နေရတဲ့ကလေးလေးတစ်ယောက်ဖြစ်ပါတယ်။ သူကတော့ယွန်းဝတီလွင်မိုးရဲ့သားဦးလေးဖြစ်ပါတယ်။ ဒါကြောင့်လည်းဖေဖေမေမေတင်မကဖိုးဖိုးဖွားဖွားတွေရဲ့အသည်းကျော်လည်းဖြစ်ပါတယ်။

ဖေဖေမေမေတို့နိုင်ငံခြားကျောင်းတက်နေချိန်လေးမှာသားလေးကိုဖိုးဖိုးဖွားဖွားတို့နဲ့ထားခဲ့တာပါ။ သားလေးရဲ့video လေးတွေကိုလည်းလူမှုကွန်ရက်မှာတင်ပေးလေ့ရှိတာပါ။ သားလေးဟာဟိုးတလောကနေမကောင်းလို့ပရိသတ်တွေစိတ်ပူခဲ့ရသေးတာပါ။

အခုမှာတော့သားလေးဟာနေပြန်ကောင်းပြီးသီချင်းတွေလည်းဆိုနေပြီဖြစ်ပါတယ်။ သီချင်းကြီးတွေဆိုတက်တဲ့သားလေးဟာခုမှာလည်းသီချင်းကြီးတွေဆိုနေတာပါ။ ယောသူတို့ရွာသီချင်းလေးကိုဆိုနေတဲ့သားလေးရဲ့video လေးကိုလည်းပရိသတ်တွေအတွက်တင်ဆက်ပေးလိုက်ရပါတယ်။

Leave a Reply

Your email address will not be published.