သမီးလေးတွေနဲ့ ပတ်သက်ပြီး မယောင်ရာဆီလူး စိတ်ပူနေကြသူတွေတစ်ချို့ကို စကားတစ်ခွန်း ခပ်ပြတ်ပြတ်ပြောချလိုက်တဲ့ ဟန်ထူးလွင်

ဟန်ထူးလွင်ဆိုတာနဲ့ပရိသတ်အားပေးမှုအရဆုံးအဆိုတော်တစ်ယောက်ပါ။ လူငယ်ပရိသတ်တွေအားပေးမှုကိုတစ်ခဲနက်ရရှိထားတဲ့နိုင်ငံကျော်တစ်ယောက်ပါ။ သူကတော့ခုမှာ ထွက်ပြေးပုန်းရှောင်နေရင်းထိုင်းနယ်စပ်တစ်နေရာမှာနေနေတာပါ။

ဆွိဝတ်ရည်သောင်းနဲ့လည်းချစ်သူတွေဖြစ်ကြပြီးသူတို့ပုံရိပ်လေးတွေလည်းမကြာခင်ကတက်လာခဲ့သေးတာပါ။ ဒါကြောင့်လည်းပရိသတ်တွေအံ့သြခဲ့ကြတာပါ။ ဝေဖန်မှုတွေလည်းဆက်လည်ကြုံတွေ့ရပြီး သူကတော့ခုလိုရှင်းပြခဲ့တာပါ။

ကျနော့် ကလေးတွေကို သနားပါတယ်ပြောပြော နေကြတာ ဘာကိုသနားနေတာလဲမသိ။ ကျတော်ကတော့ သမီးနှစ်ယောက် ဒီလောက်အပူပင် ကင်းပြီးပျော်နေတာ တခါမှ မမြင်ဖူးဘူး။နှစ်ယောက်လုံး ကျနော်နဲ့နေနေတယ်။ သူတို့မှာ toxic environment မရှိတော့ဘူး။တစ်ချိန်လုံး ပြသနာကြီးမိုးပြီး မနေရတော့ဘူး။ ကျနော့် girlfriend ဆိုလည်း သူတို့ကိုချစ်လွန်းလို့မှ ဆော့ကြပြီဆို လုံးထွေးနေရော။ အဲ့တာကိုမှ အဖေအရင်းထက် ပိုသိ ပိုပူနေကြရင်တော့ ခင်ဗျားတို့ ကိစ္စပါ။ ကိုယ့်အနီးအနားက မီးအတွက် အရင်ပူကြပါ။ ကျနော်တို့ အဆင်ပြေပါတယ်ဆိုပြီးပြောခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published.