စစ်လွန်းဝတီထက်ဆိုတာနဲ့ပရိသတ်တွေချစ်ရတဲ့သမီးလေးတစ်ယောက်ဖြစ်ပါတယ်။ ထက်ထက်မိုးဦးရဲ့သမီးလေးလည်းဖြစ်ပါတယ်။ မိသားစုအခြေနေတွေကြောင့်မိစုံဖစုံမနေရပေမယ့် သမီးလေးကတော့အဖေဖြစ်သူနဲ့နေထိုင်နေတာပါ။
ဖခင်ဖြစ်သူကလည်းသမီးလေးကိုချစ်မဝဖြစ်နေတာပါ။ သမီးလေးဟာ ငယ်ရွယ်စဥ်ကတည်းက လိမ္မာရေးခြားရှိသူတစ်ယောက်ပါ။ ဘာသာတရားလည်းကိုင်ရှိုင်းတက်တဲ့သမီးလိမ္မာလေးလည်းဖြစ်ပါတယ်။
သမီးလေးရဲ့ပုံရိပ်လေးတွေကိုလည်းလူမှုကွန်ရက်ကနေတင်ပေးလေ့ရှိပါတယ်။ ခုမှာလည်းရေမွှေးနံ့မခံနိုင်တဲ့ ကလေးတွေအတွက်လည်းခုမှာသမီးလေးဖန်တီးထားတာကိုမိတ်ဆက်လိုက်တာပါ။ တချို့ရေမွှေး တော်တော်များများက ခလေးငယ်လေးတွေအတွက် ရှူမိတဲ့အခါအဆိပ်အတောက်ဖြစ်မူးဝေစေတတ်တယ် တဲ့ အဲ့ဒါကြောင့် ခလေးလေးတွေ ရှူမိရင်လည်း အန္တရာယ်မဖြစ်တဲ့အပြင် ခလေးလေးတွေပါ သုံးလို့ရတဲ့ ရေမွှေးကို သမီး ထုတ်လုပ်ဖို့စဉ်းစားမိတယ် ပါပါးနဲ့တိုင်ပင်ပြီး အမြန်ဆုံးမိတ်ဆက်ပေးပါမယ်နော် ဒါလေးက သမီးစိတ်ကူးပိစိလေးပါဆိုပြီးပြောပြခဲ့တာပါ။