ဘဝတစ်ပါးသို့ ကူးပြောင်းသွားတာ တစ်နှစ်ပြည့်ပြီဖြစ်တဲ့ ခင်ပွန်းအတွက် အမှတ်တရဖြစ်စေမယ့် အရာတစ်ခု ပြုလုပ်ပေးခဲ့တဲ့ ရွှေရည်သိန်းတန်

ရွှေရည်သိန်းတန်ဆိုတာနဲ့ပရိသတ်တွေချစ်ရတဲ့နိုင်ငံကျော်တစ်ယောက်ပါ။ သူမကတော့ခုထိပရိသတ်တွေလေးစားရတဲ့ တွံတေးသိန်းတန်ရဲ့သမီးလည်းဖြစ်ပါတယ်။ အဖေဖြစ်သူရဲ့အနုပညာအမွေတွေကိုလေ့လာကာအောင်မြင်နေတာပါ။

ဒါကြောင့်လည်းပရိသတ်တွေကချစ်နေရတာပါ။ သူကတော့မြန်မာသံစဥ်လေးတွေမှာပိုင်နိုင်စွာဆိုနိုင်သူတစ်ယောက်ပါ။ ဒါကြောင့် မြန်မာသံစဥ်လေးတွေကနေပရိသတ်တွေလက်ခံအားပေးခဲ့ကြတာပါ။လူမှုကွန်ရက်ကနေလည်းပုံရိပ်လေးတွေကိုတင်ပေးလေ့ရှိနေတာပါ။

အခုမှာလည်းမနှစ်က ကိုဗစ်ရောဂါကြောင့်ကွယ်လွန်သွားတဲ့ခင်ပွန်းဖြစ်သူအတွက်အလှုအတန်းလေးတွေလုပ်ပေးခဲ့တာပါ။ ဘယ်သူ့မှမပျော်တဲ့အချိန်…စိတ်ဆင်းရဲစရာတွေဖွဲ့နွဲ့ပြီးထပ်မရေးချင်တော့ဘူး….ဘဝသစ်ကိုကျောဖြောင့်ဖြောင့်ထွက်သွားတာ ၁နှစ်ပြည့်ခဲ့ပြီဘုရားဒကာကြီးရေ..သံသရာမှာဆုံတွေ့ရသူတွေကြားထဲမှာမှ..၁၀နှစ်တာရဲဖော်ရဲဖက်တွေအဖြစ်ဖြတ်သန်းခဲ့ချိန်ကျွန်မကိုမျက်ရည်တပေါက်မကျစေပဲစောင့်ရှောက်ခဲ့သူမို့..ကျေးဇူးရှင်တယောက်အဖြစ်အမြဲမမေ့မလျှော့ကုသိုလ်တွေပြုရင်းအမျှအတန်းတွေပေးဝေရင်း..ကျွန်မကိုယ်တိုင်လည်းနောင်တ နှင့်ပူလောင်ခြင်းကင်းစွာအမြဲ

ကန်တော့နေမှာပါ..ရွှေဘုန်းပွင်ဘုရားကြီးမှာဘုရားဒကာကြီးကိုယ်စားခင်ပွန်းကြီး၁၀ပါးပွဲလှူရင်း..ပင်ပန်းကြီးစွာရုန်းကန်နေရသောသူများကိုတနေ့စာထမင်း.ဟင်း.ဆန်နှင့်ငွေများလှူဒါန်းပြီး..ကံမြင့်ကျောင်းမှာသံဃာကုန်သင်္ကန်းနှင့်ဆွမ်းကပ်လှူခဲ့ပါတယ်သံသရာခရီးဆက်ရတဲ့ဘဝတိုင်းမှာဒီလိုအဖြစ်ဆိုးမျိုးတွေကင်းဝေးလို့

ဘုန်းကြီးတိုင်းအသက်ရှည်ပါစေအသက်ရှည်တိုင်းအနာမဲ့လို့အေးချမ်းပါစေ..သာသနာကိုအမြဲအထောက်အပံ့ပြု နိုင်ပါစေ..နိဗ္ဗာန်ခရီးကိုဘဝတိုတိုနှင့်ရောက်ရှိနိုင်ပါစေ..ဘုရားဒကာကြီးရေ..အကြောင်းမထူးနိုင်တော့ပဲ..နောက်ဆံငင်စေမယ့်စာသားတွေနှင့်အပူစာတွေခနခနမရေးတော့ပေမယ့်..ကျွန်မဘဝတလျှောက်မှာမမေ့အပ်သောကျေးဇူးရှင်တယောက် အဖြစ်ကျေးဇူးတင်စွာအမြံရှင်သန်နေမှာပါပြုသမျှကုသိုလ် အမျှ.အမျှ.အမျှ ပါဘုရားဒကာကြီးရေဆိုပြီးလှုဒါန်းမှုတွေပြုလုပ်ခဲ့တာပါ။

Leave a Reply

Your email address will not be published.