ဒူးနာ လက်တွေ့ပျောက်ခဲ့တဲ့ ကိုယ်တွေ့ ဆေးနည်း

ဒူးနာ လက်တွေ့ပျောက်ခဲ့တဲ့ ကိုယ်တွေ့ ဆေးနည်း

ပြောပြမယ် နော် လက်တွေ့သက်သာခဲ့တာမို့ ဒူးနာနေတ ဲ့မိတ်ဆွေတွေလုပ်ကြည့်စေချင်ပါတယ် ကျမညာဖက်ဒူးကတစ်စစ်စစ်နဲ့ကိုက်ကိုက်ပြီးနာနေတာ တော်တော်ကြာပေါ့ နာလာရင်အော်နေရတယ်။ဆေးမျိုးစုံလိမ်းကြည့်တာ ပူပြီးနံတယ် …ခဏသက်သာတယ်ပြန်ဖြစ်ရော …ဒါနဲ့ ခြေဖနောင့်နာတုန်းကလုပ်ဖူးတဲ့ ဆေးနည်းအတိုင်း လုပ်ကြည့်မယ်ဆိုပြီး ပြန်လုပ်ကြည့်တာ ခုတော့ပျောက်သွားလို့ ရန်ကုန်မှာချော်လဲလို့ရတဲ့ ဒဏ်ရာနာနေတာကြောင့်ခုပြန်လုပ်ထားပါတယ်။ခြေသလုံးပုံပါနေလို့ကန်တော့ပါရှင်….ရှားစောင်းလက်ပတ် လက်တစ်ဝါးစာကို ဆူးတွေ လှီးထုတ်ပြီးအပြားလိုက်နှစ်ခြမ်းခြမ်းလိုက်ပါ ….ပြီးရင်မီးနွေးနွေးလေးကင်ပါ အပူခံနိုင်သလောက်ကင်ပြီးရင် ဒူးခေါင်းပေါ်မှာဖြေးဖြေးခြင်းတင်ပါ။

ပြီးရင်ရှားစောင်းလက်ပတ်ပြုတ်ကျမှာစိုးလို့ပုံပါအတိုင်း ကြွပ်ကြွပ်အိပ် ကိုအနေတော်ညှပ်ပြီ အပြင်မှာပြန်ကပ်ထားပါ ….ပြီးရင် ကြွပ်ကြွပ်ကြိုးနဲ့မလျှော့မတင်းစီးပြီးထားပါ သွားစရာမရှိရင်တော့ နေလည်လဲလုပ်ထားလို့ရပါတယ် …..ညအိပ်ရာဝင်လုပ်ထားရင် ပိုကောင်းတယ် တစ်ညလုံးစည်းပြီးအိပ်လိုက် မ နက်ကျတော့ပြန်ဖြေ နောက်ရက်ညအိပ်ရာဝင်တစ်ခါထပ်လုပ် အနာပေါ်မူတည်ပြီးပျောက်ပါမယ် …..ကျမတော့ ၃ ရက်ဆက်လုပ်တာနဲ့ခုပျောက်သွားပြီ။

ခုတော့ချော်လဲထားတဲ့ ဘယ်ဖက်ဒူးကဒဏ်ကိုပြန်လုပ်ထားတာပါ ….ခြေဖနောင့်နာရင်လဲ ဒီအတိုင်းပဲလုပ် ခုထိပြန်မနာတော့ပါဘူး….. ဒူးနာတဲ့သူတွေကို ကိုယ်ခြင်းစာလို့တင်ပေးလိုက်တာပါ ….လုပ်ကြည့်ကြပါနော်…..ဒူးနာခြင်းမှကင်ဝေးကြပါစေ…..။

လှိုင်း(တောင်ကြီး )၂ရက် ၃လ ၂၀၂၀ နှစ်

Zawgyi






Leave a Reply

Your email address will not be published. Required fields are marked *