ချစ်ခင်ပွန်းရဲ့ အသက်ကို ကယ်ဖို့ အောက်ဆီဂျင်အိုးလိုက်ရှာရင်း အလိမ်ခံခဲ့ရပုံတွေကို ဝမ်းနည်းစွာဖြင့် ဖွင့်ဟလာတဲ့ နန်းမြတ်ဖြိုးသင်း

နန်းမြတ်ဖြိုးသင်းဆိုတာနဲ့ချစ်စရာကောင်းတဲ့သားလေးတစ်ယောက်သမီးလေးတစ်ယောက်ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ ကလေးတွေအတွက်ဘဝကိုရုန်းကန်ကာရှေ့ဆက်နေသူတစ်ယောက်ပါ။ သူမဟာခင်ပွန်းဖြစ်သူကွယ်လွန်သွားပေမယ့်လည်းစိတ်ကိုအားတင်းကာရှေ့ဆက်နေတာပါ။

ကလေးတွေရဲ့video လေးတွေပုံရိပ်လေးတွေကိုလည်းလူမှုကွန်ရက်မှာတင်ပေးလေ့ရှိနေတာပါ။ ပရိသတ်တွေကလည်းသူတို့သားမိလေးကိုချစ်နေရတာပါ။ အခုမှာတော့ပြီးခဲ့တဲ့နှစ်က သူမဘဝရဲ့အဆိုးဆုံးရက်တွေထဲကအကြောင်းကိုပြောပြထားတာပါ။

ခင်ပွန်းဖြစ်သူအောက်စီဂျင်လိုနေတဲ့အချိန်အသည်းအသန်ရှာနေခဲ့တာပါ။ အဲ့လိုအချိန်မှာဘယ်လောက်ထိအခက်ခဲတွေကြုံရလဲခုလိုပြောခဲ့တာပါ။ မနှစ်ကအောက်စီဂျင်အိုးရှာရတာ စိတ်တွေပင်ပန်းလိုက်တာOnline ကနေရှာတော့ညနေရမယ်ဆိုလို့ငွေလွှဲလိုက်တာ တခါတည်းလိမ်သွားတာပါပဲနောက်တော့အမဆီကနေအိုးကရလိုက်ပါတယ်

ဒါပေမယ့်လဲစိတ်ပူလို့နောက်နေ့မှာဆေးရုံတင်လိုက်တာပဲအဲ့တည်းကfbမသုံးဖြစ်တော့ပဲဆေးရုံမှာသူနဲ့ကိုယ်နှစ်ယောက်တည်းကြိုးစားပြုစုခဲ့လိုက်တာဆုံးတဲ့အထိပဲပေါ့လေအဲ့အချိန်တွေကိုတွေးတာနဲ့တင်အသက်ရှူကြပ်တယ်အခုတော့တနှစ်ပြည့်ခဲ့ပီပေါ့ ဆိုပြီးပြောပြခဲ့တာပါ။

Leave a Reply

Your email address will not be published.