တစ်ရက်ထဲမှာပဲ မိဘမဲ့ ကလေးငယ်လေး (၃) ယောက် ကို မွေးစားစောင့်ရှောက်ပေးခဲ့တဲ့ ခိုင်နှင်းဝေ

တစ်ရက်ထဲမှာပဲ မိဘမဲ့ ကလေးငယ်လေး (၃) ယောက် ကို မွေးစားစောင့်ရှောက်ပေးခဲ့တဲ့ ခိုင်နှင်းဝေ

ဖြူစင်တဲ့ပရဟိတနှလုံးသာလေးကို ပိုင်ဆိုင်ထားပြီးတော့ ပရိသတ်တွေအားလုံး လေးစားချစ်ခင်နေရတဲ့ ခိုင်နှင်းဝေဆိုတာ ဒိတ်ဒိတ်ကြဲ မင်း သမီးလေးတစ်လက်ပါပဲနော်။ အခုအချိန်မှာဆိုရင်သူမဟာ လူမှုကူညီရေးပရဟိတလေးတွေတင်သာမက မိဘမဲ့ ကလေးလေး တွေအ တွက် လည်း မိခင်အရင်းသဖွယ် ချစ်ခြင်းမေတ္တာတွေနဲ့ စွမ်းသလောက်စောင့်ရှောက်မှုတွေပေးနေခဲ့ပါတယ်။

ခိုင်နှင်းဝေရင်သွေးလေးများဂေဟာ ဆိုပြီး ဂေဟာလေးတစ်ခုကိုတည်ထောင်ထားကာ အကူအညီလိုအပ်နေတဲ့ကလေးလေးတွေကို မေတ္တာနဲ့ ဖေးမပြီး နွေးထွေးတဲ့ရင်ခွင်တစ်စုံကိုပေးကာ စောင့်ရှောက်ပေးနေတာပါ ။ကလေးလေးတွေရဲ့ ပညာရေး ကျန်းမာရေး စတဲ့ ကိစ္စအ၀၀မှန်သ မျှ ကို ခိုင်နှင်းဝေက တာဝန်ယူပြီး ပြုစုပျိုးထောင်ပေးနေတာပဲဖြစ်ပါတယ်။

အကြောင်းအမျိုးမျိုးကြောင့်စွန့်ပစ်ခံရတဲ့ ကလေးလေးတွေကို ကြင်နာတဲ့နှလုံးသားအပြည့်နဲ့ မွေးစားကယ်ဆယ်ခဲ့တာဖြစ်ပြီးအခုလည်း တစ်ရက်ထဲမှာပဲ ကလေးငယ်လေး (၃) ယောက်ကို မွေးစားစောင့်ရှောက်ဖြစ်ခဲ့ကြောင်းခုလိုပုံလေးတွေနဲ့တကွဖော်ပြထားတာဖြစ်ပါတယ်။” ဒီနေ့ တရက်ထဲ သားသမီး (၃) ယောက် မွေးစားဖြစ်ပါတယ်ရှင်…..သားလေး (၂) ယောက် နဲ့ သမီးလေး (၁) ယောက်ပါ…

လူမျိုးမရွေး၊ ဘာ သာမရွေး ဆိုးသည် ကောင်းသည် မရွေးပဲ လူ့အသက် တချောင်းကို တန်ဘိုးထား၍ ကယ်တင်ခြင်းမှာ ကျမ ခံယူချက် ဖြစ်ပါတယ်. .ကလေး တွေ အနာဂတ် အတွက် ပြုစုပျိုးထောင်ဘို့ အားမွေးရင်း ဒီနေ့တော့ ကျမ ကလေး (၃) ယောက်တောင် မွေးစားပစ် လိုက်ပါပြီ ရှင်..”ဆိုတဲ့စာ လေးကိုရေးသားဝေမျှခဲ့ရာ လေးစားမိလွန်းတာကြောင့် ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Zawgyi

တစ္ရက္ထဲမွာပဲ မိဘမဲ့ ကေလးငယ္ေလး (၃) ေယာက္ ကို ေမြးစားေစာင့္ေရွာက္ေပးခဲ့တဲ့ ခိုင္ႏွင္းေဝ

ျဖဴစင္တဲ့ပရဟိတႏွလုံးသာေလးကို ပိုင္ဆိုင္ထားၿပီးေတာ့ ပရိသတ္ေတြအားလုံး ေလးစားခ်စ္ခင္ေနရတဲ့ ခိုင္ႏွင္းေဝဆိုတာ ဒိတ္ဒိတ္ႀကဲ မင္း သမီးေလးတစ္လက္ပါပဲေနာ္။ အခုအခ်ိန္မွာဆိုရင္သူမဟာ လူမႈကူညီေရးပရဟိတေလးေတြတင္သာမက မိဘမဲ့ ကေလးေလး ေတြအ တြက္ လည္း မိခင္အရင္းသဖြယ္ ခ်စ္ျခင္းေမတၱာေတြနဲ႔ စြမ္းသေလာက္ေစာင့္ေရွာက္မႈေတြေပးေနခဲ့ပါတယ္။

ခိုင္ႏွင္းေဝရင္ေသြးေလးမ်ားေဂဟာ ဆိုၿပီး ေဂဟာေလးတစ္ခုကိုတည္ေထာင္ထားကာ အကူအညီလိုအပ္ေနတဲ့ကေလးေလးေတြကို ေမတၱာနဲ႔ ေဖးမၿပီး ေႏြးေထြးတဲ့ရင္ခြင္တစ္စုံကိုေပးကာ ေစာင့္ေရွာက္ေပးေနတာပါ ။ကေလးေလးေတြရဲ႕ ပညာေရး က်န္းမာေရး စတဲ့ ကိစၥအ၀၀မွန္သ မွ် ကို ခိုင္ႏွင္းေဝက တာဝန္ယူၿပီး ျပဳစုပ်ိဳးေထာင္ေပးေနတာပဲျဖစ္ပါတယ္။

အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္စြန႔္ပစ္ခံရတဲ့ ကေလးေလးေတြကို ၾကင္နာတဲ့ႏွလုံးသားအျပည့္နဲ႔ ေမြးစားကယ္ဆယ္ခဲ့တာျဖစ္ၿပီးအခုလည္း တစ္ရက္ထဲမွာပဲ ကေလးငယ္ေလး (၃) ေယာက္ကို ေမြးစားေစာင့္ေရွာက္ျဖစ္ခဲ့ေၾကာင္းခုလိုပုံေလးေတြနဲ႔တကြေဖာ္ျပထားတာျဖစ္ပါတယ္။” ဒီေန႔ တရက္ထဲ သားသမီး (၃) ေယာက္ ေမြးစားျဖစ္ပါတယ္ရွင္…..သားေလး (၂) ေယာက္ နဲ႔ သမီးေလး (၁) ေယာက္ပါ…

လူမ်ိဳးမေ႐ြး၊ ဘာ သာမေ႐ြး ဆိုးသည္ ေကာင္းသည္ မေ႐ြးပဲ လူ႔အသက္ တေခ်ာင္းကို တန္ဘိုးထား၍ ကယ္တင္ျခင္းမွာ က်မ ခံယူခ်က္ ျဖစ္ပါတယ္. .ကေလး ေတြ အနာဂတ္ အတြက္ ျပဳစုပ်ိဳးေထာင္ဘို႔ အားေမြးရင္း ဒီေန႔ေတာ့ က်မ ကေလး (၃) ေယာက္ေတာင္ ေမြးစားပစ္ လိုက္ပါၿပီ ရွင္..”ဆိုတဲ့စာ ေလးကိုေရးသားေဝမွ်ခဲ့ရာ ေလးစားမိလြန္းတာေၾကာင့္ ပရိသတ္ႀကီးအတြက္ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *