ရှောင်တိမ်း နေရသူတွေ နဲ့ ဖမ်းဆီးခံထားရသူတွေကို သနားသောအားဖြင့် သတင်းအမှားတွေ တင်ပြီးမခြောက်လှန့်ကြဖို့ တောင်းဆို လိုက်တဲ့ ပိုင်ဖြိုးသု
ပရိသတ်ကြီးရေ.. အောင်မြင်မှုတွေအခိုင်အမာရရှိထားတဲ့ သရုပ်ဆောင် အကယ်ဒမီမင်းသမီးချော ပိုင်ဖြိုးသု ကတော့ တော်လှန်ရေး တိုက်ပွဲကြီးမှာ ဖေဖော်ဝါရီ(၁)ရက်နေ့ကတည်းကပါဝင်ခဲ့ပြီး ပြည်သူတွေနဲ့အတူ ရပ်တည်နေခဲ့သူပဲ ဖြစ်ပါတယ်..။
ပိုင်ဖြိုးသုနဲ့ ခင်ပွန်းဖြစ်သူဒါရိုက်တာဏကြီး တို့ကတော့ လူထုလှုပ်ရှားမှုတွေကို ရဲရဲရင့်ရင့် နဲ့ ပြုလုပ်ခဲ့တာဖြစ်ပြီး ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူခြင်း ခံထားရတဲ့ အနုပညာရှင်များထဲမှာလည်း သူမတို့ဇနီးမောင်နှံနှစ်ယောက်လုံး ပါဝင်တာ တွေ့ရပါတယ်..။
ပိုင်ဖြိုးသုကတော့ လက်ရှိအခြေအနေတွေအရ ရှောင်တိမ်းနေရပေမယ့်လည်း ပြည်သူတွေ နဲ့ အနာဂတ်တွေအတွက် တတ်နိုင် သလောက် အားဖြည့်လုပ်ဆောင်နေပြီး သတင်းအမှားတွေတင်တာနဲ့ ပတ်သက်ပြီး ပြည်သူတွေကိုသတိပေးပြောပြလာပါတယ်..။
ရှောင်တိမ်းနေရသူတွေနဲ့ ဖမ်းဆီးခံထားရသူတွေကို သနားသော အားဖြင့် သတင်းအမှားတွေ တင်ပြီးမခြောက်လှန့်ကြ ဖို့ကို ပိုင်ဖြိုးသုက သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ တိုက်တွန်းတောင်းဆိုလိုက်တာပဲ ဖြစ်ပါတယ်..။
“ဆရာလုပ်တာမဟုတ်ပါဘူး…
ဉာဏ်မီသလောက် စဉ်းစားမိတာလေးပါ…
အခုချိန်မှာ တော်တော် များများ internet connection တွေမရကြတော့ပါဘူး…
ခါတိုင်းပုံမှန်postတင်နေကြတဲ့သူအားလုံးနီးပါးလည်း ၅၀၅ နဲ့ ဝရမ်းထုတ်ခံထားရတာနဲ့ ဝရမ်းမှာ ပါလာဖို့potentialများတာနဲ့မို့ ပြေးရင်းပုန်းရင်းinternetသုံးရတာမို့..အရင်လိုသတင်းတိုင်းကိုမတင်နိုင်ကြသလို စိတ်ဓါတ်တက်ကြွအောင် အားပေးတဲ့စာတွေရေးတင်ဖို့ကလည်းအဆင်မပြေကြတော့ပါဘူး…
အဲဒီလိုအချိန်မှာ အနူးညွတ်တောင်းပန် လိုတာက ငါ့အိမ်ကိုတော့ စစ်သားအင်အား ဘယ်နှစ်ယောက်နဲ့တောင်လာရှာတာ တစ်အိမ်လုံးကိုဘယ်လို ဖျက်ဆီးသွားတာ တစ်ရပ်ကွက်လုံး ကို နာမည်စာရင်းကြီးနဲ့ဘယ်လိုပိုက်စိပ်တိုက်ရှာတာဆိုတဲ့ သတင်းအမှားတွေတင်ပြီး ခြောက်လှန့်ခြင်းမပြုကြပါနဲ့….
အခုချိန်မှာ ၅၀၅နဲ့ဝရမ်းထုတ်ခံရတာ ရှာဖွေဖမ်းဆီးခံရတာတွေဟာ လူစိတ်ဝင်စားခြင်း ခံရဖို့အတွက်လက်မှတ်မဟုတ်ပါဘူး…
တကယ်ပုန်းနေပြေးနေရသူတွေ ကိုအားနာပါ….
တကယ်မတရားဖမ်းဆီးခံရသူတွေကို သနားပါ….
သတင်းအမှားတွေက သတင်းအမှန်တွေကိုဖုံးလွှမ်းသွားရင် လူတွေမှာအကြောက်တရားစိုးမိုးသွားရင် ဘယ်သူ့အတွက်မှအကျိုးမရှိပါဘူး….
နောက်တစ်ခုက ရည်ရွယ်ချက်ရှိရှိနဲ့ကို partyပေးပျော်မြူးနေကြတဲ့2019လောက်ကပုံအဟောင်းတွေကိုအခုလက်ရှိဖြစ်ပျက်နေသလို ဟန်ဆောင်တင်တာပါ…
အခုချိန်ဟာ followerများအောင်ကြိုးစားရမယ့်အချိန်မဟုတ်ပါ…မိမိbusinessအောင်မြင်ဖို့followerတွေများဖို့ အရေးတော်ပုံအောင်မှကြိုးစားကြရအောင်ပါ…
အရေးတော်ပုံအောင်ရမည်ဆရာလုပ်တာမဟုတ်ပါဘူး…
ဉာဏ်မီသလောက်စဉ်းစားမိတာလေးပါ…
အခုချိန်မှာ တော်တော်များများ internet connectionတွေမရကြတော့ပါဘူး…
ခါတိုင်းပုံမှန် postတင်နေကြတဲ့ သူအားလုံးနီးပါးလည်း ၅၀၅ နဲ့ဝ ရမ်းထုတ်ခံထားရတာ နဲ့ ဝရမ်းမှာပါလာဖို့ potential များတာနဲ့မို့ ပြေးရင်းပုန်းရင်း internet သုံးရတာမို့..အရင်လိုသတင်းတိုင်း ကိုမတင်နိုင်ကြသလို စိတ်ဓါတ်တက်ကြွအောင် အားပေးတဲ့စာတွေရေးတင်ဖို့ကလည်း အဆင်မပြေကြတော့ပါဘူး…
အဲဒီလိုအချိန်မှာ အနူးညွံ့တောင်းပန် လိုတာက ငါ့အိမ်ကိုတော့ စစ်သားအင်အား ဘယ်နှစ်ယောက်နဲ့တောင်လာရှာတာတစ်အိမ်လုံးကို ဘယ်လိုဖျက်ဆီးသွားတာ တစ်ရပ်ကွက်လုံးကို နာမည်စာရင်းကြီး နဲ့ ဘယ်လိုပိုက်စိပ်တိုက်ရှာတာဆိုတဲ့ သတင်းအမှားတွေတင်ပြီး ခြောက်လှန့်ခြင်း မပြုကြပါနဲ့….
အခုချိန်မှာ ၅၀၅ နဲ့ ဝရမ်းထုတ်ခံရတာ ရှာဖွေ ဖမ်းဆီးခံရတာတွေဟာ လူစိတ်ဝင်စားခြင်းခံ ရဖို့အတွက်လက်မှတ်မဟုတ်ပါဘူး…
တကယ်ပုန်းနေပြေးနေရသူတွေကိုအားနာပါ….
တကယ်မတရားဖမ်းဆီးခံရသူတွေကို သနားပါ….
သတင်းအမှားတွေက သတင်းအမှန်တွေကိုဖုံးလွှမ်းသွားရင် လူတွေမှာအကြောက်တရားစိုးမိုးသွားရင် ဘယ်သူ့အတွက်မှအကျိုးမရှိပါဘူး….
နောက်တစ်ခုက ရည်ရွယ်ချက်ရှိရှိနဲ့ကို partyပေးပျော်မြူးနေကြတဲ့2019လောက်ကပုံအဟောင်းတွေကိုအခုလက်ရှိ ဖြစ်ပျက်နေသလို ဟန်ဆောင်တင်တာပါ…
အခုချိန်ဟာ followerများအောင်ကြိုးစားရမယ့်အချိန်မဟုတ်ပါ…မိမိbusinessအောင်မြင်ဖို့followerတွေများဖို့ အရေးတော်ပုံအောင်မှ ကြိုးစားကြရအောင်ပါ…
အရေးတော်ပုံအောင်ရမည်.” ဆိုပြီး ပိုင်ဖြိုးသုက အသိပေးရေးသား ပြောပြထားတာ ဖြစ်ပါတယ်..။
Zawgyi
“ဆရာလုပ်တာမဟုတ်ပါဘူး…