ဒုတိယအသုတ်အနေနဲ့ မြောက်ဥက္ကလာက သူရဲကောင်းတွေအတွက် အလှူငွေတွေလှူဒါန်းလိုက်တဲ့ နန်းဆုရတီစိုး

ဒုတိယအသုတ်အနေနဲ့ မြောက်ဥက္ကလာက သူရဲကောင်းတွေအတွက် အလှူငွေတွေလှူဒါန်းလိုက်တဲ့ နန်းဆုရတီစိုး

ခုဆိုရင် ဆန္ဒဖော်ထုတ်ပွဲကြီးဟာ အင်အားကောင်းလာသလို အပစ်အခက်တွေကြားထဲမှာ လူငယ်တွေဟာ ရဲရဲဝင့်ဝင့် နောက်မဆုတ်ဘဲ ပြန်လည်ခုခံရင်း ဆန္ဒထုတ်ဖော်လျက်ရှိပါတယ်။ကြွေလွင့်သွားတဲ့ သူရဲကောင်းတွေကိုလည်း ပြည်သူလူထုအပါအဝင် အနုပညာရှင်များစွာကလည်း ကျန်ရစ်သူမိသားစုတွေထံကို ကိုယ်တိုင်သွားရောက်ကာ နှစ်သိမ့်ပေးနေကြသလို တတ်နိုင်သလောက်ကူညီမှုတွေပြုနေကြတာလည်းဖြစ်ပါတယ်။

အခုလည်း နန်းဆုတစ်ယောက်သူငယ်ချင်းတွေနဲ့အတူစုပေါင်းပြီး ဒုတိယအသုတ်အနေနဲ့ မြောက်ဥက္ကလာက အသက်ပေးသွားတဲ့ သူရဲကောင်းတွေအတွက် အလှူငွေများသွားရောက်ထပ်မံပေးခဲ့ကြောင်းခုလိုဖော်ပြထားတာဖြစ်ပါတယ်။” ဒီနေ့ ဒုတိယအသုတ်အနေနဲ့ နန်းဆုတို့သူငယ်ချင်းတွေ စုပေါင်းလှူဒါန်းတဲ့ အလှူငွေများကိုမြောက်ဥက္ကလာ မှာရှိတဲ့အသက်ပေးသွားခဲ့တဲ့ သူရဲကောင်းများ , ဒဏ်ရာရသူရဲကောင်းများရဲ့ အိမ်တွေအထိကိုယ်တိုင်ထပ်မံသွားရောက်လှူဒါန်းကူညီထောက်ပံ့ငွေပေးအပ်ခဲ့ပြီး အားပေးစကားပြောခဲ့ပါတယ် လို့ဆိုပါတယ်။

နောက်ထက်အနေနဲ့လည်း ” နန်းဆုကိုယ်တိုင်သွားလှူတာတွေ့လို့ဆိုပြီး အလှူပါဝင်ချင်လို့ပြီးချစ်ရတဲ့ အနုပညာမိသားစုထဲမှ အန်တီဆင့် “မေသန်းနု” က၃၀၀၀၀၀ ကျပ်, မောင်လေး မင်းသွေးခန့်က ၁၀၀၀၀၀ ကျပ် အတူပါဝင်လှူဒါန်းပါတယ် တခြားနေရာတွေသွားရင် အလှူပါဝင်မယ် အတူလိုက်မယ်ဆိုပြီး ဆက်သွယ်ထားတဲ့ အနုပညာမောင်နှမများလည်းရှိပါတယ် နန်းဆုနဲ့ သူငယ်ချင်းတွေနှင့်ပြည်တွင်းပြည်ပအလှူရှင်များရဲ့ နာရေးကူငွေအလှူငွေ ၁၀၅ သိန်းကို လိုအပ်သောနေရာများကို ခွဲဝေလှူဒါန်းခဲ့ရာ

ဒုတိယအကြိမ်ရှိပါပြီတခြားသူများကိုထပ်မံလှူဒါန်းသွားဖို့ရှိတာကြောင့် နန်းဆု သူငယ်ချင်း ထံမှတစ်ဆင့် ဆက်သွယ်လှူဒါန်းနိုင်ပါတယ် acc ကို comment မှာ ပေးပါ့မယ်ရှင့်ဒီကာလမှာ အားလုံးဟာ အပူအပင်ကိုယ်စီနဲ့ဖြစ်နေကြပေမယ့် သူတစ်ပါးရဲ့အပူအပင်များကို အနည်းငယ်ဖြစ်ဖြစ်လျှော့ပေးနိုင်သောသူဖြစ်ရပါလို၏”ဆိုတဲ့စာလေးနဲ့အတူ အလှူပုံလေးတွေကိုဝေမျှခဲ့ရာ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Zawgyi






Leave a Reply

Your email address will not be published. Required fields are marked *