ကိုယ်ပိုင် ချွေးနည်းစာလေးနဲ့ဝယ်ထားတဲ့ ကားလေးကိုရောင်းပြီး ပြည်သူတွေအတွက် အကုန်လှူပြစ်မယ့် စူးရှထက်…
မော်ဒယ်သရုပ်ဆောင်စူးရှထက်ကတော့ ပရိတ်သတ်တွေရဲ့ ချစ်ခ င်အားပေးမှုကို အခိုင်အမာရရှိထားတဲ့အပြင် လက်ရှိအခြေအနေမှာလည်း ပြည်သူလူထုနဲ့အတူရပ်တည်ပြီး လှုပ်ရှားမှုတွေမှာ ပါဝင်နေသူပဲ ဖြစ်ပါတယ်နော်..။
ပြည်သူအားလုံး စည်းလုံးစွာပြုလုပ်ကြတဲ့ တော်လှန်ရေးတိုက်ပွဲကြီးမှာ လမ်းပေါ်ထွက်လှုပ်ရှားမှုတွေအပြင်
အလှူအတန်းတွေလည်း ဆက်တိုက်ပြုလုပ်နေပြီး တတ်နိုင်တဲ့ဘက်ကနေ အဖက်ဖက်က အားဖြည့်ပါဝင်နေတာလည်း တွေ့ရပါတယ်..။
အလှူရှင်တွေနဲ့စုပေါင်းလှူဒါန်းမှုတွေအပြင် သူမရဲ့ချွေးနည်းစာ ငွေကြေးတွေနဲ့လည်း တစ်ဦးတည်းလှူဒါန်းမှုတွေပြုလုပ်နေတဲ့ စူးရှထက် ကတော့ အခုတစ်ခါမှာလည်း သူမရဲ့ကားကိုရောင်းပြီး ထပ်မံလှူသွားဦးမယ့်အကြောင်းတွေကို ပြောပြလာပါတယ်..။
နေ့မနားညမနားရှာဖွေစုဆောင်းပြီး ချွေးနည်းစာ ငွေကြေးတွေနဲ့ ဝယ်ထားတဲ့ ကားကိုပြန်ရောင်းကာ ရရှိတဲ့ငွေ အားလုံးကို လိုအပ်နေတဲ့ ပြည်သူတွေအတွက် ထပ်မံကူညီလှူဒါန်းသွားမှာဖြစ်ပါတယ်..။
“အလှူပုံတွေ မတင်တော့ပါဘူးစိတ်ပူပေးကြတဲ့သူတွေကိုလဲ ကျေးဇူးတင်ပါတယ်နေ့မနားညမနားဈေးရောင်း လို့ရတဲ့ပိုက်ဆံလေးနဲ့ကားဝယ်ခဲ့တယ် အဲ့ကားလေးရောင်းလို့ ရတဲ့ငွေကိုအကုန်လှူမယ် ကျွန်မကို ထမင်းကျွေးထားတဲ့ပြည်သူတွေကျွန်မတတ်နိုင်သလောက် ပြန်ကူညီပါ့မယ်
ကတိပေးပါတယ်..” ဆိုပြီး စူးရှထက်က သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ ရေးသားပြောပြထားတာပါ..။ရှိတာတွေရောင်းချပြီး ပြည်သူတွေအတွက် တစ်ဖက်တစ်လမ်းကနေ အတတ်နိုင်ဆုံးကြိုးစားလှူဒါန်းနေတဲ့
စူးရှထက်ရဲ့ စိတ်သဘောထားတွေကိုလည်း အားလုံးကချီးကျူးကာ အားပေးစကားတွေလည်းပြောထားကြတာ ဖြစ်ပါတယ်..။ဖတ်ရှုပေးတဲ့ပရိတ်သတ်ကြီါ်ကို အထူးပဲကျေးဇူးတင်ရှိပါတယ်နော်..။
Zawgyi
ကိုယ္ပိုင္ ေခြၽးနည္းစာေလးနဲ႔ဝယ္ထားတဲ့ ကားေလးကိုေရာင္းၿပီး ျပည္သူေတြအတြက္ အကုန္လႉျပစ္မယ့္ စူးရွထက္…
ေမာ္ဒယ္သ႐ုပ္ေဆာင္စူးရွထက္ကေတာ့ ပရိတ္သတ္ေတြရဲ႕ ခ်စ္ခ င္အားေပးမႈကို အခိုင္အမာရရွိထားတဲ့အျပင္ လက္ရွိအေျခအေနမွာလည္း ျပည္သူလူထုနဲ႔အတူရပ္တည္ၿပီး လႈပ္ရွားမႈေတြမွာ ပါဝင္ေနသူပဲ ျဖစ္ပါတယ္ေနာ္..။
ျပည္သူအားလုံး စည္းလုံးစြာျပဳလုပ္ၾကတဲ့ ေတာ္လွန္ေရးတိုက္ပြဲႀကီးမွာ လမ္းေပၚထြက္လႈပ္ရွားမႈေတြအျပင္
အလႉအတန္းေတြလည္း ဆက္တိုက္ျပဳလုပ္ေနၿပီး တတ္ႏိုင္တဲ့ဘက္ကေန အဖက္ဖက္က အားျဖည့္ပါဝင္ေနတာလည္း ေတြ႕ရပါတယ္..။
အလႉရွင္ေတြနဲ႔စုေပါင္းလႉဒါန္းမႈေတြအျပင္ သူမရဲ႕ေခြၽးနည္းစာ ေငြေၾကးေတြနဲ႔လည္း တစ္ဦးတည္းလႉဒါန္းမႈေတြျပဳလုပ္ေနတဲ့ စူးရွထက္ ကေတာ့ အခုတစ္ခါမွာလည္း သူမရဲ႕ကားကိုေရာင္းၿပီး ထပ္မံလႉသြားဦးမယ့္အေၾကာင္းေတြကို ေျပာျပလာပါတယ္..။
ေန႔မနားညမနားရွာေဖြစုေဆာင္းၿပီး ေခြၽးနည္းစာ ေငြေၾကးေတြနဲ႔ ဝယ္ထားတဲ့ ကားကိုျပန္ေရာင္းကာ ရရွိတဲ့ေငြ အားလုံးကို လိုအပ္ေနတဲ့ ျပည္သူေတြအတြက္ ထပ္မံကူညီလႉဒါန္းသြားမွာျဖစ္ပါတယ္..။
“အလႉပုံေတြ မတင္ေတာ့ပါဘူးစိတ္ပူေပးၾကတဲ့သူေတြကိုလဲ ေက်းဇူးတင္ပါတယ္ေန႔မနားညမနားေဈးေရာင္း လို႔ရတဲ့ပိုက္ဆံေလးနဲ႔ကားဝယ္ခဲ့တယ္ အဲ့ကားေလးေရာင္းလို႔ ရတဲ့ေငြကိုအကုန္လႉမယ္ ကြၽန္မကို ထမင္းေကြၽးထားတဲ့ျပည္သူေတြကြၽန္မတတ္ႏိုင္သေလာက္ ျပန္ကူညီပါ့မယ္
ကတိေပးပါတယ္..” ဆိုၿပီး စူးရွထက္က သူမရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာကေန ေရးသားေျပာျပထားတာပါ..။ရွိတာေတြေရာင္းခ်ၿပီး ျပည္သူေတြအတြက္ တစ္ဖက္တစ္လမ္းကေန အတတ္ႏိုင္ဆုံးႀကိဳးစားလႉဒါန္းေနတဲ့
စူးရွထက္ရဲ႕ စိတ္သေဘာထားေတြကိုလည္း အားလုံးကခ်ီးက်ဴးကာ အားေပးစကားေတြလည္းေျပာထားၾကတာ ျဖစ္ပါတယ္..။ဖတ္ရႈေပးတဲ့ပရိတ္သတ္ႀကီၚကို အထူးပဲေက်းဇူးတင္ရွိပါတယ္ေနာ္..။