ဦးကျော်မိုးထွန်း ဆက်လက်တာဝန်ယူကြောင်း ကုလ အတည်ပြု

ဦးကျော်မိုးထွန်း ဆက်လက်တာဝန်ယူကြောင်း ကုလ အတည်ပြု

အာဏာသိမ်းစစ်ကောင်စီကိုဆန့်ကျင်ပြီး ဒီမိုကရေစီအင်အားစုတွေနဲ့အတူ ရပ်တည်ကြောင်း ကြေညာခဲ့တဲ့ နယူးယောက်ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလ သံအမတ်အဖြစ် ဆက်လက်တာဝန်ထမ်းနေကြောင်း ကုလ ပြောခွင့်ရသူ Stephane Dujarric က ဒီနေ့ကျင်းပတဲ့ သတင်းစာရှင်းပွဲအတွင်း ပြောသွားပါတယ်။

ပြီးခဲ့တဲ့သောကြာနေ့မှာ ဦးကျော်မိုးထွန်းက အဲဒီလို ရဲဝံ့စွာကြေညာပြီးနောက် သူ့ကို တာဝန်ကနေရပ်ဆိုင်းကြောင်း၊ သူနေရာမှာ သံရုံး ဒုတိယအရာရှိ ဦးတင်မောင်နိုင်ကို အစားထိုးတာဝန်ပေးကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ကုလသမဂ္ဂဆီ စာရေးပေးပို့ခဲ့ပါတယ်။

အဲဒီနောက် သူတို့ ၂ ဦးမှာ ဘယ်သူကိုအတည်ပြုရမလဲဆိုပြီး ကုလသမဂ္ဂမှာ အကြိတ်အနယ်ဆွေးနွေးနေစဉ် ဒီနေ့မှာတော့ ဦးတင်မောင်နိုင် တာဝန်ကနေ နုတ်ထွက်စာတင်ပြီး ဦးကျော်မိုးထွန်းကိုပဲ ဆက်လက်တာဝန်ပေးဖို့ တိုက်တွန်းသွားတဲ့အကြောင်း နယူးယေက်မြန်မာသံရုံးက ကုလသမဂ္ဂဆီ အကြောင်းကြားလာ တယ်လို့ ကုလပြောခွင့်ရသူက ရှင်းပြပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ်အဖြစ် ဦးကျော်မိုးထွန်းကပဲ ဆက်လက်တာဝန်ထမ်းရွက်သွားမှာဖြစ်တယ်လို့ ကုလ ပြောခွင့်ရသူ Stephane Dujarric က ပြီးခဲ့တဲ့ နာရီပိုင်းက ပြုလုပ်တဲ့ သတင်းစာရှင်းပွဲအတွင်း အတည်ပြုပြောဆိုသွားပါတယ်။

ဦးတင်မောင်နိုင် နုတ်ထွက်စာတင်ပြီး ထွက်သွားပြီဆိုတဲ့သတင်းဟာ ပြီးခဲ့တဲ့ ၂ ရက်လောက်ကတည်းက ထွက်ပေါ်နေပေမယ့် ဒီနေ့မှ ကုလသမဂ္ဂက အတည်ပြုသွားတာဖြစ်ပါတယ်။

ဒီနေ့ ထပ်မံရရှိတဲ့သတင်းတွေအရဆိုရင် ဝါရှင်တန်မှာရှိတဲ့ မြန်မာသံရုံးကလည်း ဦးကျော်မိုးထွန်းနဲ့အတူ ရပ်တည်လိုက်ပြီဖြစ်ပါတယ်။ ဒါ့အပြင် ဂျာမနီ၊ ယူကရိန်းနဲ့ အခြားနိုင်ငံတွေက သံတမန်ဝန်ထမ်းတွေလည်း စစ်ကောင်စီကိုဆန့်ကျင်ပြီး ဒီမိုကရေစီအင်အားစုတွေနဲ့အတူ၊ ပြည်သူလွှတ်တော်ကိုယ်စားပြုကော်မီတီ CRPH နဲ့အတူ ရပ်တည်လာနေကြပြီဖြစ်ပါတယ်။

Zawgyi

ဦးေက်ာ္မိုးထြန္း ဆက္လက္တာဝန္ယူေၾကာင္း ကုလ အတည္ျပဳ

အာဏာသိမ္းစစ္ေကာင္စီကိုဆန္႔က်င္ၿပီး ဒီမိုကေရစီအင္အားစုေတြနဲ႔အတူ ရပ္တည္ေၾကာင္း ေၾကညာခဲ့တဲ့ နယူးေယာက္ရွိ ကုလသမဂၢဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးေက်ာ္မိုးထြန္း ကုလ သံအမတ္အျဖစ္ ဆက္လက္တာဝန္ထမ္းေနေၾကာင္း ကုလ ေျပာခြင့္ရသူ Stephane Dujarric က ဒီေန႔က်င္းပတဲ့ သတင္းစာရွင္းပြဲအတြင္း ေျပာသြားပါတယ္။

ၿပီးခဲ့တဲ့ေသာၾကာေန႔မွာ ဦးေက်ာ္မိုးထြန္းက အဲဒီလို ရဲဝံ့စြာေၾကညာၿပီးေနာက္ သူ႔ကို တာဝန္ကေနရပ္ဆိုင္းေၾကာင္း၊ သူေနရာမွာ သံ႐ုံး ဒုတိယအရာရွိ ဦးတင္ေမာင္ႏိုင္ကို အစားထိုးတာဝန္ေပးေၾကာင္း စစ္ေကာင္စီ ႏိုင္ငံျခားေရးဝန္ႀကီး ဦးဝဏၰေမာင္လြင္က ကုလသမဂၢဆီ စာေရးေပးပို႔ခဲ့ပါတယ္။

အဲဒီေနာက္ သူတို႔ ၂ ဦးမွာ ဘယ္သူကိုအတည္ျပဳရမလဲဆိုၿပီး ကုလသမဂၢမွာ အႀကိတ္အနယ္ေဆြးေႏြးေနစဥ္ ဒီေန႔မွာေတာ့ ဦးတင္ေမာင္ႏိုင္ တာဝန္ကေန ႏုတ္ထြက္စာတင္ၿပီး ဦးေက်ာ္မိုးထြန္းကိုပဲ ဆက္လက္တာဝန္ေပးဖို႔ တိုက္တြန္းသြားတဲ့အေၾကာင္း နယူးေယက္ျမန္မာသံ႐ုံးက ကုလသမဂၢဆီ အေၾကာင္းၾကားလာ တယ္လို႔ ကုလေျပာခြင့္ရသူက ရွင္းျပပါတယ္။

ဒါေၾကာင့္ ျမန္မာႏိုင္ငံဆိုင္ရာ ကုလသမဂၢ သံအမတ္အျဖစ္ ဦးေက်ာ္မိုးထြန္းကပဲ ဆက္လက္တာဝန္ထမ္း႐ြက္သြားမွာျဖစ္တယ္လို႔ ကုလ ေျပာခြင့္ရသူ Stephane Dujarric က ၿပီးခဲ့တဲ့ နာရီပိုင္းက ျပဳလုပ္တဲ့ သတင္းစာရွင္းပြဲအတြင္း အတည္ျပဳေျပာဆိုသြားပါတယ္။

ဦးတင္ေမာင္ႏိုင္ ႏုတ္ထြက္စာတင္ၿပီး ထြက္သြားၿပီဆိုတဲ့သတင္းဟာ ၿပီးခဲ့တဲ့ ၂ ရက္ေလာက္ကတည္းက ထြက္ေပၚေနေပမယ့္ ဒီေန႔မွ ကုလသမဂၢက အတည္ျပဳသြားတာျဖစ္ပါတယ္။

ဒီေန႔ ထပ္မံရရွိတဲ့သတင္းေတြအရဆိုရင္ ဝါရွင္တန္မွာရွိတဲ့ ျမန္မာသံ႐ုံးကလည္း ဦးေက်ာ္မိုးထြန္းနဲ႔အတူ ရပ္တည္လိုက္ၿပီျဖစ္ပါတယ္။ ဒါ့အျပင္ ဂ်ာမနီ၊ ယူကရိန္းနဲ႔ အျခားႏိုင္ငံေတြက သံတမန္ဝန္ထမ္းေတြလည္း စစ္ေကာင္စီကိုဆန္႔က်င္ၿပီး ဒီမိုကေရစီအင္အားစုေတြနဲ႔အတူ၊ ျပည္သူလႊတ္ေတာ္ကိုယ္စားျပဳေကာ္မီတီ CRPH နဲ႔အတူ ရပ္တည္လာေနၾကၿပီျဖစ္ပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *