လေဖြတ်ဝေဒနာခံစားနေရသူများအတွက် ဆေးနည်းကောင်းတစ်လက်

လေဖြတ်ဝေဒနာခံစားနေရသူများအတွက် ဆေးနည်းကောင်းတစ်လက်

လေဖြတ် ဝေဒနာ ခံစား နေရသူများသည် ပင်ပန်း ဆင်းရဲစွာ ခံစားရပါသည် ။ ပြုစုရသော မိသားစုများမှာလဲ အင်မတန် မှ ဒုက္ခ ရောက်ပါသည် ။ သို့ဖြစ်ပါ၍ ဆေးဖော်နည်းလေး မျှဝေ လိုက်ပါသည် ။ဆေးဖော်ရန် လိုအပ်သော ပစ္စည်းများ – ၁ ။ အုန်းသီး ရင့်ရင့် တစ်လုံး။၂ ။ ထနှောင်းခေါက် နှင့် ချက်သော တောအရက် ဦးရည်။၃ ။ ဆေးဖော်နည်းမှာ အုန်းသီး၏ နတ်သမီးပေါက် အနားကို ဓားနှင့် ရှက်၍ နတ်သမီးပေါက်ကို ဖောက်ပြီး အုန်းရည်များ ထုတ်ပစ်ရပါမည် ။ ၎င်းနောက် အရက်ဦးရည်ကို အုန်းသီးထဲတွင် အပြည့် ထည့်၍ အပေါက်ကို သင့်တော်ရာဖြင့် လုံအောင် ပြန်ပိတ်ပါ ။ပိတ်ပြီးသော အုန်းသီးကို မြေကြီးကို တောင်ဝက် လောက် တူး၍ ( ၇ ) ရက် တိတိ မြုတ်ပါ ။ ( ၇ ) ရက် ပြည့် လျှင် ပြန်ဖော်၍ အုန်းသီးထဲမှ အရက်များ ပြန်ထုတ်ပြီး ပုလင်းထဲ ပြန်ထည့်၍ သောက်လို့ ရပါပြီ ။

ဆေးနည်း အညွှန်း – တစ်ခါသောက် လဖက်ရည် အကြမ်း ပန်းကန် တစ်လုံး တစ်နေ့ တစ်ကြိမ် ဆေးသောက် ပြီးလျှင် လူနာ၏ ကိုယ်တွင်းမှာ စိုးစိုး စစ်စစ် ဖြစ်တတ် ပါသည် ။ စိုးရိမ်စရာ မရှိပါ ၊ ဘေးထွက် ဆိုးကျိုး မရှိပါ ၊ ထွက်လာသော ချွေးများကို သုတ်ပစ်၍ အဝတ် အသစ် လဲပစ်ပါ ။လေဖြတ် ထားသော နေရာ များကိုလဲ လိမ်းပေး၍ ရပါသည် ။မှတ်ချက် ။ ။၎င်း ဆေးနည်းသည် မိုးကုတ် ဆရာတော် ဘုရားကြီး ချီးမြှင့်သော ဆေးနည်း ဖြစ်ပါသည် ။အသေးစိတ် သိလိုပါက အောက်ပါ ph ကို ဆက်သွယ်၍ မေးနိုင်ပါသည် ။

Zawgyi

ေလျဖတ္ေဝဒနာခံစားေနရသူမ်ားအတြက္ ေဆးနည္းေကာင္းတစ္လက္

ေလျဖတ္ ေဝဒနာ ခံစား ေနရသူမ်ားသည္ ပင္ပန္း ဆင္းရဲစြာ ခံစားရပါသည္ ။ ျပဳစုရေသာ မိသားစုမ်ားမွာလဲ အင္မတန္ မွ ဒုကၡ ေရာက္ပါသည္ ။ သို႔ျဖစ္ပါ၍ ေဆးေဖာ္နည္းေလး မွ်ေဝ လိုက္ပါသည္ ။ေဆးေဖာ္ရန္ လိုအပ္ေသာ ပစၥည္းမ်ား – ၁ ။ အုန္းသီး ရင့္ရင့္ တစ္လုံး။၂ ။ ထေႏွာင္းေခါက္ ႏွင့္ ခ်က္ေသာ ေတာအရက္ ဦးရည္။၃ ။ ေဆးေဖာ္နည္းမွာ အုန္းသီး၏ နတ္သမီးေပါက္ အနားကို ဓားႏွင့္ ရွက္၍ နတ္သမီးေပါက္ကို ေဖာက္ၿပီး အုန္းရည္မ်ား ထုတ္ပစ္ရပါမည္ ။ ၎ေနာက္ အရက္ဦးရည္ကို အုန္းသီးထဲတြင္ အျပည့္ ထည့္၍ အေပါက္ကို သင့္ေတာ္ရာျဖင့္ လုံေအာင္ ျပန္ပိတ္ပါ ။ပိတ္ၿပီးေသာ အုန္းသီးကို ေျမႀကီးကို ေတာင္ဝက္ ေလာက္ တူး၍ ( ၇ ) ရက္ တိတိ ျမဳတ္ပါ ။ ( ၇ ) ရက္ ျပည့္ လွ်င္ ျပန္ေဖာ္၍ အုန္းသီးထဲမွ အရက္မ်ား ျပန္ထုတ္ၿပီး ပုလင္းထဲ ျပန္ထည့္၍ ေသာက္လို႔ ရပါၿပီ ။

ေဆးနည္း အၫႊန္း – တစ္ခါေသာက္ လဖက္ရည္ အၾကမ္း ပန္းကန္ တစ္လုံး တစ္ေန႔ တစ္ႀကိမ္ ေဆးေသာက္ ၿပီးလွ်င္ လူနာ၏ ကိုယ္တြင္းမွာ စိုးစိုး စစ္စစ္ ျဖစ္တတ္ ပါသည္ ။ စိုးရိမ္စရာ မရွိပါ ၊ ေဘးထြက္ ဆိုးက်ိဳး မရွိပါ ၊ ထြက္လာေသာ ေခြၽးမ်ားကို သုတ္ပစ္၍ အဝတ္ အသစ္ လဲပစ္ပါ ။ေလျဖတ္ ထားေသာ ေနရာ မ်ားကိုလဲ လိမ္းေပး၍ ရပါသည္ ။မွတ္ခ်က္ ။ ။၎ ေဆးနည္းသည္ မိုးကုတ္ ဆရာေတာ္ ဘုရားႀကီး ခ်ီးျမႇင့္ေသာ ေဆးနည္း ျဖစ္ပါသည္ ။အေသးစိတ္ သိလိုပါက ေအာက္ပါ ph ကို ဆက္သြယ္၍ ေမးႏိုင္ပါသည္ ။

Leave a Reply

Your email address will not be published. Required fields are marked *