သူမရဲ့လက်ပေါ်မှာ မျက်လုံးလေးစင်းပြီး အိပ်ငိုက်နေတဲ့ တူမလေးကို အမှတ်တရဗီဒီယိုလေးရိုက်ထားပြီး အူတွေယားနေတဲ့ သံစဉ်မောင်

ဘီလီယံလေးဆိုတာနဲ့ပရိသတ်တွေချစ်ရဦးမယ့်သမီးလေးတစ်ယောက်ပါ။ သားဂန်းနဲ့ဘေဘီမောင်တို့ရဲ့သမီးဦးလေးဖြစ်ပါတယ်။ သမီးလေးဟာခုဆိုဖေဖေမေမေတို့ဆီရောက်လာတာ တစ်လပြည့်ပြီဖြစ်ပါတယ်။

သမီးလေးမွေးဖွားချိန်ကတည်းကပရိသတ်တွေကလည်းအချစ်တော်ဘေဘီမောင်တို့ပျော်ရွှင်စရာပုံရိပ်လေးတွေကိုမြင်နေရတာပါ။ အခုမှာ မိသားစု၃ယောက်ကြည်နူးစရာအချိန်တွေပိုင်ဆိုင်နေပါပြီ။ ဖွားဖွားဖြစ်သူကလည်းမြေးလေးကိုချစ်မဝဖြစ်နေရတာပါ။

ဒါ့အပြင်တီတီဖြစ်မယ့်သံစဉ်မောင်ကလည်းနေ့စဥ်သမီးလေးအနားကနေချစ်ဝဖြစ်နေရတာပါ။ သမီးလေးကလည်းဖေဖေမေမေတို့နဲ့တူပြီးချစ်ဖို့ကောင်းနေတာပါ။ အခုမှာတော့တစ်လပြည့်ပြီဖြစ်တဲ့သမီးလေးရဲ့ပုံရိပ်လေးကိုကြည့်ပြီးချစ်ပေးကြပါဦးနော်။

Leave a Reply

Your email address will not be published. Required fields are marked *