ရန်ကုန်မျက်မမြင်ကျောင်းမှာ တပ်တွေတပ်စွဲနေလို့ကလေးငယ်တွေအခက်တွေ့

ရန်ကုန်မျက်မမြင်ကျောင်းမှာစစ်ကောင်စီတပ်တွေတပ်စွဲနေလို့ကလေးငယ်တွေအခက်တွေ့၊အမြန်ဆုံးထွက်ခွာပေးဖို့တောင်ဆိုမှု့များရှိနေ

ဧပြီ ၊ ၁၃ ရက်

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် (၂ ရပ်ကွက်) ခဝဲခြံရပ်မှာ (ဗဟိုလမ်း နဲ့ ဇေယျာလမ်းကြား/ အောက်ဗဟိုလမ်း နဲ့ အလယ်ဗဟိုလမ်းအကြား) ကျောင်းသူ/ကျောင်းသား ရာဂဏန်းနီးပါးရှိပါတဲ့ ခရစ်ယာန်အဖွဲ့ အစည်း

“မြန်မာနိုင်ငံမျက်မမြင်များမိဿဟာယအဖွဲ့” ဆိုတဲ့မျက်မမြင်ပညာသင်ကျောင်းထဲမှာအာဏာသိမ်းစစ်ကောင်စီရဲ့အောက်ခြေအခိုင်းခံအဖွဲ့သားတွေက ကား ၇ စီးနဲ့အင်အား ၁၀၀ နီးပါးဝင်ရောက်တပ်စွဲထားတဲ့အတွက်မျက်မမြင်ကျောင်းသားလေးတွေအခက်အခဲဖြစ်နေရတယ်လို့ တာဝန်ရှီသူတွေ့ဆိုပါတယ်။

”ဒီနေ့တော့ကျောင်းအုပ်ကြီး (ကိုယ်တိုင်မျက်မမြင်လဲဖြစ်တဲ့ အသက် ၇၀ ကျော် ဆရာကြီးဦးသိန်းလွင်) ကသူတို့ကိုအေးဆေးမေးပါတယ် ဘယ်အချိန်လောက်ပြန်မလည်းဆိုပြီးတော့ပါ။အဲ့ဒါကို စစ်ကောင်စီလက်ပါးစေအဖွဲ့က တပတ်နှစ်ပတ်နေဦးမယ်လို့ပြောပါတယ်တဲ့။ ကျောင်းထဲမှာလူမျိုးပေါင်းစုံတိုင်းရင်းသားများအပါအဝင်အရွယ်ရောက်မိန်းကလေးများလည်းရှိပါတယ်။

အမြင်အာရုံချို့တဲ့သူလေးတွေဆိုတော့သူတို့သွားလာလှုပ်ရှားနေထိုင်တာဟာသူတို့အမှတ်အသားနဲ့သူတို့အထာနဲ့သူတို့ဖြစ်ပါတယ်။ကုန်ကုန်ပြောရရင် ရေချိုးခန်းအိမ်သာ(မိန်းကလေးယောကျာ်လေးသီးသန့်) ကအစသူတို့အသုံးပြုတဲ့အခါလွယ်ကူစေဖို့ နည်းလမ်းတွေနဲ့လုပ်ထားတာပါ။သာမန်လူတွေထက်လုံခြုံမှုအားနည်းပါတယ်။

ကလေးတွေရာနဲ့ချီရှိတာမို့ စားရေးသောက်ရေးတွေအတွက်လည်းနီးစပ်ရာနဲ့ အဝေးကသူများ ရဲ့ လှူတန်းမှုနဲ့သွားနေတာပါ။အခုစစ်ကောင်စီလက်ပါးစေအဖွဲ့တွေကျောင်းဝင်းထဲမှာတပ်စွဲနေတော့ ကလေးတွေအတွက်အတော်လေးကိုအနှောင့်အယှက်ဖြစ်နေပါတယ်။

ဘာသာရေးပရဝုဏ်ဖြစ်ရုံမက မသန်စွမ်းသူ မျက်မမြင်ကလေးတွေပါရှိနေတဲ့ဒီနေရာမှာ တပ်စွဲတာဟာလုံးဝမဖြစ်သင့်ပါ”ဘူးလို့ ကျောင်းနဲ့နီးစပိသူတဦးက သူ့ရဲ့လူမှု့ကွန်ယက်စာမျက်နှာပေါ်မှာရေးသားထားပါတယ်။ဝင်ၤရောက်တပ်စွဲထားတဲ့စစ်ကောင်စီတပ်တွေ အမြန်ဆုံးထွက်ခွါသွားဖို့ ကလေးငယ်တွေအပါအဝင် ဆရာတွေ အရပိဖက်အဖွဲ့အစည်းတွေ ကဆက်လက်တောင်းဆိုနေတယ်လို့လဲသိရပါတယ်။

Zawgyi

ရန္ကုန္မ်က္မျမင္ေက်ာင္းမွာစစ္ေကာင္စီတပ္ေတြတပ္စြဲေနလို႔ကေလးငယ္ေတြအခက္ေတြ႔၊အျမန္ဆံုးထြက္ခြာေပးဖို႔ေတာင္ဆိုမႈ႔မ်ားရွိေန

ဧျပီ ၊ ၁၃ ရက္

ရန္ကုန္ၿမိဳ႕ မရမ္းကုန္းၿမိဳ႕နယ္ (၂ ရပ္ကြက္) ခဝဲၿခံရပ္မွာ (ဗဟိုလမ္း နဲ႔ ေဇယ်ာလမ္းၾကား/ ေအာက္ဗဟိုလမ္း နဲ႔ အလယ္ဗဟိုလမ္းအၾကား) ေက်ာင္းသူ/ေက်ာင္းသား ရာဂဏန္းနီးပါးရွိပါတဲ့ ခရစ္ယာန္အဖြဲ႕ အစည္း

“ျမန္မာႏိုင္ငံမ်က္မျမင္မ်ားမိႆဟာယအဖြဲ႕” ဆိုတဲ့မ်က္မျမင္ပညာသင္ေက်ာင္းထဲမွာအာဏာသိမ္းစစ္ေကာင္စီရဲ႕ေအာက္ေျခအခိုင္းခံအဖြဲ႕သားေတြက ကား ၇ စီးနဲ႔အင္အား ၁၀၀ နီးပါးဝင္ေရာက္တပ္စြဲထားတဲ့အတြက္မ်က္မျမင္ေက်ာင္းသားေလးေတြအခက္အခဲျဖစ္ေနရတယ္လို႔ တာ၀န္ရွီသူေတြ႕ဆိုပါတယ္။

”ဒီေန႔ေတာ့ေက်ာင္းအုပ္ႀကီး (ကိုယ္တိုင္မ်က္မျမင္လဲျဖစ္တဲ့ အသက္ ၇၀ ေက်ာ္ ဆရာႀကီးဦးသိန္းလြင္) ကသူတို႔ကိုေအးေဆးေမးပါတယ္ ဘယ္အခ်ိန္ေလာက္ျပန္မလည္းဆိုၿပီးေတာ့ပါ။အဲ့ဒါကို စစ္ေကာင္စီလက္ပါးေစအဖြဲ႕က တပတ္ႏွစ္ပတ္ေနဦးမယ္လို႔ေျပာပါတယ္တဲ့။ ေက်ာင္းထဲမွာလူမ်ိဳးေပါင္းစုံတိုင္းရင္းသားမ်ားအပါအဝင္အ႐ြယ္ေရာက္မိန္းကေလးမ်ားလည္းရွိပါတယ္။

အျမင္အာ႐ုံခ်ိဳ႕တဲ့သူေလးေတြဆိုေတာ့သူတို႔သြားလာလႈပ္ရွားေနထိုင္တာဟာသူတို႔အမွတ္အသားနဲ႔သူတို႔အထာနဲ႔သူတို႔ျဖစ္ပါတယ္။ကုန္ကုန္ေျပာရရင္ ေရခ်ိဳးခန္းအိမ္သာ(မိန္းကေလးေယာက်ာ္ေလးသီးသန႔္) ကအစသူတို႔အသုံးျပဳတဲ့အခါလြယ္ကူေစဖို႔ နည္းလမ္းေတြနဲ႔လုပ္ထားတာပါ။သာမန္လူေတြထက္လုံၿခဳံမႈအားနည္းပါတယ္။

ကေလးေတြရာနဲ႔ခ်ီရွိတာမို႔ စားေရးေသာက္ေရးေတြအတြက္လည္းနီးစပ္ရာနဲ႔ အေဝးကသူမ်ား ရဲ႕ လႉတန္းမႈနဲ႔သြားေနတာပါ။အခုစစ္ေကာင္စီလက္ပါးေစအဖြဲ႕ေတြေက်ာင္းဝင္းထဲမွာတပ္စြဲေနေတာ့ ကေလးေတြအတြက္အေတာ္ေလးကိုအေႏွာင့္အယွက္ျဖစ္ေနပါတယ္။

ဘာသာေရးပရဝုဏ္ျဖစ္႐ုံမက မသန္စြမ္းသူ မ်က္မျမင္ကေလးေတြပါရွိေနတဲ့ဒီေနရာမွာ တပ္စြဲတာဟာလုံးဝမျဖစ္သင့္ပါ”ဘူးလို႔ ေက်ာင္းနဲ႔နီးစပိ္သူတဦးက သူ႔ရဲ႔လူမႈ႔ကြန္ယက္စာမ်က္နွာေပၚမွာေရးသားထားပါတယ္။၀င္ၤေရာက္တပ္စြဲထားတဲ့စစ္ေကာင္စီတပ္ေတြ အျမန္ဆံုးထြက္ခြါသြားဖို႔ ကေလးငယ္ေတြအပါအ၀င္ ဆရာေတြ အရပိဖက္အဖြဲ႔အစည္းေတြ ကဆက္လက္ေတာင္းဆိုေနတယ္လို႔လဲသိရပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *