သူမကို ဝလာတယ်လို့ဝေဖန်ပြောဆိုနေကြသူများအားလုံးကို ကက်ကက်လန်အောင် ရန်တွေ့လိုက်တဲ့ ဆုမြတ်နိုးဦး

ဆုမြတ်နိုးဦးဆိုတာနဲ့ပရိသတ်တွေချစ်တဲ့နိုင်ငံကျော်တစ်ယောက်ပါ။ ချစ်စရာကောင်းပြီးပရိသတ်တွေကိုအမြဲပျော်ရွှင်စရာတွေဖန်တီးပေးနေသူပါ။ နောက်ပိုင်းမှာ Liveလေးတွေလွှင့်ပြီးလည်းစျေးရောင်းနေတာဖြစ်ပါတယ်။

သူမဟာကျော်ကျော်နဲ့အတူအမြဲဟာသvideoလေးတွေတင်ပေးလေ့ရှိတာပါ။ သူတို့နှစ်ယောက်ဟာလည်းလူမှုကွန်ရက်မှာ ပရိသတ်အားပေးသူအပြည့်ရရှိထားတာပါ။ ဒါကြောင့်လည်းလူမှုကွန်ရက်မှာသူတို့ကိုအားပေးနေကြတာပါ။

အခုမှာလည်းသူမဝလာတာကိုပြောနေတဲ့သူတစ်ချို့ကိုပြောပြခဲ့တာပါ။ ဝ လာတာအပြစ်ရှိလို့လား လူတွေ့လဲ ဝ လာတယ်နော်.. ပုံတင်လဲ ဝ လာတယ်နော် အမြဲခရီးထွက်နေတော့ ​ဒေသစာတွေစားတယ်.. အလုပ်ပင်ပန်းတော့အားပြည့်ဖို့စားတယ် လေ့ကျင့်ခန်းလုပ်ဖို့အချိန်မရှိလို့ ဝ လာတယ်စားနိုင်လို့ ဝလာတာလေ .အဲ့တာကို မသိရင်အပြစ်ခုခုကျူးလွန်ထားသလိုပဲ​နော်ဝိုင်းပြောကြတာဆိုတာများ စိတ်အခန့်မသင့်ချိန်နဲ့ကြုံလို့ ပက်ခနဲပြန်ပြောမိရင် သူတို့ကစေတနာ ကိုယ်က လူရိုင်းမ ဆိုပြီးပြောပြခဲ့တာပါ။

Leave a Reply

Your email address will not be published. Required fields are marked *