မုံရွာပင်မသပိတ်ခေါင်းဆောင် ကိုဝေမိုးနိူင် ဖမ်းဆီးခံရ

မုံရွာပင်မသပိတ်ခေါင်းဆောင် ကိုဝေမိုးနိူင် ဖမ်းဆီးခံရ

ကျနော်တို့ ရဲဘော်ရဲဘက်၊ တိုက်ဖော်တိုက်ဖက် ကိုဝေမိုးနိုင်ဟာ အခုပဲ အကြမ်းဖက်စစ်ကောင်စီ လက်ပါးစေတွေရဲ့ ဖမ်းဆီးခြင်းခံလိုက်ရတယ်လို့ သိရပါတယ်။

ကိုဝေမိုးနိုင်တို့က ဆိုင်ကယ်နဲ့ ပင်မသပိတ်စစ်ကြောင်း ချီတက်လာတာကို စစ်ကောင်စီတပ်တွေက ကားနဲ့အတင်းဝင်တိုက်၊ အတင်း ရိုက်နှပ် ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။

ကျနော်တို့ လူထုတစ်ရပ်လုံးက အထူး လေးစား၊ ဦးညွှတ်၊ ဂုဏ်ပြုလျက်ပါ၊ ကိုဝေမိုးနိုင်ရေ။

ပြည်သူလူထုကြီးခင်ဗျား-

တိုင်းပြည်ရဲ့ ပစ္စုပ္ပန်နဲ့ အနာဂတ်အတွက်၊ ဓမ္မအတွက်၊ ကိုဝေမိုးနိုင်အတွက် ကျနော်တို့ လူထုအရေးတော်ပုံကြီးကို လုံ့လဝိရိယ နှစ်ဆတိုးပြီး ဆက်လက် ဆင်နွှဲရပါလိမ့်မယ်။

ကျနော်တို့ ပြည်သူတွေထဲမှာ နောက်ထပ် ဝေမိုးနိုင်တွေ အများကြီး ရှိနေတယ်ဆိုတာ အကြမ်းဖက် စစ်ကောင်စီကို အသိပေးလိုပါတယ်။

ဝေမိုးနိုင်ကြောင့်၊ တေဇာစန်းကြောင့် ဒီလူထုအရေးတော်ပုံကြီး ဖြစ်လာတာ မဟုတ်ဘူး။

အရေးတော်ပုံကြီးကြောင့်သာ ကျနော်တို့ကို တစ်စုံတစ်ရာ လူသိများလာခြင်း ဖြစ်တယ်။ ကျနော်တို့အားလုံးက အရေးတော်ပုံတပ်သားတွေပဲ။

ဒီဝေမိုးနိုင်တစ်ယောက်ကို ဖမ်းလိုက်လည်း နောက်ထပ် ဝေမိုးနိုင်တွေ အများကြီး လာလိမ့်မယ်ဆိုတာ မြဲမြဲ မှတ်ထားပါ။

ကြောက်ခေတ်ကို_မှောက်ပြစ်ကြ

ကမ္ဘာမကြေဘူး

မလျော့ဘူး

သွေးမအေးဘူး

နောက်မဆုတ်ဘူး

စစ်အာဏာရှင်စနစ်_မုချကျရှုံးရမည်

‌အရေးတော်ပုံ_အောင်ရမည်

Zawgyi

မုံ႐ြာပင္မသပိတ္ေခါင္းေဆာင္ ကိုေဝမိုးႏိူင္ ဖမ္းဆီးခံရ

က်ေနာ္တို႔ ရဲေဘာ္ရဲဘက္၊ တိုက္ေဖာ္တိုက္ဖက္ ကိုေဝမိုးႏိုင္ဟာ အခုပဲ အၾကမ္းဖက္စစ္ေကာင္စီ လက္ပါးေစေတြရဲ႕ ဖမ္းဆီးျခင္းခံလိုက္ရတယ္လို႔ သိရပါတယ္။

ကိုေဝမိုးႏိုင္တို႔က ဆိုင္ကယ္နဲ႔ ပင္မသပိတ္စစ္ေၾကာင္း ခ်ီတက္လာတာကို စစ္ေကာင္စီတပ္ေတြက ကားနဲ႔အတင္းဝင္တိုက္၊ အတင္း ႐ိုက္ႏွပ္ ဖမ္းဆီးသြားတာ ျဖစ္ပါတယ္။

က်ေနာ္တို႔ လူထုတစ္ရပ္လုံးက အထူး ေလးစား၊ ဦးၫႊတ္၊ ဂုဏ္ျပဳလ်က္ပါ၊ ကိုေဝမိုးႏိုင္ေရ။

ျပည္သူလူထုႀကီးခင္ဗ်ား-

တိုင္းျပည္ရဲ႕ ပစၥဳပၸန္နဲ႔ အနာဂတ္အတြက္၊ ဓမၼအတြက္၊ ကိုေဝမိုးႏိုင္အတြက္ က်ေနာ္တို႔ လူထုအေရးေတာ္ပုံႀကီးကို လုံ႔လဝိရိယ ႏွစ္ဆတိုးၿပီး ဆက္လက္ ဆင္ႏႊဲရပါလိမ့္မယ္။

က်ေနာ္တို႔ ျပည္သူေတြထဲမွာ ေနာက္ထပ္ ေဝမိုးႏိုင္ေတြ အမ်ားႀကီး ရွိေနတယ္ဆိုတာ အၾကမ္းဖက္ စစ္ေကာင္စီကို အသိေပးလိုပါတယ္။

ေဝမိုးႏိုင္ေၾကာင့္၊ ေတဇာစန္းေၾကာင့္ ဒီလူထုအေရးေတာ္ပုံႀကီး ျဖစ္လာတာ မဟုတ္ဘူး။

အေရးေတာ္ပုံႀကီးေၾကာင့္သာ က်ေနာ္တို႔ကို တစ္စုံတစ္ရာ လူသိမ်ားလာျခင္း ျဖစ္တယ္။ က်ေနာ္တို႔အားလုံးက အေရးေတာ္ပုံတပ္သားေတြပဲ။

ဒီေဝမိုးႏိုင္တစ္ေယာက္ကို ဖမ္းလိုက္လည္း ေနာက္ထပ္ ေဝမိုးႏိုင္ေတြ အမ်ားႀကီး လာလိမ့္မယ္ဆိုတာ ၿမဲၿမဲ မွတ္ထားပါ။

ေၾကာက္ေခတ္ကို_ေမွာက္ျပစ္ၾက

ကမာၻမေၾကဘူး

မေလ်ာ့ဘူး

ေသြးမေအးဘူး

ေနာက္မဆုတ္ဘူး

စစ္အာဏာရွင္စနစ္_မုခ်က်ရႈံးရမည္

‌အေရးေတာ္ပုံ_ေအာင္ရမည္

Leave a Reply

Your email address will not be published. Required fields are marked *