သရုပ်ဆောင်ဇင်ဝိုင်းလည်း ဖမ်းဆီးခံရ ( ဗီဒီယိုဖို )

သရုပ်ဆောင်ဇင်ဝိုင်းလည်း ဖမ်းဆီးခံရ

ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီဇင်ဝိုင်းကို ဒီနေ့ ဧပြီ ၁၅ ရက် သင်္ကြန်အကြတ်နေ့ ညနေပိုင်းမှာ စစ်ကောင်စီရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သားဖြစ်သူ ကိုကြည်သာဌေးလွင်က ရေးသားထားပါတယ်။

ဇင်ဝိုင်းဟာ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်အာဏာသိမ်းမှု ဆန့်ကျင်ကြောင်း လမ်းပေါ်ထွက်ဆန္ဒပြပွဲတွေမှာပါဝင်ခဲ့ပြီး လူငယ်တွေဦးဆောင်တဲ့ ဆန္ဒပြပွဲတချို့ကို စစ်ကောင်စီတပ်တွေ ဝင်ရောက်ဖြိုခွဲမှုတချို့မှာ ပါဝင် ဖြန်ဖြေခဲ့သူလည်း ဖြစ်ပါတယ်။

အခုဆိုရင် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ က နဲ့စစ်ကောင်စီက တရားစွဲပြီး ဖမ်းဝရမ်းထုတ်ခံရတဲ့ အနုပညာရှင်တွေထဲ လူမင်း၊ ရဲတိုက်၊ ဝင်းမင်းသန်း၊ ပိုင်တံခွန်၊ ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ ပိုပိုတို့ ဖမ်းဆီးခံထားရသလို ပုဒ်မ ၅၀၅ ထဲ မပါပေမယ့် လူရွှင်တော် ဇာဂနာလည်း ဖမ်းဆီးခံထားရပါတယ်။

ဇင်ဝိုင်းကို ဖေဖော်ဝါရီ ၁၈ ရက်နေ့တည်းက စစ်ကောင်စီက လူမင်း၊ R ဇာနည်၊ ၎င်းရဲ့ သားဖြစ်သူ သရုပ်ဆောင်မင်းမော်ကွန်းတို့နဲ့အတူ ပုဒ်မ ၅၀၅ က နဲ့ စစ်ကောင်စီက တရားစွဲခဲ့တာဖြစ်ပါတယ်။

Zawgyi

သ႐ုပ္ေဆာင္ဇင္ဝိုင္းလည္း ဖမ္းဆီးခံရ

႐ုပ္ရွင္သ႐ုပ္ေဆာင္ အကယ္ဒမီဇင္ဝိုင္းကို ဒီေန႔ ဧၿပီ ၁၅ ရက္ သၾကၤန္အၾကတ္ေန႔ ညေနပိုင္းမွာ စစ္ေကာင္စီရဲ႕ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြက လာေရာက္ဖမ္းဆီးေခၚေဆာင္သြားေၾကာင္း သားျဖစ္သူ ကိုၾကည္သာေဌးလြင္က ေရးသားထားပါတယ္။

ဇင္ဝိုင္းဟာ ေဖေဖာ္ဝါရီ ၁ ရက္ အာဏာသိမ္းၿပီးတဲ့ေနာက္ပိုင္း စစ္အာဏာသိမ္းမႈ ဆန႔္က်င္ေၾကာင္း လမ္းေပၚထြက္ဆႏၵျပပြဲေတြမွာပါဝင္ခဲ့ၿပီး လူငယ္ေတြဦးေဆာင္တဲ့ ဆႏၵျပပြဲတခ်ိဳ႕ကို စစ္ေကာင္စီတပ္ေတြ ဝင္ေရာက္ၿဖိဳခြဲမႈတခ်ိဳ႕မွာ ပါဝင္ ျဖန္ေျဖခဲ့သူလည္း ျဖစ္ပါတယ္။

အခုဆိုရင္ ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈ ပုဒ္မ ၅၀၅ က နဲ႔စစ္ေကာင္စီက တရားစြဲၿပီး ဖမ္းဝရမ္းထုတ္ခံရတဲ့ အႏုပညာရွင္ေတြထဲ လူမင္း၊ ရဲတိုက္၊ ဝင္းမင္းသန္း၊ ပိုင္တံခြန္၊ ေျပတီဦး၊ အိျႏၵာေက်ာ္ဇင္၊ ပိုပိုတို႔ ဖမ္းဆီးခံထားရသလို ပုဒ္မ ၅၀၅ ထဲ မပါေပမယ့္ လူ႐ႊင္ေတာ္ ဇာဂနာလည္း ဖမ္းဆီးခံထားရပါတယ္။

ဇင္ဝိုင္းကို ေဖေဖာ္ဝါရီ ၁၈ ရက္ေန႔တည္းက စစ္ေကာင္စီက လူမင္း၊ R ဇာနည္၊ ၎ရဲ႕ သားျဖစ္သူ သ႐ုပ္ေဆာင္မင္းေမာ္ကြန္းတို႔နဲ႔အတူ ပုဒ္မ ၅၀၅ က နဲ႔ စစ္ေကာင္စီက တရားစြဲခဲ့တာျဖစ္ပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *