သမီးလေးမကြယ်စင်အတွက် ဖခင်ဖြစ်သူရင်နာနာနဲ့ရေးတဲ့စာ

သမီးလေးမကြယ်စင်အတွက် ဖခင်ဖြစ်သူရင်နာနာနဲ့ရေးတဲ့စာ

တဦးတည်းသောသမီးလေး လမ်းပေါ်ထွက်တာ စိတ်မပူဘူးလား လို့ သူများတွေမေးရင်……သမီးကို စိတ်မပူဘူး … လို့ပဲ ကျနော်ပြန်ဖြေနေခဲ့တာ

သမီးက သွက်တဲ့ကလေး …ထက်တဲ့ကလေး …

ငယ်ငယ်လေးကတည်းက ဖေဖေဂုဏ်ယူခဲ့ရတဲ့သမီးလေး … Gz လေးတယောက်မို့ …

ဒီမိုကရေစီတိုက်ပွဲမှာ သူစိတ်အားထက်သန်သလိုတထောင့်တနေရာက ပြည်သူနဲ့အတူ ရှိနေခဲ့တဲ့ သမီးလေး …

ချစ်လွန်းလို့ ပိုးဥလေးလို မွေးထားပေမဲ့တိုက်ကွမ်ဒိုတွေ ကရာတေးတွေဝါသနာပါတော့လည်းသင်ခိုင်းစေခဲ့တာပါပဲ …

သမီးလေးက…ဖေဖေ့အသည်းကျော်လေးမို့ဖေဖေ့ဆံပင်ဆေးဆိုးတာကအစ သမီးလက်လေးနဲ့ထိတွေ့မှ ဖေဖေစိတ်တိုင်းကျတာ…

မနက်က သမီးသူငယ်ချင်းတွေ နဲ့အတူ ထွက်သွားတယ်။သမီးတို့Gz လေးတွေရဲ့ ကျောပြင်လေးတွေ ငေးရင်း..ခါတိုင်းလိုပဲ…………နေ့လည်သမီးပြန်လာမဲ့အချိန်စောင့်ပီး keyboard ဖိုက်တာလုပ်ဖို့က ဖေဖေ့တာဝန်လေ…

နေ့လည် ph ဖွင့်သတင်းတွေဖတ်မိတော့ မှ ……ဖေဖေ့……… မျက်စိတွေဝါးသွားလိုက် ကိုယ်တခုလုံး မြောက်တက်သွားလိုက် ကြီးးးး

ထ ပြေးသွားတယ် …ပြေးတယ် …ထပ်ပြီး…ပြေးတယ် …အသိစိတ်လေးဝင်မှ ကြည့်လိုက်တော့ …ဖေဖေ ရောက်သွားတာ စစ်မြေပြင်တခု……!

လူတွေကြားထဲ … လူတွေအများကြီးကြားထဲမှာ…လူငယ်လေးတယောက်က…… ဖေဖေ့ကိုတခုခု လှမ်းပေးလိုက်သလိုပဲ..သမီးရဲ့ph လား ?ဖေဖေဝယ်ပေးခဲ့တဲ့နာရီလေးလား…? မသဲကွဲဘူးး …သေချာလား သေချာရဲ့လားဗျာ ???

ဖေဖေ့အတွက်တော့…မြင်ရတဲ့ မြင်ကွင်းကရင်ဘတ်ကြီးကွဲထွက်သွားတဲ့နေ့ပါသမီးလေးရေ ………😢😢

Zawgyi

သမီးေလးမၾကယ္စင္အတြက္ ဖခင္ျဖစ္သူရင္နာနာနဲ႔ေရးတဲ့စာ

သမီးေလးမၾကယ္စင္အတြက္ ဖခင္ျဖစ္သူရင္နာနာနဲ႔ေရးတဲ့စာ

တဦးတည္းေသာသမီးေလး လမ္းေပၚထြက္တာ စိတ္မပူဘူးလား လို႔ သူမ်ားေတြေမးရင္……သမီးကို စိတ္မပူဘူး … လို႔ပဲ က်ေနာ္ျပန္ေျဖေနခဲ့တာ

သမီးက သြက္တဲ့ကေလး …ထက္တဲ့ကေလး …

ငယ္ငယ္ေလးကတည္းက ေဖေဖဂုဏ္ယူခဲ့ရတဲ့သမီးေလး … Gz ေလးတေယာက္မို႔ …

ဒီမိုကေရစီတိုက္ပြဲမွာ သူစိတ္အားထက္သန္သလိုတေထာင့္တေနရာက ျပည္သူနဲ႔အတူ ရွိေနခဲ့တဲ့ သမီးေလး …

ခ်စ္လြန္းလို႔ ပိုးဥေလးလို ေမြးထားေပမဲ့တိုက္ကြမ္ဒိုေတြ ကရာေတးေတြဝါသနာပါေတာ့လည္းသင္ခိုင္းေစခဲ့တာပါပဲ …

သမီးေလးက…ေဖေဖ့အသည္းေက်ာ္ေလးမို႔ေဖေဖ့ဆံပင္ေဆးဆိုးတာကအစ သမီးလက္ေလးနဲ႔ထိေတြ႕မွ ေဖေဖစိတ္တိုင္းက်တာ…

မနက္က သမီးသူငယ္ခ်င္းေတြ နဲ႔အတူ ထြက္သြားတယ္။သမီးတို႔Gz ေလးေတြရဲ႕ ေက်ာျပင္ေလးေတြ ေငးရင္း..ခါတိုင္းလိုပဲ…………ေန႔လည္သမီးျပန္လာမဲ့အခ်ိန္ေစာင့္ပီး keyboard ဖိုက္တာလုပ္ဖို႔က ေဖေဖ့တာဝန္ေလ…

ေန႔လည္ ph ဖြင့္သတင္းေတြဖတ္မိေတာ့ မွ ……ေဖေဖ့……… မ်က္စိေတြဝါးသြားလိုက္ ကိုယ္တခုလုံး ေျမာက္တက္သြားလိုက္ ႀကီးးးး

ထ ေျပးသြားတယ္ …ေျပးတယ္ …ထပ္ၿပီး…ေျပးတယ္ …အသိစိတ္ေလးဝင္မွ ၾကည့္လိုက္ေတာ့ …ေဖေဖ ေရာက္သြားတာ စစ္ေျမျပင္တခု……!

လူေတြၾကားထဲ … လူေတြအမ်ားႀကီးၾကားထဲမွာ…လူငယ္ေလးတေယာက္က…… ေဖေဖ့ကိုတခုခု လွမ္းေပးလိုက္သလိုပဲ..သမီးရဲ႕ph လား ?ေဖေဖဝယ္ေပးခဲ့တဲ့နာရီေလးလား…? မသဲကြဲဘူးး …ေသခ်ာလား ေသခ်ာရဲ႕လားဗ်ာ ???

ေဖေဖ့အတြက္ေတာ့…ျမင္ရတဲ့ ျမင္ကြင္းကရင္ဘတ္ႀကီးကြဲထြက္သြားတဲ့ေန႔ပါသမီးေလးေရ ………😢😢

Leave a Reply

Your email address will not be published. Required fields are marked *