အမှန်တရားအတွက် တိုက်ပွဲဝင်နေတဲ့ အဘိုးဖြစ်သူ ဘေး ကင်းစေဖို့အတွက် ဆုတောင်းနေတဲ့ လေပြေသွေး
သရုပ်ဆောင် ဇင်ဝိုင်းကတော့ လက်ရှိမြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုများတွင် ပြည်သူတွေနဲ့အတူ တက်ကြွစွာ ပူးပေါင်းပါဝင်ခဲ့သူ တစ်ဦး ဖြစ်ပါတယ်။ နေ့စဉ်ရက်ဆက် မမောနိုင်မပန်းနိုင်လမ်းပေါ်ထွက်
ပြီး ဆန္ဒထုတ်ဖော်ပွဲများတွင် ပါဝင်ခဲ့တာကြောင့် လူငယ်များက အတုယူခဲ့ရတာပါ။ ဒီလိုလှုပ်ရှားမှုများတွင်ပါဝင်ခဲ့တာကြောင့် ဦးဇင်ဝိုင်းအား ဒီနေ့ညနေမှာ သူနေထိုင်တဲ့ နေအိမ်တွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ ရတာပဲ ဖြစ်ပါတယ်။
အနုပညာရှင်အသိုင်းအဝိုင်းမှ ညီအစ်ကိုမောင်နှမများနဲ့ သူ့ကို အားပေးနေကြတဲ့ ပရိသတ်တွေကလည်း ဦးဇင်ဝိုင်း ဖမ်းဆီးခံရတဲ့ သတင်းကြောင့် ဝမ်းနည်းနေကြတာပဲ ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်က
ဦးဇင်ဝိုင်းရဲ့ မြေးဖြစ်သူ လေပြေသွေးရဲ့ Instagram Story တွင် အမှန်တရားအတွက်တိုက်ပွဲဝင်နေတဲ့ အဘိုးဖြစ်သူဘေးကင်းစေဖို့အတွက်ဆုတောင်းနေကြော င်းကို ရေးသား ထား တာ ဖြစ် ပါတယ်။
” အဘိုးကိုဒီနေ့ခေါ်သွားခြင်းခံရပြီး ဘယ်ကိုခေါ်သွားတယ်ဆိုတာကိုလည်းမိသားစုကိုပြောမသွားကြောင်း
ဒီအချိန်မှာလုပ်နိုင်တာက အဘိုးကျန်းမာဖို့နဲ့ဘေးကင်းဖို့ပဲဆုတောင်းနိုင်ပါတယ် “
” ကြောက်နေတာတွေတကယ်ဖြစ်လာပါပြီ ဒါပေမဲ့လူထုနဲ့အမှန်တရားအတွက်တိုက်ပွဲဝင်နေတဲ့ အဘိုးကိုအရမ်းဂုဏ်ယူတယ် ဒီပွဲမှာရှုံးတာကအဓိကမဟုတ်ဘူး ပိုပြီးပြင်းပြင်းထန်ထန်တိုက်ရမယ်လို့ပဲမှတ်ယူမိတယ်
အဘိုးကိုချစ်တယ် ပြီးတော့ဘေးကင်းဖို့ဆုတောင်းနေပါတယ်
လူထုအတွက်ရော မိသားစုအတွက်ရော လုပ်ပေးခဲ့တာတွေအားလုံးအတွက် ကျေးဇူးလည်းတင်ပါတယ်” ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ဦးဇင်ဝိုင်းတစ်ယောက်
အမြန်ဆုံးလွတ်မြောက်အောင် Speak Out များများ လုပ်ပေးကြဖို့ တောင်းဆိုလိုက်ပါရစေနော်။
Zawgyi
အမွန္တရားအတြက္ တိုက္ပြဲဝင္ေနတဲ့ အဘိုးျဖစ္သူ ေဘး ကင္းေစဖို႔အတြက္ ဆုေတာင္းေနတဲ့ ေလေျပေသြး
သ႐ုပ္ေဆာင္ ဇင္ဝိုင္းကေတာ့ လက္ရွိျမန္မာႏိုင္ငံတြင္ ျဖစ္ေပၚေနတဲ့ လူထုလႈပ္ရွားမႈမ်ားတြင္ ျပည္သူေတြနဲ႔အတူ တက္ႂကြစြာ ပူးေပါင္းပါဝင္ခဲ့သူ တစ္ဦး ျဖစ္ပါတယ္။ ေန႔စဥ္ရက္ဆက္ မေမာႏိုင္မပန္းႏိုင္လမ္းေပၚ
ထြက္ၿပီး ဆႏၵထုတ္ေဖာ္ပြဲမ်ားတြင္ ပါဝင္ခဲ့တာေၾကာင့္ လူငယ္မ်ားက အတုယူခဲ့ရတာပါ။ ဒီလိုလႈပ္ရွားမႈမ်ားတြင္ပါဝင္ခဲ့တာေၾကာင့္ ဦးဇင္ဝိုင္းအား ဒီေန႔ညေနမွာ သူေနထိုင္တဲ့ ေနအိမ္တြင္ ဖမ္းဆီးထိန္းသိမ္းခံခဲ့ ရတာပဲ ျဖစ္ပါတယ္။
အႏုပညာရွင္အသိုင္းအဝိုင္းမွ ညီအစ္ကိုေမာင္ႏွမမ်ားနဲ႔ သူ႔ကို အားေပးေနၾကတဲ့ ပရိသတ္ေတြကလည္း ဦးဇင္ဝိုင္း ဖမ္းဆီးခံရတဲ့ သတင္းေၾကာင့္ ဝမ္းနည္းေနၾကတာပဲ ျဖစ္ပါတယ္။ မၾကာေသးခင္ နာရီပိုင္းေလာက္က
ဦးဇင္ဝိုင္းရဲ႕ ေျမးျဖစ္သူ ေလေျပေသြးရဲ႕ Instagram Story တြင္ အမွန္တရားအတြက္တိုက္ပြဲဝင္ေနတဲ့ အဘိုးျဖစ္သူေဘးကင္းေစဖို႔အတြက္ဆုေတာင္းေနေၾကာ င္းကို ေရးသား ထား တာ ျဖစ္ ပါတယ္။
” အဘိုးကိုဒီေန႔ေခၚသြားျခင္းခံရၿပီး ဘယ္ကိုေခၚသြားတယ္ဆိုတာကိုလည္းမိသားစုကိုေျပာမသြားေၾကာင္း
ဒီအခ်ိန္မွာလုပ္ႏိုင္တာက အဘိုးက်န္းမာဖို႔နဲ႔ေဘးကင္းဖို႔ပဲဆုေတာင္းႏိုင္ပါတယ္ “
” ေၾကာက္ေနတာေတြတကယ္ျဖစ္လာပါၿပီ ဒါေပမဲ့လူထုနဲ႔အမွန္တရားအတြက္တိုက္ပြဲဝင္ေနတဲ့ အဘိုးကိုအရမ္းဂုဏ္ယူတယ္ ဒီပြဲမွာရႈံးတာကအဓိကမဟုတ္ဘူး ပိုၿပီးျပင္းျပင္းထန္ထန္တိုက္ရမယ္လို႔ပဲမွတ္ယူမိတယ္
အဘိုးကိုခ်စ္တယ္ ၿပီးေတာ့ေဘးကင္းဖို႔ဆုေတာင္းေနပါတယ္
လူထုအတြက္ေရာ မိသားစုအတြက္ေရာ လုပ္ေပးခဲ့တာေတြအားလုံးအတြက္ ေက်းဇူးလည္းတင္ပါတယ္” ဆိုၿပီး ေရးသားထားတာပဲ ျဖစ္ၿပီး ဦးဇင္ဝိုင္းတစ္ေယာက္
အျမန္ဆုံးလြတ္ေျမာက္ေအာင္ Speak Out မ်ားမ်ား လုပ္ေပးၾကဖို႔ ေတာင္းဆိုလိုက္ပါရေစေနာ္။