လူပေါင်းများစွာ တစ်ရက်တည်းအသက်ဆုံးရှုံးခဲ့ရလို့ သင်္ကြန်အကြတ်နေ့မှာ ကြေကွဲစွာနဲ့ရက်လည်ဆွမ်းကပ် နေရတဲ့ ပဲခူးမြို့က အိမ်ပေါင်း(၈၀)ကျော်

လူပေါင်းများစွာ တစ်ရက်တည်းအသက်ဆုံးရှုံးခဲ့ရလို့ သင်္ကြန်အကြတ်နေ့မှာ ကြေကွဲစွာနဲ့ရက်လည်ဆွမ်းကပ် နေရတဲ့ ပဲခူးမြို့က အိမ်ပေါင်း(၈၀)ကျော်

မြို့တိုင်း၊နယ်တိုင်းမှာပြုလုပ်ကြတဲ့ လူထုလှုပ်ရှားမှုတွေကို ဖြိုခွင်းခံရလို့ တချို့ ပြည်သူတွေလည်း ကျည်+ထိမှန်ပြီးကျ+ဆုံးခဲ့ရတာဖြစ်ပါတယ်။နေ့တိုင်းနီးပါး ကျ+ဆုံးသူရဲကောင်းတွေရှိပေမယ့် ပြည်သူတွေကတော့ အကြောက်တရားကင်းမဲ့စွာနဲ့ ဆက်လက်ရင်ဆိုင်နေကြဆဲဖြစ်ပါတယ်။

လူထုလှုပ်ရှားမှုတွေကို နည်းလမ်းအမျိုးမျိုးနဲ့ဆောင်ရွက်နေကြပြီး အခုလိုသင်္ကြန်ရက်ကာလမှာတောင် ပြည်သူတွေကတက်ညီလက်ညီနဲ့ အတာအိုးသပိတ်၊မုန့်လုံးရေပေါ်သပိတ် စတာတွေကိုဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။

သင်္ကြန်ကာလဆိုတာ မြန်မာလူမျိုးတွေရဲ့ ချစ်စရာရိုးရာဓလေ့ဖြစ်ပေမယ့် အခုဖြစ်ပေါ်နေတဲ့အခြေအနေတွေကြောင့် ဘယ်သူမှမပျော်ရွှင်နိုင်ကြတာဖြစ်ပါတယ်။သင်္ကြန်အကြတ်နေ့ကဆိုရင် ပဲခူးကအိမ်ပေါင်း(၈၀)ကျော်ကတော့ဝမ်းနည်းကြေကွဲစွာနဲ့ ရက်လည်ဆွမ်းကပ်နေရတာဖြစ်ပါတယ်။

ဧပြီလ(၁၀)ရက်နေ့က ပဲခူးမှာပြုလုပ်တဲ့ လူထုလှုပ်ရှားမှုတွေကို ဖြိုခွင်းခံရလို့ သူရဲကောင်းအယောက်(၈၀)ကျော် အ+သက်+ပေးသွားခဲ့ရတာဖြစ်ပါတယ်။ကျဆုံးသွားတဲ့သူရဲကောင်းတွေထဲမှာ အနာဂတ်အတွက်သားကောင်းရတနာလေးတွေဖြစ်တဲ့ လူငယ်လေးတွေ အများအပြားပါဝင်နေတာဖြစ်ပါတယ်။

ပြည်သူလူထုကလည်း နွေဦးတော်လှန်ရေးမှာ ကျဆုံးသွားရတဲ့ သူရဲကောင်းတွေအတွက် ကြေကွဲဝမ်းနည်းရင်း ဒီလိုအခါကြီးရက်ကြီးမှာ ကုသိုလ်ကောင်းမှူတွေပါပြုလုပ်ပေးနေကြတာဖြစ်ပါတယ်။ကျန်ရစ်သူမိသားစုဝင်တွေအနေနဲ့လည်း ဘာနဲ့မှအစားထိုးလို့မရနိုင်တဲ့ မိမိတို့ရဲ့သွေးသားရင်းခြာတွေကို ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။

၂၀၂၁ခုနှစ်ရဲ့ အတာသင်္ကြန်ရက်တွေကတော့ ပြည်သူတွေရဲ့ရင်ထဲမှာ ဝမ်းနည်းမှုတွေနဲ့ နာကျင်ခံစားနေရကြောင်းကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။

Zawgyi

လူေပါင္းမ်ားစြာ တစ္ရက္တည္းအသက္ဆုံးရႈံးခဲ့ရလို႔ သၾကၤန္အၾကတ္ေန႔မွာ ေၾကကြဲစြာနဲ႔ရက္လည္ဆြမ္းကပ္ ေနရတဲ့ ပဲခူးၿမိဳ႕က အိမ္ေပါင္း(၈၀)ေက်ာ္

ၿမိဳ႕တိုင္း၊နယ္တိုင္းမွာျပဳလုပ္ၾကတဲ့ လူထုလႈပ္ရွားမႈေတြကို ၿဖိဳခြင္းခံရလို႔ တခ်ိဳ႕ ျပည္သူေတြလည္း က်ည္+ထိမွန္ၿပီးက်+ဆုံးခဲ့ရတာျဖစ္ပါတယ္။ေန႔တိုင္းနီးပါး က်+ဆုံးသူရဲေကာင္းေတြရွိေပမယ့္ ျပည္သူေတြကေတာ့ အေၾကာက္တရားကင္းမဲ့စြာနဲ႔ ဆက္လက္ရင္ဆိုင္ေနၾကဆဲျဖစ္ပါတယ္။

လူထုလႈပ္ရွားမႈေတြကို နည္းလမ္းအမ်ိဳးမ်ိဳးနဲ႔ေဆာင္႐ြက္ေနၾကၿပီး အခုလိုသၾကၤန္ရက္ကာလမွာေတာင္ ျပည္သူေတြကတက္ညီလက္ညီနဲ႔ အတာအိုးသပိတ္၊မုန႔္လုံးေရေပၚသပိတ္ စတာေတြကိုေဆာင္႐ြက္ေနၾကတာ ျဖစ္ပါတယ္။

သၾကၤန္ကာလဆိုတာ ျမန္မာလူမ်ိဳးေတြရဲ႕ ခ်စ္စရာ႐ိုးရာဓေလ့ျဖစ္ေပမယ့္ အခုျဖစ္ေပၚေနတဲ့အေျခအေနေတြေၾကာင့္ ဘယ္သူမွမေပ်ာ္႐ႊင္ႏိုင္ၾကတာျဖစ္ပါတယ္။သၾကၤန္အၾကတ္ေန႔ကဆိုရင္ ပဲခူးကအိမ္ေပါင္း(၈၀)ေက်ာ္ကေတာ့ဝမ္းနည္းေၾကကြဲစြာနဲ႔ ရက္လည္ဆြမ္းကပ္ေနရတာျဖစ္ပါတယ္။

ဧၿပီလ(၁၀)ရက္ေန႔က ပဲခူးမွာျပဳလုပ္တဲ့ လူထုလႈပ္ရွားမႈေတြကို ၿဖိဳခြင္းခံရလို႔ သူရဲေကာင္းအေယာက္(၈၀)ေက်ာ္ အ+သက္+ေပးသြားခဲ့ရတာျဖစ္ပါတယ္။က်ဆုံးသြားတဲ့သူရဲေကာင္းေတြထဲမွာ အနာဂတ္အတြက္သားေကာင္းရတနာေလးေတြျဖစ္တဲ့ လူငယ္ေလးေတြ အမ်ားအျပားပါဝင္ေနတာျဖစ္ပါတယ္။

ျပည္သူလူထုကလည္း ေႏြဦးေတာ္လွန္ေရးမွာ က်ဆုံးသြားရတဲ့ သူရဲေကာင္းေတြအတြက္ ေၾကကြဲဝမ္းနည္းရင္း ဒီလိုအခါႀကီးရက္ႀကီးမွာ ကုသိုလ္ေကာင္းမႉေတြပါျပဳလုပ္ေပးေနၾကတာျဖစ္ပါတယ္။က်န္ရစ္သူမိသားစုဝင္ေတြအေနနဲ႔လည္း ဘာနဲ႔မွအစားထိုးလို႔မရႏိုင္တဲ့ မိမိတို႔ရဲ႕ေသြးသားရင္းျခာေတြကို ဆုံးရႈံးခဲ့ရတာျဖစ္ပါတယ္။

၂၀၂၁ခုႏွစ္ရဲ႕ အတာသၾကၤန္ရက္ေတြကေတာ့ ျပည္သူေတြရဲ႕ရင္ထဲမွာ ဝမ္းနည္းမႈေတြနဲ႔ နာက်င္ခံစားေနရေၾကာင္းကိုျပန္လည္မွ်ေဝေပးလိုက္ပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *