ပြေတီဦးဆိုတာနဲ့ပရိသတ်တွေချစ်တဲ့နိုင်ငံကျော်တစ်ယောက်ပါ။ အိန္ဒြာကျော်ဇင်နဲ့တူတူပျော်ရွှင်စရာမိသားစုဘဝလေးကိုလည်းပိုင်ဆိုင်ထားတာပါ။ သူတို့မိသားစုလေးကိုလည်းပရိသတ်တွေကချစ်မဝဖြစ်နေရတာပါ။
ထိန်းသိမ်းခံရပြီးလွတ်မြောက်လာတဲ့နောက်ပိုင်းပရိသတ်တွေနဲ့လည်းဝေးကွာနေခဲ့တာပါ။ ဘယ်လိုပဲဖြစ်ဖြစ်ပရိသတ်တွေကတော့ချစ်နေမြဲပါ။ ဒီနေ့ကတော့ပြေတီဦးရဲ့မွေးနေ့လေးပဲဖြစ်ပါတယ်။
ပြေတီဦးရဲ့မွေးနေ့လေးမှာတော့ညီမဖြစ်သူကဆုတောင်းပေးခဲ့တာပါ။ မွေးနေ့ရှင်နဲ့ အမှတ်တရ ရိုက်ထားတဲ့ပုံထဲမှာ ဒီပုံလေးကို အကြိုက်ဆုံးပဲ..သူကတော့ပြောတယ်.. နင်ဟာလေ အလိုက်ကမ်းဆ်ိုးကို မသိတာတဲ့.. သူများက တွဲရိုက်ချင်မှန်းမသိ မရိုက်ချင်မှန်းမသိ.. အတင်းဝင်ရပ်ပြီး ရိုက်တာပဲတဲ့.. လုပ်ချင်တာလုပ်နေရတဲ့ ရုပ်ကိုကြည့်.. ဖြီးနေတာပဲတဲ့..ကိုယ်ကတော့ နှစ်ထောင်းအားရ ကျေနပ်ပီတိဖြစ်နေတဲ့ ကိုယ့်ရုပ်လေးကို အရမ်းချစ်ပဲ..တစ်ယောက်ထဲမရိုက်ရလို့ ဆူပုတ်နေတဲ့ တစ်ယောက် ယနေ့မှာကျရောက်တဲ့ မွေးနေ့မှစရျ် အလိုရှိတဲ့ဆန္ဒတွေ ပြည့်ဝပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်..ပုံထဲကလိုမဟုတ်ဘဲ ကြည်သာရွှင်ပြ ထာဝရအေးချမ်းလှပပါစေ အူးတီ..Happy Birthday ပါ..ဆိုပြီးပြောပြခဲ့တာပါ။