နှစ်ဆန်းတစ်ရက်နေ့တွင် တစ်နေရာစီဝေးကွာ နေတဲ့မိဘနှစ်ပါးအား အဝေးတစ်နေရာကနေ ကန်တော့လိုက်တဲ့ မင်းမော်ကွန်း

နှစ်ဆန်းတစ်ရက်နေ့တွင် တစ်နေရာစီဝေးကွာ နေတဲ့မိဘနှစ်ပါးအား အဝေးတစ်နေရာကနေ ကန်တော့လိုက်တဲ့ မင်းမော်ကွန်း

သရုပ်ဆောင် မင်းမော်ကွန်းကတော့ ဆယ်စုနှစ်တွေများစွာတိုင်အောင် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို သိမ်းပိုက်ရရှိထားတဲ့ အနု ပညာရှင်တစ်ဦးပါ။ သူကတော့ ပြည်သူတွေနဲ့အတူ အမှန်တရားဘက်ကနေ မားမားမတ်မတ်ရပ်တည်ပေးနေပြီး လူထုလှုပ်ရှားမှုမှာလည်း တက်ကြွစွာ ပါဝင်ခဲ့သူဖြစ်ပါတယ်။ အခြေအနေအရပ်ရပ်ကြောင့် တိမ်းရှောင်နေရ ပေမယ့်လည်း ရောက်ရာ အရပ်ကနေ လူထုလှုပ်ရှားမှု များအား ဆက်လက်ပါဝင်နေဦးမှာဖြစ်ကြောင်းကို ထုတ်ဖော်ပြောကြားထားတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ပရိသတ်တွေ သူ့ရဲ့ လုံခြုံရေးအတွက် စိတ်မပူစေဖို့ကိုလည်း လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် ရေးသားဝေမျှပေးနေတာလည်း ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း မင်းမော်ကွန်းရဲ့ Facebook အကောင့်တွင် နှစ်ဆန်း တစ်ရက် နေ့တွင် တစ်နေရာစီ ဝေး ကွာ နေတဲ့မိဘနှစ်ပါးအား အဝေးတစ်နေရာကနေ ကန်တော့လိုက်ကြောင်းကို တင်ထားတာပဲ ဖြစ်ပါတယ်။

မင်းမော်ကွန်းရဲ့ ဖခင် ဦးဇင်ဝိုင်းဟာ မကြာသေးခင်ရက်ပိုင်းကပဲ နေအိမ်တွင် ဖမ်းဆီးထိန်းသိမ်းခံ ခဲ့ရတာ ဖြစ်ပါတယ်။သူကလည်း”နှစ်ဆန်း တစ်ရက်နေ့မှာ တစ်နေရာစီမှာဝေးကွာနေတဲ့ အမေနဲ့အဖေကို အဝေးတစ်နေရာကပဲ သားကန်တော့ပါတယ် အမေရော အဖေပါ

ကျန်းမာချမ်းသာစွာရှိနိုင်ကြပါစေ” ဆိုပြီး ရေးသားထား တာပဲ ဖြစ်ပါတယ်။ ဒီပို့စ်ရဲ့ အောက်မှာ လည်း ပရိသတ် များ က ဝေးကွာနေတဲ့ မင်း မော်ကွန်းတို့မိသားစုများလည်း အရင်လို တစ်စုတစ်စည်းတည်း ပြန်လည်ဖြစ်ဖို့ သိပ်မလိုတော့ကြောင်း အားပေးစကားများလည်း ရေးသား ထားကြတာပါ။ ပရိသတ်တွေအတွက် ဒီသတင်းကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Zawgyi

ႏွစ္ဆန္းတစ္ရက္ေန႔တြင္ တစ္ေနရာစီေဝးကြာ ေနတဲ့မိဘႏွစ္ပါးအား အေဝးတစ္ေနရာကေန ကန္ေတာ့လိုက္တဲ့ မင္းေမာ္ကြန္း

သ႐ုပ္ေဆာင္ မင္းေမာ္ကြန္းကေတာ့ ဆယ္စုႏွစ္ေတြမ်ားစြာတိုင္ေအာင္ ပရိသတ္ေတြရဲ႕ ခ်စ္ခင္အားေပးမႈေတြကို သိမ္းပိုက္ရရွိထားတဲ့ အႏု ပညာရွင္တစ္ဦးပါ။ သူကေတာ့ ျပည္သူေတြနဲ႔အတူ အမွန္တရားဘက္ကေန မားမားမတ္မတ္ရပ္တည္ေပးေနၿပီး လူထုလႈပ္ရွားမႈမွာလည္း တက္ႂကြစြာ ပါဝင္ခဲ့သူျဖစ္ပါတယ္။ အေျခအေနအရပ္ရပ္ေၾကာင့္ တိမ္းေရွာင္ေနရ ေပမယ့္လည္း ေရာက္ရာ အရပ္ကေန လူထုလႈပ္ရွားမႈ မ်ားအား ဆက္လက္ပါဝင္ေနဦးမွာျဖစ္ေၾကာင္းကို ထုတ္ေဖာ္ေျပာၾကားထားတာလည္း ျဖစ္ပါတယ္။

ဒါ့အျပင္ ပရိသတ္ေတြ သူ႔ရဲ႕ လုံၿခဳံေရးအတြက္ စိတ္မပူေစဖို႔ကိုလည္း လူမႈကြန္ယက္စာမ်က္ႏွာမွတစ္ဆင့္ ေရးသားေဝမွ်ေပးေနတာလည္း ျဖစ္ပါတယ္။ မၾကာေသးခင္ နာရီပိုင္းေလာက္ကလည္း မင္းေမာ္ကြန္းရဲ႕ Facebook အေကာင့္တြင္ ႏွစ္ဆန္း တစ္ရက္ ေန႔တြင္ တစ္ေနရာစီ ေဝး ကြာ ေနတဲ့မိဘႏွစ္ပါးအား အေဝးတစ္ေနရာကေန ကန္ေတာ့လိုက္ေၾကာင္းကို တင္ထားတာပဲ ျဖစ္ပါတယ္။

မင္းေမာ္ကြန္းရဲ႕ ဖခင္ ဦးဇင္ဝိုင္းဟာ မၾကာေသးခင္ရက္ပိုင္းကပဲ ေနအိမ္တြင္ ဖမ္းဆီးထိန္းသိမ္းခံ ခဲ့ရတာ ျဖစ္ပါတယ္။သူကလည္း”ႏွစ္ဆန္း တစ္ရက္ေန႔မွာ တစ္ေနရာစီမွာေဝးကြာေနတဲ့ အေမနဲ႔အေဖကို အေဝးတစ္ေနရာကပဲ သားကန္ေတာ့ပါတယ္ အေမေရာ အေဖပါ

က်န္းမာခ်မ္းသာစြာရွိႏိုင္ၾကပါေစ” ဆိုၿပီး ေရးသားထား တာပဲ ျဖစ္ပါတယ္။ ဒီပို႔စ္ရဲ႕ ေအာက္မွာ လည္း ပရိသတ္ မ်ား က ေဝးကြာေနတဲ့ မင္း ေမာ္ကြန္းတို႔မိသားစုမ်ားလည္း အရင္လို တစ္စုတစ္စည္းတည္း ျပန္လည္ျဖစ္ဖို႔ သိပ္မလိုေတာ့ေၾကာင္း အားေပးစကားမ်ားလည္း ေရးသား ထားၾကတာပါ။ ပရိသတ္ေတြအတြက္ ဒီသတင္းကို တစ္ဆင့္ျပန္လည္ ကူးယူတင္ဆက္ေပးလိုက္ ရပါတယ္ေနာ္။

Leave a Reply

Your email address will not be published. Required fields are marked *