အိမ်ထောင်စု (၁၀၀)စာ အ တွက် စားနပ်ရိက္ခာ များ လှူဒါန်း ခဲ့တဲ့ ရေဗက္ကာဝင်း

မိတ်ဆွေတွေနဲ့စုပေါင်းကာ လိုအပ်နေတဲ့ အိမ်ထောင်စု (၁၀၀)စာ အ တွက် စားနပ်ရိက္ခာ များ လှူဒါန်း ခဲ့တဲ့ ရေဗက္ကာဝင်း

ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကိုအခိုင်အမာရရှိထားတဲ့ ရေဗက္ကာဝင်းကတော့ ဒီရက်ပိုင်းတွေမှာတောက်လျှောက် လှူဒါန်းမှုတွေမျိုးစုံပြု လုပ် ပေး နေတာကိုတွေ့မြင်ရပါတယ်။ခုလတ်တလောအခြေအနေတွေကြောင့် စားဝတ်နေရေး အခက်အခဲတွေနဲ့ရင် ဆိုင်နေရတဲ့ ပြည်သူ တွေ အတွက်လည်း အစားအသောက်များနဲ့ လိုအပ်တာများ လှူဒါန်းကာ ရရာနေရာကနေ ပါဝင်ကူညီအားဖြည့်ပေးနေတာဖြစ်ပါတယ်။

ဒီလိုခက်ခဲတဲ့ ကာလတွေမှာ ပြည်သူတွေဟာ အလုပ်အကိုင်များကို အလွယ် တကူ မလုပ်ကိုင်နိုင် တာကြောင့် စားဝတ်နေရေး အခက်အခဲ တွေ ကို ကြုံတွေ့နေရတာလည်းဖြစ်ပါတယ်။ ဒီလိုအခက်အခဲတွေကို အနုပညာရှင်တွေ အပါအဝင် ပြည်သူ အချင်း ချင်း ကပဲ တတ်နိုင်သ လောက် ကူညီဖေးမရင်း အပြန်အလှန်ကူညီနေကြတာလည်းဖြစ်ပါတယ်။

ဒီနေ့မှာဆိုရင်လည်း ရေဗက္ကာဝင်းက ခင်မင်ရတဲ့ မိတ်ဆွေတွေနဲ့ စုပေါင်းပြီး လိုအပ်နေတဲ့ ပြည်သူတွေအတွက် စားနပ်ရိက္ခာများကို လှူဒါန်း ဖြစ်ခဲ့ကြောင်း အလှူပုံလေးတွေနဲ့တကွ ” မြန်မာနှစ်သစ်ကူးအလှူအ ဖြစ် အနုပညာ ပိုးသဘက် Shingni Nbat ( မြစ်ကြီးနား ) ပထမမြန်မာ နှစ်ခြင်းအသင်းတော် (ဆန်ဖရန်စ္စကို) Nestle Myanmar တို့နဲ့အတူ

အိမ်ထောင်စု ၁၀၀စာ အတွက် ပေါ်ဆန်းမွှေး ၃ပြည် နေကြာဆီ ၁လီတာ ပဲနီလေး ကြက်သွန်နီတစ်ပိသာကြက်သွန်ဖြူမှုန့်ဂျင်းမှုန့်ပဲကြာဇံ Maggi စွယ်စုံသုံးဟင်းခတ်မှုန့် တို့ကို လိုအပ်နေတဲ့ လှိုင်သာယာနဲ့ ရွှေပြည် သာ မှ ပြည်သူများအတွက် ပေးလှူခဲ့ပါတယ်ရှင် “ဆိုပြီးရေးသားဖော်ပြထား ရာ ပရိသတ်ကြီးလည်း သာဓုခေါ်နိုင်စေရန် ပြန် လည်ဖော် ပြ ပေးလိုက်ပါတယ်။

Zawgyi






Leave a Reply

Your email address will not be published. Required fields are marked *