ငယ်စဉ်ကတည်းက သူမအပေါ် ငဲ့ညှာမှုလုံးဝမရှိဘဲ ရက်စက်သွားခဲ့တဲ့ ဖခင်ဖြစ်သူရဲ့လုပ်ရက်တွေကို ရင်ဖွင့်ပြောပြလာတဲ့ မြတ်သူသူ

ပရိသတ်ကြီးရေ သရုပ်ဆောင် မြတ်သူသူကတော့ လက်ရှိမှာ အနုပညာလှုပ်ရှားမှုတွေ ရပ်နားထားပြီး ချစ်ရသူလေးနဲ့အတူ တန်ဖိုးရှိတဲ့ အချိန်လေးတွေ ဖြတ်သန်းကုန်ဆုံးနေတာ ဖြစ်ပါတယ်။ သူမရဲ့ဘဝလေးကိုလည်း အားကျနေရသူတွေ များနေတာ ဖြစ်ပါတယ်။ ချမ်းသာတဲ့ ချစ်သူလေးကို ရရှိထားတာကြောင့်လည်း ဝေဖန်မှုတွေလည်း ခံနေရတာပါ။

မကြာသေးခင်က မြတ်သူသူရဲ့လူမှုကွန်ရက်စာမျက်နှာတွင် ပို့စ်တစ်ခု တင်ထားတာ ဖြစ်ပါတယ်။ ဒါကတော့ ငယ်စဉ်ကတည်းက သူမအပေါ်ရက်စက်သွားခဲ့တဲ့ ဖခင်ဖြစ်သူရဲ့လုပ်ရက်တွေကို ရင်ဖွင့်ပြောပြလာတာ ဖြစ်ပါတယ်။

” အဖေဆိုတာ လက်ထဲ ပိုက်ဆံရလာရင် အိမ်မှာတောင်ထမင်းမစားတော့ဘူး မွေးထားတဲ့ကျေးဇူးတခုထဲနဲ့ ပတ်သက်နေတာ ကျန်တာ သံယောဇဉ်ပြတ်ပြီးသားအဖေနဲ့အမေကွဲနေတာ ကိုယ် ၁၀တန်းမတိုင်ခင် အသက် (14/15)ထဲကပဲ မှတ်မှတ်ရရ (၁၀)တန်းစာမေးပွဲကို တခြားမြို့နယ်မှာ သွားဖြေရမယ့် ပထမဆုံးနေ့ကို လမ်းထိပ်မှာ ထားခဲ့ပြီး လမ်းစရိတ်ပိုက်ဆံယူသွားအရက်သောက်ပစ်တာနော် ငိုယိုပြီး အိမ်ပြန်လာရတယ် ပြီးမှ အသည်းအသန်အမေက လိုက်ပို့ရတာ ဘယ်တော့မှမမေ့ဘူး

ဘွဲ့ယူတော့ မိစုံဖစုံရှိချင်လို့ ကိုယ်တွေသားအမိပဲ အကုန်စီစဉ်ပြီးခေါ်ခဲ့ရတာ ပြောမထွက်တဲ့ တခြားကိစ္စတွေအများကြီး သူတို့ဘက်က တူဖြစ်သူဖုန်းဆက်ပြီး ကိုယ့်ကိုဆဲခဲ့တာတွေလည်း မမေ့ဘူးနော်အခု အသက် (33)ရှိပြီ ဖြစ်ခဲ့သမျှ ကြုံခဲ့သမျှ ရင်ထဲ အကုန်ရှိတယ် အခုထိလည်း ကိုယ်နဲ့သာ စကားမပြောတာ ကိုယ်လက်ထပ်မယ့်အမျိုးသားနဲ့ဆက်သွယ်ပြီး လိုအပ်ရင်ထောက်ပံ့နေတုန်းပဲ တနေ့ကထိ ဖုန်းဆက်နေကြတုန်းပဲအခု အဖေ့ညီမဝမ်းကွဲ အဒေါ်ဖြစ်သူကိုယ်တိုင်က ကိုယ့် Page အောက်မှာ လာရေးတာတင်အားမရ မီဒီယာတွေအောက် အခုလိုလိုက်ရေးနေတော့ အမှန်တိုင်း အားလုံးသိရတာပေါ့

ဒါတောင် ကိုကိုက ရွာကို သူကိုယ်တိုင်ကားမောင်းပြီး အဖေနဲ့ ကိုယ်တွေသားအမိကိုပေးတွေ့ပေးခဲ့သေးတာနော်စိတ်ထဲအဆင်မပြေတော့တဲ့အခါ Live အရှည်ကြီး ထလွှင့်ဦးမှာ ဆိုးလာရင်ပေါ့” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *