အကြောဆိုင်း၊ လေဖြန်းရောဂါများအတွက် ဆေးကောင်းတစ်လက်

အကြောဆိုင်း၊ လေဖြန်းရောဂါများအတွက် ဆေးကောင်းတစ်လက်

လူသားတွေဟာအသက်အရွယ်လေးအတန်သင့်ရလာတာနဲ့အမျှသွေးသားတွေဟာလည်းတဖြေးဖြေးဆုတ်ယုတ်လာပြီးအလုပ်တွေပင်ပင်ပန်းပန်းလုပ်တဲ့ဒဏ်ကိုမိမိတို့ ခန္ဓာကိုယ် ကြီးကခံနိုင်ရည်စွမ်းကျဆင်းလာတတ်ပါတယ်။အလုပ် တွေပင်ပင်ပန်းပန်းလုပ်ရတဲ့,လုပ်ခဲ့တဲ့ဒဏ်တွေကြောင့်ခန္ဓာကိုယ်ထဲမှာရှိတဲ့အကြောတွေကမကြာခဏညောင်းညာကိုက်ခဲနေတာမျိုး,အကြောတွေဆိုင်းချင်သလိုလိုဖြစ်သွားတာ,အကြောတွေလုံးဝဆိုင်သွားတာမျိုး,လေဖြန်းချင်သလိုလိုဖြစ်သွားတာ,လုံးဝလေ ဖြန်းသွားတာမျိုးတွေဖြစ်လာတတ်ပါတယ်။

အဲဒီလို ရောဂါ တွေခံစားနေရပြီဆိုရင်အခုဖော်ပြမဲ့ဆေးနည်းလေးကသက်သာပျောက်ကင်းစေမှာပါ။ဦးဇင်းကိုယ်လဲဦးဇင်းနဲ့ပက်သတ်ဆက်နွယ်နေတဲ့ဒကာကြီးတွေ,ဒကာမကြီးတွေကိုဆေးနည်းပြောပြပြီးသုံးစွဲဖို့တိုက်တွန်းသလိုကြုံတဲ့အခါမှာလည်းကိုယ်တိုင်ကိုယ်ကျဖော်စပ်ပေးခဲ့ပါတယ်။အမြဲလိုလိုညောင်းညာကိုက်ခဲနေသူများဟာတစ်ပတ်လောက်ပုံမှန်စားလိုက်တဲ့အခါညောင်းညာကိုက်ခဲမှုတွေပျောက်ကင်းပြီးနောက်ထပ်ပေါ်မလာတော့ကြောင်းဝမ်းသာအားရလာပြီးပြောကြပါတယ်။အကြောဆိုင်းနေသူများနဲ့လေဖြန်းနေသူများကကလည်းတစ်လ,နှစ်လစသည်အားဖြင့်ဖော်စားလိုက်,ခဏနားလိုက်နဲ့သုံးစွဲလိုက်လို့သက်သာပျောက်ကင်းကြောင်းဝမ်းသာအားရပြန်ပြောကြပါတယ်။

ဆေးနည်းလေးကတော့ – (၁)။ဖီးကြမ်းငှက်ပျောသီးမှည့်မှည့်ရယ်(မမှည့်ရင်ချောင်းဆိုးတတ်ပါသည်)(၂)။သက်ရင်းကြီးရွက်ရယ်(၎င်းအပင်မှာဒေသတိုင်းတွင်ပေါက်လေ့ရှိပါသည်)ဒီနှစ်မျိုးပဲလိုအပ်မှာပါ။ဖော်စပ်ပုံကတော့ – (၁)။ဖီးကြမ်းငှက်ပျောသီးကိုဟိုဘက်ထိပ်ဒီဘက်ထိပ်အတွင်းသားလေးတွေပေါ်ရုံလောက်လှီးဖြတ်ထားပါ။(၂)။သက်ရင်းကြီးရွက်ကိုရေစင်အောင်ဆေးပြီးနှစ်ရွက်သုံးရွက်ထပ်ကာငှက်ပျောသီးကိုလုံအောင်ဖုံး၍လျော်နှင့်စည်းပြီးထုတ်ပါ။(၃)။ပြီးလျှင်အိုးထဲထည့်ပြီးမီးဖိုပေါ်မှာ၆-နာရီကြာပြုတ်ရပါမည်။

(၆-နာရီဆိုငြားလည်းဦးဇင်းကတောနှစ်ရေပွက်ပြီးဖိုပေါ်မှာမီးအေးအေးနဲ့ပစ်ထားလိုက်ပါသည်)စားပုံစားနည်းကတော့ – ပြုပ်ပြီးသားအထုပ်လေးကိုအပေါ်ကဖက်တွေပြန်ခွာ,ငှက်ပျောသီးကိုလည်းအခွံခွာပြီးအတွင်းသားကိုသာ–မနက်တစ်လုံးညတစ်လုံးတစ်နေ့နှစ်ကြိမ်စားရမှာဖြစ်ပါတယ်။ငယ်ရွယ်တဲ့သူတွေအတွက်လည်းခရီးပင်ပန်းလို့အလုပ်တွေပင်ပင်ပန်းပန်းလုပ်ရလို့တစ်ကိုယ်လုံးညောင်းညာကိုက်ခဲနေရင် ၎င်းငှက်ပျောသီးလေးတစ်လုံးမျှစားလိုက်တာနဲ့ညောင်းညာကိုက်ခဲမှုများလျင်မြန်စွာသက်သာပါကြောင်းကိုယ်တွေ့မို့သတင်းကောင်းပါးလိုက်ပါရစေ။

Zawgyi

အေၾကာဆိုင္း၊ ေလျဖန္းေရာဂါမ်ားအတြက္ ေဆးေကာင္းတစ္လက္

လူသားေတြဟာအသက္အ႐ြယ္ေလးအတန္သင့္ရလာတာနဲ႔အမွ်ေသြးသားေတြဟာလည္းတေျဖးေျဖးဆုတ္ယုတ္လာၿပီးအလုပ္ေတြပင္ပင္ပန္းပန္းလုပ္တဲ့ဒဏ္ကိုမိမိတို႔ ခႏၶာကိုယ္ ႀကီးကခံႏိုင္ရည္စြမ္းက်ဆင္းလာတတ္ပါတယ္။အလုပ္ ေတြပင္ပင္ပန္းပန္းလုပ္ရတဲ့,လုပ္ခဲ့တဲ့ဒဏ္ေတြေၾကာင့္ခႏၶာကိုယ္ထဲမွာရွိတဲ့အေၾကာေတြကမၾကာခဏေညာင္းညာကိုက္ခဲေနတာမ်ိဳး,အေၾကာေတြဆိုင္းခ်င္သလိုလိုျဖစ္သြားတာ,အေၾကာေတြလုံးဝဆိုင္သြားတာမ်ိဳး,ေလျဖန္းခ်င္သလိုလိုျဖစ္သြားတာ,လုံးဝေလ ျဖန္းသြားတာမ်ိဳးေတြျဖစ္လာတတ္ပါတယ္။

အဲဒီလို ေရာဂါ ေတြခံစားေနရၿပီဆိုရင္အခုေဖာ္ျပမဲ့ေဆးနည္းေလးကသက္သာေပ်ာက္ကင္းေစမွာပါ။ဦးဇင္းကိုယ္လဲဦးဇင္းနဲ႔ပက္သတ္ဆက္ႏြယ္ေနတဲ့ဒကာႀကီးေတြ,ဒကာမႀကီးေတြကိုေဆးနည္းေျပာျပၿပီးသုံးစြဲဖို႔တိုက္တြန္းသလိုႀကဳံတဲ့အခါမွာလည္းကိုယ္တိုင္ကိုယ္က်ေဖာ္စပ္ေပးခဲ့ပါတယ္။အၿမဲလိုလိုေညာင္းညာကိုက္ခဲေနသူမ်ားဟာတစ္ပတ္ေလာက္ပုံမွန္စားလိုက္တဲ့အခါေညာင္းညာကိုက္ခဲမႈေတြေပ်ာက္ကင္းၿပီးေနာက္ထပ္ေပၚမလာေတာ့ေၾကာင္းဝမ္းသာအားရလာၿပီးေျပာၾကပါတယ္။အေၾကာဆိုင္းေနသူမ်ားနဲ႔ေလျဖန္းေနသူမ်ားကကလည္းတစ္လ,ႏွစ္လစသည္အားျဖင့္ေဖာ္စားလိုက္,ခဏနားလိုက္နဲ႔သုံးစြဲလိုက္လို႔သက္သာေပ်ာက္ကင္းေၾကာင္းဝမ္းသာအားရျပန္ေျပာၾကပါတယ္။

ေဆးနည္းေလးကေတာ့ – (၁)။ဖီးၾကမ္းငွက္ေပ်ာသီးမွည့္မွည့္ရယ္(မမွည့္ရင္ေခ်ာင္းဆိုးတတ္ပါသည္)(၂)။သက္ရင္းႀကီး႐ြက္ရယ္(၎အပင္မွာေဒသတိုင္းတြင္ေပါက္ေလ့ရွိပါသည္)ဒီႏွစ္မ်ိဳးပဲလိုအပ္မွာပါ။ေဖာ္စပ္ပုံကေတာ့ – (၁)။ဖီးၾကမ္းငွက္ေပ်ာသီးကိုဟိုဘက္ထိပ္ဒီဘက္ထိပ္အတြင္းသားေလးေတြေပၚ႐ုံေလာက္လွီးျဖတ္ထားပါ။(၂)။သက္ရင္းႀကီး႐ြက္ကိုေရစင္ေအာင္ေဆးၿပီးႏွစ္႐ြက္သုံး႐ြက္ထပ္ကာငွက္ေပ်ာသီးကိုလုံေအာင္ဖုံး၍ေလ်ာ္ႏွင့္စည္းၿပီးထုတ္ပါ။(၃)။ၿပီးလွ်င္အိုးထဲထည့္ၿပီးမီးဖိုေပၚမွာ၆-နာရီၾကာျပဳတ္ရပါမည္။

(၆-နာရီဆိုျငားလည္းဦးဇင္းကေတာႏွစ္ေရပြက္ၿပီးဖိုေပၚမွာမီးေအးေအးနဲ႔ပစ္ထားလိုက္ပါသည္)စားပုံစားနည္းကေတာ့ – ျပဳပ္ၿပီးသားအထုပ္ေလးကိုအေပၚကဖက္ေတြျပန္ခြာ,ငွက္ေပ်ာသီးကိုလည္းအခြံခြာၿပီးအတြင္းသားကိုသာ–မနက္တစ္လုံးညတစ္လုံးတစ္ေန႔ႏွစ္ႀကိမ္စားရမွာျဖစ္ပါတယ္။ငယ္႐ြယ္တဲ့သူေတြအတြက္လည္းခရီးပင္ပန္းလို႔အလုပ္ေတြပင္ပင္ပန္းပန္းလုပ္ရလို႔တစ္ကိုယ္လုံးေညာင္းညာကိုက္ခဲေနရင္ ၎ငွက္ေပ်ာသီးေလးတစ္လုံးမွ်စားလိုက္တာနဲ႔ေညာင္းညာကိုက္ခဲမႈမ်ားလ်င္ျမန္စြာသက္သာပါေၾကာင္းကိုယ္ေတြ႕မို႔သတင္းေကာင္းပါးလိုက္ပါရေစ

Leave a Reply

Your email address will not be published. Required fields are marked *