လူထုလှုပ်ရှားမှုများမှာ တက်ကြွစွာပါဝင်နေကြသကဲ့သို့ ကျန်းမာရေးအတွက်လည်း အထူးဂရုစိုက်သင့်ကြောင်း အသိပေးလာတဲ့ မင်းမော်ကွန်း

လူထုလှုပ်ရှားမှုများမှာ တက်ကြွစွာပါဝင်နေကြသကဲ့သို့ ကျန်းမာရေးအတွက်လည်း အထူးဂရုစိုက်သင့်ကြောင်း အသိပေးလာတဲ့ မင်းမော်ကွန်း

သရုပ်ဆောင် မင်းမော်ကွန်းကတော့ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုများတွင် ပြည်သူတွေနဲ့အတူ ပူးပေါင်းပါဝင်ခဲ့တဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။ အခုလိုပါဝင်ခဲ့တာကြောင့် ပုဒ်မ ၅၀၅ (က) ဖြင့်တရားစွဲဆိုခံထားရတာ ဖြစ်ပါတယ်။ အခြေအနေအရပ်ရပ်ကြောင့် တိမ်းရှောင်နေရပေမယ့်လည်း လူမှုကွန်ယက်များမှတစ်ဆင့် တတ်နိုင်သလောက် speak out လုပ်ပေးနေတာ ဖြစ်ပါတယ်။

ပရိသတ်တွေကတော့ မင်းမော်ကွန်းရဲ့ အားကြိုးမာန်တက် ပါဝင်ဆောင်ရွက်ခဲ့တာကို လေးစားအားကျနေကြတာ ဖြစ်ပါတယ်။ တိကျတဲ့ သတင်းအချက်များကိုလည်း အားလုံးကို ပြန်လည်ဝေမျှပေးလေ့ရှိရာ မကြာသေးခင် နာရီပိုင်းလောက်ကလည်း မင်းမော်ကွန်းရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ကိုဗစ်နဲ့ပတ်သက်ပြီး သတိပေးစကားပြောကြားလာတာ ဖြစ်ပါတယ်။ သူကတော့ လူထုလှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်နေကြသကဲ့သို့ ကမ္ဘာကိုခြိမ်းခြောက်နေတဲ့ ကိုဗစ်တတိယလှိုင်းကို ဂရုစိုက်သင့်ကြောင်းကို

” တော်လှန်သင့်တာတော်လှန်သလိုကာကွယ်သင့်တာကိုကာကွယ်ကြမယ်မတရားမှုကိုဆက်လက်တော်လှန်ဖို့ကျန်းမာရေးကောင်းမွန်နေဖို့ကလည်းအရေးကြီးတဲ့အချက်ဆိုတာမမေ့စေချင်ပါကျွန်တော်တို့အာဏာရှင်ကိုတော်လှန်ပြီးသူတို့ထိုးပေးတဲ့ကာကွယ်ဆေးတွေကိုမထိုးပဲနေခဲ့ကြတယ်ဒီအထိကအိုကေပါတယ်ကျွန်တော်တို့မိသားစုအားလုံးလည်း မထိုးပါထိုးလည်း ဆေးကိုသိုလှောင်သိမ်းဆည်းပုံမမှန်ကန်တဲ့အတွက်ဘယ်လိုဆိုးကြိုးတွေရလာမလဲမသိနိုင်ပါ

ဒါပေမယ့်အရှိန်အဟုန်ပြင်းပြင်းနဲ့ကမ္ဘာကိုခြိမ်းခြောက်နေတဲ့တတိယလှိုင်းကိုတော့ဂရုမစိုက်လို့မရပါဘူးဒါဟာနိုင်ငံ့အရေး တိုင်းပြည်အရေးသာမကဘဲလူသားမျိုးနွယ်အားလုံးရဲ့အသက်ရှင်ကျန်းမာရေးဖြစ်လို့အရေးကြီးပါတယ်ခင်မျာတော်လှန်ရေးကပိုအရေးကြီးတယ်ကိုဗစ်ကိုဂရုစိုက်စရာမလိုဘူးလို့မတွေးစေချင်ပါဘူးနှစ်ခုစလုံးကအရေးကြီးပါတယ်

ကျွန်တော်တို့တိုင်းပြည်မှာပထမလှိုင်းနဲ့ဒုတိယလှိုင်းကိုအောင်မြင်စွာကျော်ဖြတ်နိုင်တာဘယ်သူတွေရဲ့ကျေးဇူးကြောင့်လည်းလူတိုင်းသိမှာပါအခုတတိယလှိုင်းကိုရင်ဆိုင်ဖို့အရင်တုန်းကလိုမျိုးပံ့ပိုးမှုတွေမရနိုင်ပါပြည့်ဝတဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေလူတန်းစားမခွဲခြားတဲ့ကိုဗစ်စင်တာတွေဆေးကုသစရိတ်အကုန်အကျခံပေးမယ့်အစိုးရဒါတွေမပါဘဲ ရင်ဆိုင်ကြရမှာပါအဲ့ဒီတော့ကိုယ့်ကျန်းမာရေးကိုဂရုစိုက်ဖို့လိုပါတယ်

ကျန်းမာမှလုပ်ချင်တာကိုလုပ်လို့ရမယတော်လှန်ရေးမပြီးသေးတဲ့အတွက်ကျန်းမာရေးကောင်းနေဖို့ပိုလိုအပ်ပါတယ်ကျန်းမာရေးအသိ ကျန်းမာရေးသတိနဲ့ကာကွယ်ကြပါလို့လေးလေးနက်နက်အသိပေးချင်ပါတယ်တော်လှန်သင့်တာကိုတော်လှန်နိင်ဖို့ကာကွယ်သင့်တာကို ကာကွယ်ကြပါစို့ကျန်းမာဘေးကင်းကြပါစေ ” ဆိုပြီး ရေးသားထားတာ ဖြစ်ပြီး ပရိသတ်တွေ သတိပြုကာကွယ်နိုင်ဖို့ ဒီသတင်းကိုတစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Zawgyi

လူထုလႈပ္ရွားမႈမ်ားမွာ တက္ႂကြစြာပါဝင္ေနၾကသကဲ့သို႔ က်န္းမာေရးအတြက္လည္း အထူးဂ႐ုစိုက္သင့္ေၾကာင္း အသိေပးလာတဲ့ မင္းေမာ္ကြန္း

သ႐ုပ္ေဆာင္ မင္းေမာ္ကြန္းကေတာ့ ျမန္မာႏိုင္ငံတြင္ လက္ရွိျဖစ္ေပၚေနတဲ့ လူထုလႈပ္ရွားမႈမ်ားတြင္ ျပည္သူေတြနဲ႔အတူ ပူးေပါင္းပါဝင္ခဲ့တဲ့ အႏုပညာရွင္တစ္ဦး ျဖစ္ပါတယ္။ အခုလိုပါဝင္ခဲ့တာေၾကာင့္ ပုဒ္မ ၅၀၅ (က) ျဖင့္တရားစြဲဆိုခံထားရတာ ျဖစ္ပါတယ္။ အေျခအေနအရပ္ရပ္ေၾကာင့္ တိမ္းေရွာင္ေနရေပမယ့္လည္း လူမႈကြန္ယက္မ်ားမွတစ္ဆင့္ တတ္ႏိုင္သေလာက္ speak out လုပ္ေပးေနတာ ျဖစ္ပါတယ္။

ပရိသတ္ေတြကေတာ့ မင္းေမာ္ကြန္းရဲ႕ အားႀကိဳးမာန္တက္ ပါဝင္ေဆာင္႐ြက္ခဲ့တာကို ေလးစားအားက်ေနၾကတာ ျဖစ္ပါတယ္။ တိက်တဲ့ သတင္းအခ်က္မ်ားကိုလည္း အားလုံးကို ျပန္လည္ေဝမွ်ေပးေလ့ရွိရာ မၾကာေသးခင္ နာရီပိုင္းေလာက္ကလည္း မင္းေမာ္ကြန္းရဲ႕ လူမႈကြန္ယက္စာမ်က္ႏွာမွာ ကိုဗစ္နဲ႔ပတ္သက္ၿပီး သတိေပးစကားေျပာၾကားလာတာ ျဖစ္ပါတယ္။ သူကေတာ့ လူထုလႈပ္ရွားမႈမ်ားတြင္ တက္ႂကြစြာ ပါဝင္ေဆာင္႐ြက္ေနၾကသကဲ့သို႔ ကမာၻကိုၿခိမ္းေျခာက္ေနတဲ့ ကိုဗစ္တတိယလႈိင္းကို ဂ႐ုစိုက္သင့္ေၾကာင္းကို

” ေတာ္လွန္သင့္တာေတာ္လွန္သလိုကာကြယ္သင့္တာကိုကာကြယ္ၾကမယ္မတရားမႈကိုဆက္လက္ေတာ္လွန္ဖို႔က်န္းမာေရးေကာင္းမြန္ေနဖို႔ကလည္းအေရးႀကီးတဲ့အခ်က္ဆိုတာမေမ့ေစခ်င္ပါကြၽန္ေတာ္တို႔အာဏာရွင္ကိုေတာ္လွန္ၿပီးသူတို႔ထိုးေပးတဲ့ကာကြယ္ေဆးေတြကိုမထိုးပဲေနခဲ့ၾကတယ္ဒီအထိကအိုေကပါတယ္ကြၽန္ေတာ္တို႔မိသားစုအားလုံးလည္း မထိုးပါထိုးလည္း ေဆးကိုသိုေလွာင္သိမ္းဆည္းပုံမမွန္ကန္တဲ့အတြက္ဘယ္လိုဆိုးႀကိဳးေတြရလာမလဲမသိႏိုင္ပါ

ဒါေပမယ့္အရွိန္အဟုန္ျပင္းျပင္းနဲ႔ကမာၻကိုၿခိမ္းေျခာက္ေနတဲ့တတိယလႈိင္းကိုေတာ့ဂ႐ုမစိုက္လို႔မရပါဘူးဒါဟာႏိုင္ငံ့အေရး တိုင္းျပည္အေရးသာမကဘဲလူသားမ်ိဳးႏြယ္အားလုံးရဲ႕အသက္ရွင္က်န္းမာေရးျဖစ္လို႔အေရးႀကီးပါတယ္ခင္မ်ာေတာ္လွန္ေရးကပိုအေရးႀကီးတယ္ကိုဗစ္ကိုဂ႐ုစိုက္စရာမလိုဘူးလို႔မေတြးေစခ်င္ပါဘူးႏွစ္ခုစလုံးကအေရးႀကီးပါတယ္

ကြၽန္ေတာ္တို႔တိုင္းျပည္မွာပထမလႈိင္းနဲ႔ဒုတိယလႈိင္းကိုေအာင္ျမင္စြာေက်ာ္ျဖတ္ႏိုင္တာဘယ္သူေတြရဲ႕ေက်းဇူးေၾကာင့္လည္းလူတိုင္းသိမွာပါအခုတတိယလႈိင္းကိုရင္ဆိုင္ဖို႔အရင္တုန္းကလိုမ်ိဳးပံ့ပိုးမႈေတြမရႏိုင္ပါျပည့္ဝတဲ့က်န္းမာေရးေစာင့္ေရွာက္မႈေတြလူတန္းစားမခြဲျခားတဲ့ကိုဗစ္စင္တာေတြေဆးကုသစရိတ္အကုန္အက်ခံေပးမယ့္အစိုးရဒါေတြမပါဘဲ ရင္ဆိုင္ၾကရမွာပါအဲ့ဒီေတာ့ကိုယ့္က်န္းမာေရးကိုဂ႐ုစိုက္ဖို႔လိုပါတယ္

က်န္းမာမွလုပ္ခ်င္တာကိုလုပ္လို႔ရမယေတာ္လွန္ေရးမၿပီးေသးတဲ့အတြက္က်န္းမာေရးေကာင္းေနဖို႔ပိုလိုအပ္ပါတယ္က်န္းမာေရးအသိ က်န္းမာေရးသတိနဲ႔ကာကြယ္ၾကပါလို႔ေလးေလးနက္နက္အသိေပးခ်င္ပါတယ္ေတာ္လွန္သင့္တာကိုေတာ္လွန္နိင္ဖို႔ကာကြယ္သင့္တာကို ကာကြယ္ၾကပါစို႔က်န္းမာေဘးကင္းၾကပါေစ ” ဆိုၿပီး ေရးသားထားတာ ျဖစ္ၿပီး ပရိသတ္ေတြ သတိျပဳကာကြယ္ႏိုင္ဖို႔ ဒီသတင္းကိုတစ္ဆင့္ျပန္လည္ ကူးယူတင္ဆက္ေပးလိုက္ ရပါတယ္ေနာ္။

Leave a Reply

Your email address will not be published. Required fields are marked *