မြန်မာလူမျိုးတွေအတွက် ပါဝင်အားဖြည့်ပေးလိုက် တဲ့ ကို ရီး ယားအဆိုတော်ကြီးများ

သွေးသစ္စာသီချင်းကို မြန်မာလိုပီပီသသ သီဆိုဖျော်ဖြေ ပြီး မြန်မာလူမျိုးတွေအတွက် ပါဝင်အားဖြည့်ပေးလိုက် တဲ့ ကို ရီး ယားအဆိုတော်ကြီးများ

လက်ရှိဖြစ်ပေါ်နေတဲ့မြန်မာ့အရေးကိစ္စမှာဆိုရင် ကိုရီးယားလူမျိုးတွေကပါ မြန်မာပြည်သူ၊ပြည်သားတွေနဲ့အတူရပ်တည်ပေးနေတာဖြစ်ပါတယ်။တောင်ကိုရီးယားနိုင်ငံမှာ ကျောင်းတက်နေကြတဲ့

ကျောင်းသူ၊ကျောင်းသားတွေနဲ့အလုပ်လုပ်ကိုင်တဲ့သူတွေကလည်း လမ်းပေါ်ထွက်ပြီး လူထုလှုပ်ရှားမှုတွေကို ပြုလုပ်နေကြတာဖြစ်ပါတယ်။

ပြည်တွင်း၊ပြည်ပမှာရှိကြတဲ့ မြန်မာလူမျိုးတွေကတော့အားတက်သရောကူညီပေးနေကြတဲ့ ကိုရီးယားလူမျိုးတွေကို လေးစားပြီးကျေးဇူးတင်နေကြတာဖြစ်ပါတယ်။(18.4.2021)ရက်နေ့ကဆိုရင်လည်း

တောင်ကိုရီးယားနိုင်ငံ၊ဘူဆန် ချန်ဝမ်မြို့မှာ မြန်မာကျောင်းသူ၊ကျောင်းသားများ အလုပ်လုပ်ကိုင်နေကြတဲ့သူများအပါအဝင် တောင်ကိုရီးယားပြည်သူတွေကပါ ပူးပေါင်းပါဝင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။

အဲ့ဒီပွဲမှာဆိုရင် “သွေးသစ္စာ”သီချင်းကို ကိုရီးယားအဆိုတော်ကြီးတွေက သီဆိုဖျော်ဖြေခဲ့တဲ့ ထူးထူးခြားခြားအစီအစဉ်တစ်ခုလည်းပါဝင်ခဲ့ပါတယ်။ကိုရီးယားအဆိုတော်ကြီးတွေကတော့ “သွေးသစ္စာ”သီချင်းကို မြန်မာလိုပီပီသသသီဆိုနေပုံက မြန်မာပြည်သူတွေရဲ့ရင်ထဲ

ထိမှန်ပြီး ပီတိဖြစ်ခဲ့ရတာဖြစ်ပါတယ်။မြန်မာလူမျိုးတွေကလည်း ကိုရီးယားအဆိုတော်ကြီးတွေနဲ့အတူ “သွေးသစ္စာ”သီချင်းကို လိုက်ဆိုကြပြီးမြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။

(၂)လကျော်ကြာမြင့်သွားပြီဖြစ်တဲ့ မြန်မာ့အရေးကို ကိုရီးယားပြည်သူ၊ပြည်သားတွေကပါ တစ်တပ်တစ်အားကူညီပေးနေကြတာကြောင့် ကျေးဇူးတင်စရာကောင်းလှပါတယ်။မြန်မာလူမျိုးတွေကို ပါဝင်အားဖြည့်ပေးရင်း

“သွေးသစ္စာ”သီချင်းနဲ့ သီဆိုဖျော်ဖြေပေးခဲ့ကြတဲ့ ကိုရီးယားအဆိုတော်ကြီးတွေရဲ့ဗီဒီယိုဖိုင်ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Zawgyi

ေသြးသစၥာသီခ်င္းကို ျမန္မာလိုပီပီသသ သီဆိုေဖ်ာ္ေျဖ ၿပီး ျမန္မာလူမ်ိဳးေတြအတြက္ ပါဝင္အားျဖည့္ေပးလိုက္ တဲ့ ကို ရီး ယားအဆိုေတာ္ႀကီးမ်ား

လက္ရွိျဖစ္ေပၚေနတဲ့ျမန္မာ့အေရးကိစၥမွာဆိုရင္ ကိုရီးယားလူမ်ိဳးေတြကပါ ျမန္မာျပည္သူ၊ျပည္သားေတြနဲ႔အတူရပ္တည္ေပးေနတာျဖစ္ပါတယ္။ေတာင္ကိုရီးယားႏိုင္ငံမွာ ေက်ာင္းတက္ေနၾကတဲ့

ေက်ာင္းသူ၊ေက်ာင္းသားေတြနဲ႔အလုပ္လုပ္ကိုင္တဲ့သူေတြကလည္း လမ္းေပၚထြက္ၿပီး လူထုလႈပ္ရွားမႈေတြကို ျပဳလုပ္ေနၾကတာျဖစ္ပါတယ္။

ျပည္တြင္း၊ျပည္ပမွာရွိၾကတဲ့ ျမန္မာလူမ်ိဳးေတြကေတာ့အားတက္သေရာကူညီေပးေနၾကတဲ့ ကိုရီးယားလူမ်ိဳးေတြကို ေလးစားၿပီးေက်းဇူးတင္ေနၾကတာျဖစ္ပါတယ္။(18.4.2021)ရက္ေန႔ကဆိုရင္လည္း

ေတာင္ကိုရီးယားႏိုင္ငံ၊ဘူဆန္ ခ်န္ဝမ္ၿမိဳ႕မွာ ျမန္မာေက်ာင္းသူ၊ေက်ာင္းသားမ်ား အလုပ္လုပ္ကိုင္ေနၾကတဲ့သူမ်ားအပါအဝင္ ေတာင္ကိုရီးယားျပည္သူေတြကပါ ပူးေပါင္းပါဝင္ၿပီး ဆႏၵထုတ္ေဖာ္ခဲ့ၾကတာျဖစ္ပါတယ္။

အဲ့ဒီပြဲမွာဆိုရင္ “ေသြးသစၥာ”သီခ်င္းကို ကိုရီးယားအဆိုေတာ္ႀကီးေတြက သီဆိုေဖ်ာ္ေျဖခဲ့တဲ့ ထူးထူးျခားျခားအစီအစဥ္တစ္ခုလည္းပါဝင္ခဲ့ပါတယ္။ကိုရီးယားအဆိုေတာ္ႀကီးေတြကေတာ့ “ေသြးသစၥာ”သီခ်င္းကို ျမန္မာလိုပီပီသသသီဆိုေနပုံက

ျမန္မာျပည္သူေတြရဲ႕ရင္ထဲထိမွန္ၿပီး ပီတိျဖစ္ခဲ့ရတာျဖစ္ပါတယ္။ျမန္မာလူမ်ိဳးေတြကလည္း ကိုရီးယားအဆိုေတာ္ႀကီးေတြနဲ႔အတူ “ေသြးသစၥာ”သီခ်င္းကို လိုက္ဆိုၾကၿပီးၿမိဳင္ၿမိဳင္ဆိုင္ဆိုင္နဲ႔ ဆႏၵထုတ္ေဖာ္ခဲ့ၾကတာျဖစ္ပါတယ္။

(၂)လေက်ာ္ၾကာျမင့္သြားၿပီျဖစ္တဲ့ ျမန္မာ့အေရးကို ကိုရီးယားျပည္သူ၊ျပည္သားေတြကပါ တစ္တပ္တစ္အားကူညီေပးေနၾကတာေၾကာင့္ ေက်းဇူးတင္စရာေကာင္းလွပါတယ္။ျမန္မာလူမ်ိဳးေတြကို ပါဝင္အားျဖည့္ေပးရင္း

“ေသြးသစၥာ”သီခ်င္းနဲ႔ သီဆိုေဖ်ာ္ေျဖေပးခဲ့ၾကတဲ့ ကိုရီးယားအဆိုေတာ္ႀကီးေတြရဲ႕ဗီဒီယိုဖိုင္ကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *