မြရည်နန္ဒာအိမ်ရာမှာ ပြည်သူ့အချစ်တော် မအေးသောင်းကို ဝင်ရောက်ရှာဖွေဖမ်းဆီး

မြရည်နန္ဒာအိမ်ရာမှာ ရဲနဲ့ စစ်တပ်က ပြည်သူ့အချစ်တော် မအေးသောင်းကို ဝင်ရောက်ရှာဖွေဖမ်းဆီး

ဒီကနေ့ ဧပြီလ ၂၂ရက် မနက်ပိုင်းမှာ မန္တလေးက မြရည်နန္ဒာအိမ်ရာမှာ ရဲနဲ့ စစ်တပ် အင်အားအပြည့်နဲ့ သရုပ်ဆောင် အေးဝတ်ရည်သောင်းကို ဝင်ရောက်ရှာဖွေခဲ့တယ်လို့ အနီးအနားက ပြည်သူတွေထံကသိရပါတယ်။
သရုပ်ဆောင် အေးဝတ်ရည်သောင်း(ခ)အေးသောင်းကို စစ်တပ်ကို အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲဆို ဝရမ်းထုတ်ထားတာ ဖြစ်ပါတယ်။

အဲဒီလို ဝင်ရောက်ရှာဖွေစဉ်မှာ အိမ်ရာအတွင်း နေထိုင်သူ အရပ်သား ၄ ဦးကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီး ခေါ်ဆောင်သွားပေမယ့် သရုပ်ဆောင် အေးဝတ်ရည်သောင်းကို ဖမ်းမိသွားလား ဆိုတာကိုတော့ အသေးစိတ်မသိရှိရသေးပါဘူး။

မနေ့က ဧပြီလ ၂၁ ရက် ညနေပိုင်းကလည်း ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်က ကွန်တိုတိုက်ခန်း တစ်ခုကို ရဲနဲ့ စစ်တပ်က ဝင်ရောက်စီးနင်းပြီး သရုပ်ဆောင် ခင်ဝင့်ဝါကို ရှာဖွေဖမ်းဆီးခဲ့ပေမယ့် ဖမ်းဆီးခံရခြင်းတော့မရှိခဲ့ပါဘူး။

စစ်တပ်က အာဏာသိမ်းပြီးကတည်းက စတင်ကာလက်ရှိအချိန်ထိ မင်းသမီး၊ မင်းသား၊ အဆိုတော်၊ စာ ရေးဆရာ၊ ဒါရိုက်တာတွေ အပါအဝင် ပြည်သူလူထုကြား ထင်ရှားကျော်ကြားသူတွေကို စစ်တပ်က ပုဒ်မ ၅၀၅ (က) နဲ့ ဝရမ်းထုတ် တရားစွဲဆိုတာတွေ၊ ဖမ်းဆီးအရေး ယူတာတွေ လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။

Zawgyi

ျမရည္နႏၵာအိမ္ရာမွာ ရဲနဲ႔ စစ္တပ္က ျပည္သူ႔အခ်စ္ေတာ္ မေအးေသာင္းကို ဝင္ေရာက္ရွာေဖြဖမ္းဆီး

ဒီကေန႔ ဧၿပီလ ၂၂ရက္ မနက္ပိုင္းမွာ မႏၲေလးက ျမရည္နႏၵာအိမ္ရာမွာ ရဲနဲ႔ စစ္တပ္ အင္အားအျပည့္နဲ႔ သ႐ုပ္ေဆာင္ ေအးဝတ္ရည္ေသာင္းကို ဝင္ေရာက္ရွာေဖြခဲ့တယ္လို႔ အနီးအနားက ျပည္သူေတြထံကသိရပါတယ္။
သ႐ုပ္ေဆာင္ ေအးဝတ္ရည္ေသာင္း(ခ)ေအးေသာင္းကို စစ္တပ္ကို အၾကည္ညိဳ ပ်က္ေစမႈ ပုဒ္မ ၅၀၅ (က) နဲ႔ တရားစြဲဆို ဝရမ္းထုတ္ထားတာ ျဖစ္ပါတယ္။

အဲဒီလို ဝင္ေရာက္ရွာေဖြစဥ္မွာ အိမ္ရာအတြင္း ေနထိုင္သူ အရပ္သား ၄ ဦးကို စစ္တပ္နဲ႔ ရဲတပ္ဖြဲ႕ဝင္ေတြက ဖမ္းဆီး ေခၚေဆာင္သြားေပမယ့္ သ႐ုပ္ေဆာင္ ေအးဝတ္ရည္ေသာင္းကို ဖမ္းမိသြားလား ဆိုတာကိုေတာ့ အေသးစိတ္မသိရွိရေသးပါဘူး။

မေန႔က ဧၿပီလ ၂၁ ရက္ ညေနပိုင္းကလည္း ရန္ကုန္ၿမိဳ႕ စမ္းေခ်ာင္းၿမိဳ႕နယ္က ကြန္တိုတိုက္ခန္း တစ္ခုကို ရဲနဲ႔ စစ္တပ္က ဝင္ေရာက္စီးနင္းၿပီး သ႐ုပ္ေဆာင္ ခင္ဝင့္ဝါကို ရွာေဖြဖမ္းဆီးခဲ့ေပမယ့္ ဖမ္းဆီးခံရျခင္းေတာ့မရွိခဲ့ပါဘူး။

စစ္တပ္က အာဏာသိမ္းၿပီးကတည္းက စတင္ကာလက္ရွိအခ်ိန္ထိ မင္းသမီး၊ မင္းသား၊ အဆိုေတာ္၊ စာ ေရးဆရာ၊ ဒါ႐ိုက္တာေတြ အပါအဝင္ ျပည္သူလူထုၾကား ထင္ရွားေက်ာ္ၾကားသူေတြကို စစ္တပ္က ပုဒ္မ ၅၀၅ (က) နဲ႔ ဝရမ္းထုတ္ တရားစြဲဆိုတာေတြ၊ ဖမ္းဆီးအေရး ယူတာေတြ လုပ္ေဆာင္ေနဆဲ ျဖစ္ပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *