သင်္ကြန်ပွဲမှာ သွားရောက်ဖျော် ဖြေ ခဲ့တဲ့ ကိစ္စကို ပြန်လည်ဖြေရှင်းလိုက်တဲ့ အဆိုတော် ဂျေမောင်မောင်

စစ်တပ်ကကျင်းပတဲ့ သင်္ကြန်ပွဲမှာ သွားရောက်ဖျော် ဖြေ ခဲ့တဲ့ ကိစ္စကို ပြန်လည်ဖြေရှင်းလိုက်တဲ့ အဆိုတော် ဂျေမောင်မောင်

ပြည်သူလူထုက စစ်အာဏာရှင်ကို တော်လှန်နေကြတဲ့အချိန် စစ်တပ်မှ ပြုလုပ်တဲ့ သင်္ကြန်ပွဲတော်သို့ သွားရောက်ခဲ့တဲ့အပေါ်ဝေဖန်မှုများစွာ ခံ နေရတဲ့ အဆိုတော် ဂျေမောင်မောင် ဟာတေးရေး မင်းချစ်သူထံ စာပို့ခဲ့ တယ်လို့ မင်းချစ်သူက သူ့ရဲ့ လူမှုကွန်ယက်အကောင့်မှာ ရေးသား တင်ခဲ့ပါတယ်။

“Facebook မသုံးတဲ့ ကိုဂျေမောင်မောင် Viber က ကျနော့်ဆီ ပို့တဲ့စာပါ။ကျနော့် Facebook အကောင့် မှာ တင်လိုက် မယ်လို့လည်း ပြော ပြီး ပါပြီ။၁၉၈၈ လောက်ကတည်းက ဒီနေ့အထိ ညီအစ်ကိုရင်း တွေလို၊ ရဲဘော်ရဲ ဘက်လို ပေါင်းလာ ခဲ့တော့ ကျနော် သူ့ကို ယုံတယ်”“မှား သွား တောင် ပြင်မယ်ဆို ကြိုဆိုနိုင်တယ်။ကိုယ်တွေ ရင်ဘတ်ထဲကလူ တခြားဘက် မရောက်ဘူးဆိုရင်ပဲ စိတ်ချမ်း သာပြီ။ ခင်ဗျား တို့ရော ကျနော့် လိုပဲလား”လို့ တေးရေး မင်းချစ်သူက ဆိုပါတယ်။

သီချင်းဆိုချင်တာ တခုပဲ သိတဲ့ အားနည်းချက်ကိုလည်း နောက်နောင် ဆင်ခြင်သွား ပါ့မယ်လို့ ဂျေမောင်မောင် က ရေးသား ထားပါ တယ်။“ ကျနော်က အရင်နှစ်တွေလည်း ဆိုပေးနေကျ ကုမ္ပဏီပွဲအတွက် လက်ခံထားတာကို သင်္ကြန် မတိုင်ခင် နေပြည်တော်မှာ ပွဲလုပ်ဖြစ်တယ်ဆို လို့ သွားဆိုခဲ့တာပါ။သင်္ကြန်တွင်းတော့ တောင်ကြီးမှာ ရှိနေပါတယ်။

အဲဒီ ကုမ္ပဏီပွဲ (NPT) မှာဆိုမိလို့ ကိုမင်းနဲ့ ဂီတညီအစ်ကို မောင်နှမတွေ၊ ပြည်တွင်းပြည်ပက ကျနော့်ကို ချစ်ခင်အားပေးကြတဲ့မိတ်ဆွေတွေ၊ ပရိသတ်တွေ စိတ်အနှောင့်အယှက် ဖြစ်ကုန်ကြတဲ့အတွက် အားလုံးကို အနူးအညွှတ် တောင်းပန်ပါတယ်”“ဒီအတွက် ကျနော်လည်း စိတ်ထိ ခိုက်ရပါတယ်။

သီချင်းဆိုချင်တာ တခုပဲ သိတဲ့ ကျနော်ရဲ့ အားနည်းချက်ကိုလည်း နောက်နောင် ဆင်ခြင်သွားပါ့မယ်။ကျနော့်ကို ချစ်ခင်ကြတဲ့ ဂီတ ညီအစ် ကို မောင်နှမတွေနဲ့အတူ ချစ်တဲ့ ပရိသတ်ကြီးနဲ့တကွ ဂျေမောင်မောင် အမြဲရှိနေပါ့မယ် ခင်ဗျာ။အားလုံးကို ချစ်ခင်လေးစား လျက်”လို့ ဂျေ မောင်မောင်က ပြောထားပါတယ်။စစ်တပ်မှ ပြုလုပ်ခဲ့တဲ့ သင်္ကြန်ပွဲတော်ကို သွားရောက်ခဲ့သူတွေကတော့ အဆိုတော် ယုန်လေး၊ မြင့်မြတ်၊ ဂျေမောင်မောင်၊ သြရသ၊ ရဲအောင်၊ ဒိန်းဒေါင်၊ မိတ်ကပ် ညီညီမောင် (စမ်းချောင်း)နဲ့ မေဦးမောင်တို့ ပါဝင်တယ်လို့ သိရပါတယ်။

Zawgyi

စစ္တပ္ကက်င္းပတဲ့ သၾကၤန္ပြဲမွာ သြားေရာက္ေဖ်ာ္ ေျဖ ခဲ့တဲ့ ကိစၥကို ျပန္လည္ေျဖရွင္းလိုက္တဲ့ အဆိုေတာ္ ေဂ်ေမာင္ေမာင္

ျပည္သူလူထုက စစ္အာဏာရွင္ကို ေတာ္လွန္ေနၾကတဲ့အခ်ိန္ စစ္တပ္မွ ျပဳလုပ္တဲ့ သၾကၤန္ပြဲေတာ္သို႔ သြားေရာက္ခဲ့တဲ့အေပၚေဝဖန္မႈမ်ားစြာ ခံ ေနရတဲ့ အဆိုေတာ္ ေဂ်ေမာင္ေမာင္ ဟာေတးေရး မင္းခ်စ္သူထံ စာပို႔ခဲ့ တယ္လို႔ မင္းခ်စ္သူက သူ႔ရဲ႕ လူမႈကြန္ယက္အေကာင့္မွာ ေရးသား တင္ခဲ့ပါတယ္။

“Facebook မသုံးတဲ့ ကိုေဂ်ေမာင္ေမာင္ Viber က က်ေနာ့္ဆီ ပို႔တဲ့စာပါ။က်ေနာ့္ Facebook အေကာင့္ မွာ တင္လိုက္ မယ္လို႔လည္း ေျပာ ၿပီး ပါၿပီ။၁၉၈၈ ေလာက္ကတည္းက ဒီေန႔အထိ ညီအစ္ကိုရင္း ေတြလို၊ ရဲေဘာ္ရဲ ဘက္လို ေပါင္းလာ ခဲ့ေတာ့ က်ေနာ္ သူ႔ကို ယုံတယ္”“မွား သြား ေတာင္ ျပင္မယ္ဆို ႀကိဳဆိုႏိုင္တယ္။ကိုယ္ေတြ ရင္ဘတ္ထဲကလူ တျခားဘက္ မေရာက္ဘူးဆိုရင္ပဲ စိတ္ခ်မ္း သာၿပီ။ ခင္ဗ်ား တို႔ေရာ က်ေနာ့္ လိုပဲလား”လို႔ ေတးေရး မင္းခ်စ္သူက ဆိုပါတယ္။

သီခ်င္းဆိုခ်င္တာ တခုပဲ သိတဲ့ အားနည္းခ်က္ကိုလည္း ေနာက္ေနာင္ ဆင္ျခင္သြား ပါ့မယ္လို႔ ေဂ်ေမာင္ေမာင္ က ေရးသား ထားပါ တယ္။“ က်ေနာ္က အရင္ႏွစ္ေတြလည္း ဆိုေပးေနက် ကုမၸဏီပြဲအတြက္ လက္ခံထားတာကို သၾကၤန္ မတိုင္ခင္ ေနျပည္ေတာ္မွာ ပြဲလုပ္ျဖစ္တယ္ဆို လို႔ သြားဆိုခဲ့တာပါ။သၾကၤန္တြင္းေတာ့ ေတာင္ႀကီးမွာ ရွိေနပါတယ္။

အဲဒီ ကုမၸဏီပြဲ (NPT) မွာဆိုမိလို႔ ကိုမင္းနဲ႔ ဂီတညီအစ္ကို ေမာင္ႏွမေတြ၊ ျပည္တြင္းျပည္ပက က်ေနာ့္ကို ခ်စ္ခင္အားေပးၾကတဲ့မိတ္ေဆြေတြ၊ ပရိသတ္ေတြ စိတ္အေႏွာင့္အယွက္ ျဖစ္ကုန္ၾကတဲ့အတြက္ အားလုံးကို အႏူးအၫႊတ္ ေတာင္းပန္ပါတယ္”“ဒီအတြက္ က်ေနာ္လည္း စိတ္ထိ ခိုက္ရပါတယ္။

သီခ်င္းဆိုခ်င္တာ တခုပဲ သိတဲ့ က်ေနာ္ရဲ႕ အားနည္းခ်က္ကိုလည္း ေနာက္ေနာင္ ဆင္ျခင္သြားပါ့မယ္။က်ေနာ့္ကို ခ်စ္ခင္ၾကတဲ့ ဂီတ ညီအစ္ ကို ေမာင္ႏွမေတြနဲ႔အတူ ခ်စ္တဲ့ ပရိသတ္ႀကီးနဲ႔တကြ ေဂ်ေမာင္ေမာင္ အၿမဲရွိေနပါ့မယ္ ခင္ဗ်ာ။အားလုံးကို ခ်စ္ခင္ေလးစား လ်က္”လို႔ ေဂ် ေမာင္ေမာင္က ေျပာထားပါတယ္။စစ္တပ္မွ ျပဳလုပ္ခဲ့တဲ့ သၾကၤန္ပြဲေတာ္ကို သြားေရာက္ခဲ့သူေတြကေတာ့ အဆိုေတာ္ ယုန္ေလး၊ ျမင့္ျမတ္၊ ေဂ်ေမာင္ေမာင္၊ ၾသရသ၊ ရဲေအာင္၊ ဒိန္းေဒါင္၊ မိတ္ကပ္ ညီညီေမာင္ (စမ္းေခ်ာင္း)နဲ႔ ေမဦးေမာင္တို႔ ပါဝင္တယ္လို႔ သိရပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *