အဖမ်းခံခဲ့ရပါက ပြန်လည်လွှတ်ပေးရန် မတောင်းဆိုဖို့ ဖခင်ဖြစ်သူကိုယ်တိုင်မှာကြားခဲ့တဲ့ အကြောင်းကို ပြော ပြခဲ့တဲ့ မင်းမော်ကွန်း

အဖမ်းခံခဲ့ရပါက ပြန်လည်လွှတ်ပေးရန် မတောင်းဆိုဖို့ ဖခင်ဖြစ်သူကိုယ်တိုင်မှာကြားခဲ့တဲ့ အကြောင်းကို ပြော ပြခဲ့တဲ့ မင်းမော်ကွန်း

သရုပ်ဆောင် ဇင်ဝိုင်းနဲ့ မင်းမော်ကွန်းတို့ သားအဖနှစ်ယောက်ကတော့ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှား မှုများတွင် ပြည် သူတွေနဲ့အတူ တစ်သွေးတည်း တစ်သားတည်း ရပ်တည်ခဲ့ကြသူတွေ ဖြစ်ပါတယ်။ ပြည်သူချစ်တဲ့ အနုပညာရှင်တွေ မှန်ကန်တဲ့ ဘက်ကနေ အခုလို မားမားမတ်မတ်ရပ်တည်ပေးခဲ့တာကြောင့် ပရိသတ်တွေအားလုံးက ဝမ်းသာ ဂုဏ်ယူနေကြတာပါ။

ဒီလိုလှုပ်ရှားမှုတွေ ပါဝင်ခဲ့တာကြောင့် မင်းမော်ကွန်းကတော့ ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုခံထားရပြီး ဦးဇင်ဝိုင်းကိုတော့ ပုဒ်မအတပ်မခံ ရ ခင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာပါ။ လတ်တလောမှာတော့ ဦးဇင်ဝိုင်း ပြန်လည်လွတ်မြောက်လာပြီဆိုပြီးကောလဟာလသတင်းတွေထွက် ရှိ နေတာ ဖြစ်ပါတယ်။ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး မနေ့ညက မင်းမော်ကွန်းရဲ့ လူမှုကွန်ယက် စာမျက်နှာ တွင် အခုလိုပဲ ပြန်လည် ဖြေ ရှင်း လာ တာ ဖြစ်ပါတယ်။

” ကျွန်တော့်ပါးစပ်ကနေတောင်မှ ကျွန်တော့်အဖေကိုလွှတ်ပေးဖို့ တစ်ခွန်းမှမတောင်းဆိုမိပါဘူး အဖေက လည်း ဒီအတိုင်းပဲမှာခဲ့ပါတယ် ခု ထက်ထိအဆက်အသွယ်မရ ပါဘူး ဆုတောင်းရုံ ကလွဲလို့ ဘာမှမတတ်နိုင်ပါဘူး ရပ်တည်မှုမှ န်ကန်ဖို့ ကိုယ့်မျက်နှာကိုယ် မှန် ထဲပြန် ကြည့် မိရင် ရှက်မနေရဖို့ ကိုယ့်ကြောင့်သားသမီးတွေ

လူရာမဝင်ဖြစ်မနေရဖို့ အဖေရပ်တည်ခဲ့သလို ကျွန်တော်လည်းရပ်တည်ပါတယ်ဒီလောက်ပါပဲ ” ဆိုပြီး ရေးသားထားတာ ဖြစ်ပြီး ပရိသတ် တွေ အတွက် ဒီသတင်းကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Zawgyi

အဖမ္းခံခဲ့ရပါက ျပန္လည္လႊတ္ေပးရန္ မေတာင္းဆိုဖို႔ ဖခင္ျဖစ္သူကိုယ္တိုင္မွာၾကားခဲ့တဲ့ အေၾကာင္းကို ေျပာ ျပခဲ့တဲ့ မင္းေမာ္ကြန္း

သ႐ုပ္ေဆာင္ ဇင္ဝိုင္းနဲ႔ မင္းေမာ္ကြန္းတို႔ သားအဖႏွစ္ေယာက္ကေတာ့ ျမန္မာႏိုင္ငံတြင္ လက္ရွိျဖစ္ေပၚေနတဲ့ လူထုလႈပ္ရွား မႈမ်ားတြင္ ျပည္ သူေတြနဲ႔အတူ တစ္ေသြးတည္း တစ္သားတည္း ရပ္တည္ခဲ့ၾကသူေတြ ျဖစ္ပါတယ္။ ျပည္သူခ်စ္တဲ့ အႏုပညာရွင္ေတြ မွန္ကန္တဲ့ ဘက္ကေန အခုလို မားမားမတ္မတ္ရပ္တည္ေပးခဲ့တာေၾကာင့္ ပရိသတ္ေတြအားလုံးက ဝမ္းသာ ဂုဏ္ယူေနၾကတာပါ။

ဒီလိုလႈပ္ရွားမႈေတြ ပါဝင္ခဲ့တာေၾကာင့္ မင္းေမာ္ကြန္းကေတာ့ ပုဒ္မ ၅၀၅ (က) ျဖင့္ တရားစြဲဆိုခံထားရၿပီး ဦးဇင္ဝိုင္းကိုေတာ့ ပုဒ္မအတပ္မခံ ရ ခင္ ဖမ္းဆီးထိန္းသိမ္းခံခဲ့ရတာပါ။ လတ္တေလာမွာေတာ့ ဦးဇင္ဝိုင္း ျပန္လည္လြတ္ေျမာက္လာၿပီဆိုၿပီးေကာလဟာလသတင္းေတြထြက္ ရွိ ေနတာ ျဖစ္ပါတယ္။ ဒီအေၾကာင္းအရာနဲ႔ပတ္သက္ၿပီး မေန႔ညက မင္းေမာ္ကြန္းရဲ႕ လူမႈကြန္ယက္ စာမ်က္ႏွာ တြင္ အခုလိုပဲ ျပန္လည္ ေျဖ ရွင္း လာ တာ ျဖစ္ပါတယ္။

” ကြၽန္ေတာ့္ပါးစပ္ကေနေတာင္မွ ကြၽန္ေတာ့္အေဖကိုလႊတ္ေပးဖို႔ တစ္ခြန္းမွမေတာင္းဆိုမိပါဘူး အေဖက လည္း ဒီအတိုင္းပဲမွာခဲ့ပါတယ္ ခု ထက္ထိအဆက္အသြယ္မရ ပါဘူး ဆုေတာင္း႐ုံ ကလြဲလို႔ ဘာမွမတတ္ႏိုင္ပါဘူး ရပ္တည္မႈမွ န္ကန္ဖို႔ ကိုယ့္မ်က္ႏွာကိုယ္ မွန္ ထဲျပန္ ၾကည့္ မိရင္ ရွက္မေနရဖို႔ ကိုယ့္ေၾကာင့္သားသမီးေတြ

လူရာမဝင္ျဖစ္မေနရဖို႔ အေဖရပ္တည္ခဲ့သလို ကြၽန္ေတာ္လည္းရပ္တည္ပါတယ္ဒီေလာက္ပါပဲ ” ဆိုၿပီး ေရးသားထားတာ ျဖစ္ၿပီး ပရိသတ္ ေတြ အတြက္ ဒီသတင္းကို တစ္ဆင့္ျပန္လည္ ကူးယူတင္ဆက္ေပးလိုက္ ရပါတယ္ေနာ္။

Leave a Reply

Your email address will not be published. Required fields are marked *