မလိုအပ်တဲ့ သတင်းများကိုမဖွကြဘဲလိုအပ်တာ တွေကိုသာ လုပ်ပေးကြဖို့ တောင်း ဆိုလိုက်တဲ့ သာဒီးလူ

မလိုအပ်တဲ့ သတင်းများကိုမဖွကြဘဲ တိုင်းပြည်အတွက် အမှန်တကယ် လိုအပ်တာ တွေကိုသာ လုပ်ပေးကြဖို့ တောင်း ဆိုလိုက်တဲ့ သာဒီးလူ

သာဒီးလူကတော့ အသံပါဝါအားကောင်းကောင်းနဲ့ သီချင်းတွေကို ကိုယ်တိုင်ရေးသားသီဆိုတဲ့ အဆိုတော်တစ်ဦး ဖြစ်ပါတယ်။ သူကတော့ အရေးကြုံတဲ့အခါတိုင်း ပြည်သူတွေနဲ့အတူ တစ်သွေးတည်း တစ်သားတည်း ရပ်တည်ပေးသူ လည်း ဖြစ်ပါတယ်။ ဒါ့အပြင်လတ် တလော ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် ကျဆုံးသွားကြတဲ့ သူရဲကောင်းတွေအတွက်စိတ်မကောင်းဖြစ်နေတာပါ။

လူထုလှုပ်ရှားမှုများတွင် ပါဝင်ခဲ့ကြတဲ့ အနုပညာရှင်တစ်ချို့ကတော့ ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုခံထားရတာ ဖြစ်ပါတယ်။ ဒီအကြောင်း နဲ့ ပတ်သက်ပြီး မကြာသေးခင် နာရီပိုင်းလောက်က သာဒီးလူရဲ့ လူမှုကွန်ယက်စာမျက်နှာ တွင် မလိုအပ် တဲ့ သတင်းများ ကိုမဖွကြဘဲ တိုင်း ပြည် အတွက် အမှန်တကယ်လိုအပ်တာတွေကိုသာ လုပ်ပေးကြဖို့တောင်းဆိုလိုက်တာပဲ ဖြစ်ပါတယ်။

” ဝရမ်းတကယ်ထွက်လာရင် List မှာ ဘယ်သူပါတယ်ဘယ်ဝါပါတယ်ဆိုတာ ကာယကံရှင်နဲ့တကွ သူတို့ရဲ့မိသားစုဝင်တွေနဲ့နီးစပ်ရာ လူတွေ က သိပါတယ်ဗျာ၊သူတို့လည်း FB သုံးတတ်ကြမှာပါ၊ခုဟာက အဲ့တာကို ခင်ဗျားတို့ကပြောမဆုံး အောင် လူမသိသိအောင် ဝရမ်းပြေးအကြီး စား မဖြစ်ဖြစ်အောင် ထပ်ခါထပ်ခါတွေ Share လုပ်၊သူကတော့ ဘယ်လို တိုက်ပွဲဝင်ခဲ့တာ ဘယ်လို ရဲရဲတောက်ခဲ့တာတွေမဟားတရားတွေ လျှောက်ပြော၊FB မှာအမှတ်တွေယူ၊ခင်ဗျားတို့အဲ့လိုတွေလုပ်တော့ အခု ကာယကံရှင်တွေ နေရထိုင်ရခက်ကုန်တာ သိကြလား၊

တကယ် ဝရမ်းထွက်လာတဲ့သူတွေမပြောနဲ့ ကျွန်တော်တို့ကိုတောင် တချို့အပေါင်းသင်းတွေ လမ်းမှာမျက်နှာချင်းဆိုင်မြင်တာ နဲ့မျက် စိမျက် နှာတွေပျက်နေကြပြီ၊လက်ရင်းထိုးပေါင်းခဲ့တဲ့ သူတွေကအစ မခေါ်ချင်မပြောချင် ဖြစ်ကုန်ကြပြီ၊အဲ့တာတွေသိကြလားဆြာကြီးGenGenius တို့ရေ၊ ဦးနှောက်တော့ သုံးကြပါဗျာ၊ရှေ့ထွက်လည်းပြောမယ် မထွက်ရင်လည်း ဆဲမယ်ခင်ဗျား တို့က၊ အခုကျ တော့ မိတ်ရင်းဆွေရင်း တွေ တောင် ကျွန်တော်တို့ကို တရှောင်ရှောင် ဖြစ်လာပြီ၊ရပ်ကွက်ထဲမှာလည်း

ဒီကောင် မပါသွားသေးဘူးလား၊အနုပညာ သမားတွေ ဖမ်းနေတယ်လေ ဘယ်ချိန် ဒီကောင်ကို လာခေါ်မှာလဲစသည် ဖြင့် တံထွေးခွက် ပက် လက်မျော တဲ့အကွက်တွေကြုံနေရတာကိုရော သိကြလား၊ ဆင်ခြင်ကြပါဗျာ ကျွန်တော် တောင်းဆို တာပါ၊မလိုအပ်တဲ့သတင်းတွေကို မဖွ ကြပါနဲ့ ဒီချိန်မှာ တိုင်းပြည်အတွက်တကယ်လိုအပ်တာကို လုပ်ပေးကြပါ၊ကျွန်တော် တောင်း ဆိုတာပါ 🙏🙏🙏🙏🙏 ” ဆိုပြီး ရေးသားထား တာပဲ ဖြစ်ပြီးပရိသတ်တွေအတွက် ဒီသတင်းကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက်ရပါတယ်နော်။

Zawgyi

မလိုအပ္တဲ့ သတင္းမ်ားကိုမဖြၾကဘဲ တိုင္းျပည္အတြက္ အမွန္တကယ္ လိုအပ္တာ ေတြကိုသာ လုပ္ေပးၾကဖို႔ ေတာင္း ဆိုလိုက္တဲ့ သာဒီးလူ

သာဒီးလူကေတာ့ အသံပါဝါအားေကာင္းေကာင္းနဲ႔ သီခ်င္းေတြကို ကိုယ္တိုင္ေရးသားသီဆိုတဲ့ အဆိုေတာ္တစ္ဦး ျဖစ္ပါတယ္။ သူကေတာ့ အေရးႀကဳံတဲ့အခါတိုင္း ျပည္သူေတြနဲ႔အတူ တစ္ေသြးတည္း တစ္သားတည္း ရပ္တည္ေပးသူ လည္း ျဖစ္ပါတယ္။ ဒါ့အျပင္လတ္ တေလာ ျဖစ္ေပၚေနတဲ့ အေျခအေနေတြေၾကာင့္ က်ဆုံးသြားၾကတဲ့ သူရဲေကာင္းေတြအတြက္စိတ္မေကာင္းျဖစ္ေနတာပါ။

လူထုလႈပ္ရွားမႈမ်ားတြင္ ပါဝင္ခဲ့ၾကတဲ့ အႏုပညာရွင္တစ္ခ်ိဳ႕ကေတာ့ ပုဒ္မ ၅၀၅(က) ျဖင့္ တရားစြဲဆိုခံထားရတာ ျဖစ္ပါတယ္။ ဒီအေၾကာင္း နဲ႔ ပတ္သက္ၿပီး မၾကာေသးခင္ နာရီပိုင္းေလာက္က သာဒီးလူရဲ႕ လူမႈကြန္ယက္စာမ်က္ႏွာ တြင္ မလိုအပ္ တဲ့ သတင္းမ်ား ကိုမဖြၾကဘဲ တိုင္း ျပည္ အတြက္ အမွန္တကယ္လိုအပ္တာေတြကိုသာ လုပ္ေပးၾကဖို႔ေတာင္းဆိုလိုက္တာပဲ ျဖစ္ပါတယ္။

” ဝရမ္းတကယ္ထြက္လာရင္ List မွာ ဘယ္သူပါတယ္ဘယ္ဝါပါတယ္ဆိုတာ ကာယကံရွင္နဲ႔တကြ သူတို႔ရဲ႕မိသားစုဝင္ေတြနဲ႔နီးစပ္ရာ လူေတြ က သိပါတယ္ဗ်ာ၊သူတို႔လည္း FB သုံးတတ္ၾကမွာပါ၊ခုဟာက အဲ့တာကို ခင္ဗ်ားတို႔ကေျပာမဆုံး ေအာင္ လူမသိသိေအာင္ ဝရမ္းေျပးအႀကီး စား မျဖစ္ျဖစ္ေအာင္ ထပ္ခါထပ္ခါေတြ Share လုပ္၊သူကေတာ့ ဘယ္လို တိုက္ပြဲဝင္ခဲ့တာ ဘယ္လို ရဲရဲေတာက္ခဲ့တာေတြမဟားတရားေတြ ေလွ်ာက္ေျပာ၊FB မွာအမွတ္ေတြယူ၊ခင္ဗ်ားတို႔အဲ့လိုေတြလုပ္ေတာ့ အခု ကာယကံရွင္ေတြ ေနရထိုင္ရခက္ကုန္တာ သိၾကလား၊

တကယ္ ဝရမ္းထြက္လာတဲ့သူေတြမေျပာနဲ႔ ကြၽန္ေတာ္တို႔ကိုေတာင္ တခ်ိဳ႕အေပါင္းသင္းေတြ လမ္းမွာမ်က္ႏွာခ်င္းဆိုင္ျမင္တာ နဲ႔မ်က္ စိမ်က္ ႏွာေတြပ်က္ေနၾကၿပီ၊လက္ရင္းထိုးေပါင္းခဲ့တဲ့ သူေတြကအစ မေခၚခ်င္မေျပာခ်င္ ျဖစ္ကုန္ၾကၿပီ၊အဲ့တာေတြသိၾကလားၾဆာႀကီးGenGenius တို႔ေရ၊ ဦးေႏွာက္ေတာ့ သုံးၾကပါဗ်ာ၊ေရွ႕ထြက္လည္းေျပာမယ္ မထြက္ရင္လည္း ဆဲမယ္ခင္ဗ်ား တို႔က၊ အခုက် ေတာ့ မိတ္ရင္းေဆြရင္း ေတြ ေတာင္ ကြၽန္ေတာ္တို႔ကို တေရွာင္ေရွာင္ ျဖစ္လာၿပီ၊ရပ္ကြက္ထဲမွာလည္း

ဒီေကာင္ မပါသြားေသးဘူးလား၊အႏုပညာ သမားေတြ ဖမ္းေနတယ္ေလ ဘယ္ခ်ိန္ ဒီေကာင္ကို လာေခၚမွာလဲစသည္ ျဖင့္ တံေထြးခြက္ ပက္ လက္ေမ်ာ တဲ့အကြက္ေတြႀကဳံေနရတာကိုေရာ သိၾကလား၊ ဆင္ျခင္ၾကပါဗ်ာ ကြၽန္ေတာ္ ေတာင္းဆို တာပါ၊မလိုအပ္တဲ့သတင္းေတြကို မဖြ ၾကပါနဲ႔ ဒီခ်ိန္မွာ တိုင္းျပည္အတြက္တကယ္လိုအပ္တာကို လုပ္ေပးၾကပါ၊ကြၽန္ေတာ္ ေတာင္း ဆိုတာပါ 🙏🙏🙏🙏🙏 ” ဆိုၿပီး ေရးသားထား တာပဲ ျဖစ္ၿပီးပရိသတ္ေတြအတြက္ ဒီသတင္းကို တစ္ဆင့္ျပန္လည္ ကူးယူတင္ဆက္ေပးလိုက္ရပါတယ္ေနာ္။

Leave a Reply

Your email address will not be published. Required fields are marked *