CDM မှာ ပါ ဝင် လာ သော ရေတပ် အရာ ရှိ ရေးသည့် စာ…

CDM မှာ ပါ ဝင် လာ သော ရေတပ် အရာ ရှိ ရေးသည့် စာ…

ဒီစာကို ရေးချင်နေသည်မှာ ကြာပေမဲ့.. မိမိလုံခြုံရေးကို ငဲ့ကွက်ပြီး အချိန်ယူစဉ်းစားကာ ယခုမှ တင်ခြင်းဖြစ် သည်…မိမိသည် တပ်မတော်(ရေ) မှ ကပအမ၊ ***** အုပ်ခွဲတပ်ကြပ်ကြီး/၄၁ မြတ်မင်းသူ ဖြစ်သည်..(မသိသူများအတွက်၊ ၄၁ ဆိုသည်မှာ ပညာသည် အမျိုးအစားဖြစ်သည်၊ အထူးပညာသည်(ရေယာဉ်စက်)/..

Artificer of Marine Engine,AME, A-Group Sailor ဖြစ် သည်..၄၂ ဆိုလျင် Electrician .. ၄၃ ဆိုလျင် Machine Tool, ၄၄ ဆိုလျင် Fitter..etc,…)၃၁ . ၃ . ၂၀၂၁ ရက်နေ့မှစ၍ CDM တွင်ပါဝင်သည်.. မည်သူ့သွေ း ဆောင်မှုမျှမပါ

ဖယောင်းတိုင်ဖြင့်စာကျ က်၍.. အင်တာနက်ဆိုင်တွင် G-Talk သုံးကာ..လူကြီး လာမှ မီ း မှန်သည့် အမှောင်ခေတ်တွင်လူဖြစ်လာ သောကြောင့်.. ကိုယ်တွေ့ဖြင့် အမှန်အမှား စဉ်းစားဆင်ခြင်ဆုံး ဖြ တ် ခြင်းဖြစ်သည်..(CDM ပါဝင်သူများကို ဘေးဘီမှဝါဒဖြန့်မှုကို နားယောင် သဖြင့် လမ်းမှားကြသည်ဟု Propaganda လုပ်ကြသည်များရှိသည်အ မှန်တကယ်တွင် လူစိတ်ရှိဖို့နှင့် သင့်တင့်မျှတ..တွေးခေါ်နိုင်စွမ်းရှိဖို့သည် ပိဋကတ် ၃ ပုံအာဂုံဆောင်သည်အထိ စာဖတ်ရန်မလို၊ သာမန် ဉာဏ်ရည်နှင့်ဗဟု သုတရှိပြီး အခြေခံစိတ်ရင်းကောင်းဖို့နှင့် ကိုယ်ချင်းစာစိတ် မေတ္တာစိတ်တို့ရှိနေဖို့သာ လိုသည် )ယခုမှရေးရခြင်းအတွက်လည်း အားနာသည်မိ

သားစုမှာ တပ်တွင်းနေထိုင်နေခြင်းကြောင့် ဘေးကင်းစေရန်..ဦးစွာခေါ်ထုတ်ရသဖြင့်..အချိန်ယူနေရခြင်းနှင့် အာ ဏာသိမ်းခါစတွင် ပင်လယ်ပြင်တွင်ရောက်ရှိနေခြင်းတို့ကြောင့် CDM တွင်ပါဝင်ရန် ကြန့်ကြာနေရခြင်းဖြစ် သည်..မိမိသည် ယခင်က စစ်တပ်သည် လွှတ်တော်ထဲမှ ရာခိုင်နှုန်းတစ်ဖြည်းဖြည့်လျှော့ကာConstitution ကိုပြင်နိုင်သည်အထိ အခြေအနေတိုးတက်

ဆောင်ရွက်ပြီး ဒီမိုကရေစီရာနှုန်းပြည့်ရှိသော ဖက်ဒရယ်ပြည်ထောင်စုစစ်စစ် ကိုထူထောင်သည်အထိ နောက်မလှည့်ဘဲ ရှေ့ဆက်သွားမည်ဟု မျှော်လင့်ထားခြင်းဖြစ်သည်..ယူနီဖောင်းဝတ်လျက်အပြင်ထွက်ချိန် ‘ပြည်သူလူအများက လေးစားကြည်ညိုသည့် စစ်သားဘဝ’ ကို တစ်ချိန် ပြန်လည်ရရှိလာမည်ဟု..မျှော်လင့်ခဲ့သူလည်းဖြစ်သည်သို့

သော် လက်ရှိအချိန်မှာကား ပြည်သူအများသည် စစ်သားဆိုလျင် အလွန်အင်မတန် ရွံ ရှာ စ က် ဆု ပ်နေကြပြီဖြစ်သည်.. အမျိုးများကပင် လက်မခံသည်အထိ ခါးသီးသည်.. (ချီးနဲ့စစ်သားဆို ချီးသာစားမည်ဆိုသူများလည်း ရှိသည်..ထိုအထိမပြောလို.. လွန်ရာကျပေမည်)..မိမိမျှော်လင့်သည့် ရေတပ်သားဘဝလည်း မဖြစ်နိုင်တော့ ကြည်း တပ်အုပ်ချုပ်မှုအောက်ကကင်းလွတ်သည့် နိုင်ငံတကာအဆင့်မီ Internavy ရေတပ်လည်း မဖြစ်လာနိုင်တော့

အောက်ခြေအမှုထမ်းများအတွက် အနာဂတ် အခွင့်အ ရေး လွန်လွန်ပြောရလျင် Corruption ပြသနာအထိ..ပြေလည်လာစရာမမြင်…. အောက်ခြေအမှုထမ်းများအတွက် Diploma ရသော်လည်း ပေါ က် တူးသာပေါ က် ရမည်..ဒီဇယ်ကိုရောင်း၍ ကြားပေါ က်ရှာလျင်ရှာ.. မဟုတ် လျင် ကယ်ရီဆွဲလျင်ဆွဲ..စစ်ဆင်ရေးထွက်လျင် ငါးဖမ်းသင်္ဘောများကို လိုက်ဖမ်း.. အတ င်း အ ဓ မ္မ ဆီတောင်းရောင်းစားသည့် Trend ကြီးအတိုင်းသာ..ရှေ့ဆက်နေမည်ပင်S

RD(ND) အတွက် Reform Process များတွင် အားတက်သရောပါဝင်ပေးချင်သော်ငြား .. တော်ပြီ.မိမိအားထည့်သမျှ ချွေးစက်မှန်သမျှ သည် High Table အတွက် Percentage ရရန် ငွေရှာပေးနေသကဲ့သို့သာဖြစ်နေမည်..

ထိုငွေများ လုပ် အားများ အကျိုးများသည် ကျ ည် ဆံ ဖြစ်လာပြီး..နောင်တစ်ချိန်တွင် မြောက်ဥက္ကလာက မိမိသူငယ်ချင်းနှင့် ချင်းပြည်နယ်မှ မိမိအမျိုးတို့အား ထို ကျ ည် ဆံဖြင့်ပင် ကျေးဇူးတုံ့ပြန်ဆပ်ခံရမည်မှာ မလွဲမသွေ.. ထို့ကြောင့်…CDM တွင်ပါဝင်လာရသည် ထို့ကြောင့် အာဏာသိမ်းကောင်စီအားအလုပ်ကျွေးပြုသည့် Career ကို လက်ရှိကာလအတွက် နိဂုံးချုပ်လိုက်သည်…

‌ထို့ကြောင့်….. မိမိတာဝန်ထမ်းဆောင်သည့် စစ်ရေယာဉ်မှ ၆ ဦးမြောက်စွန့်ခွာသူအဖြစ် စွန့်ခွာသည်…လ က် န က် ရိက္ခာ တပ်ပိုင်ပစ္စည်း တစ်ခုမှယူမလာ.. ယူနီဖောင်းမှအစ စစ်စွပ်ကျယ်အဆုံး အကုန်ချန်ပြီးအဝတ် တစ်ထည်ကိုယ်တစ်ခုနှင့် ရု န်းထွက်လာခြင်းဖြစ်သည်မ

တိုင်မီကာလ မိမိအား ကူညီခဲ့ဖူးသူအချို့နှင့်..ရဲဘော်ရဲဘက်အရင်းများကိုတော့ အားနာသည်…. အား နာလည်း ထည့်တွက်နေရမည့်အချိန်မဟုတ်.. နိုင်ငံ၏ အချိုးအကွေ့ကာလရောက်ခါမှ တွေဝေနေလျင် ဆိုခဲ့ဖူးသည့်သစ္စာသည် အလကားဇီးရိုးသာဖြစ်သည်..မိမိသည် ပြည်သူရွေးကောက်တင်မြှောက်သည့် အစိုးရမဖြစ်လာသေးသ၍ CDM ပြုလုပ်နေမည်ဖြစ်ပြီး

နိုင်ငံနှင့်လူမျိုးအတွက် ရရာနည်းလမ်းဖြင့် တတ်နိုင်သမျှ ကူညီဆောင်ရွက် သွားမည်ဖြစ်သည်…CDM သည် တော်လှန်ရေးတွင် အမှန်တကယ်ထိရောက်သည့် အရှို က် ထို း အကွက်ဖြစ်ပြီး.. စစ်ဘက်တွင် ဆရာဝန်စစ်ဗိုလ် အင်ဂျင်နီယာစစ်ဗိုလ် စသည့် ပညာတတ်စစ်သားများ များပြားစွာပါဝင်နေပြီဖြစ်သည်..

ပါဝင်သည့်အင်အားလည်း အလျှော့မရှိ တိုးလျက်သာတိုးလာနေသည်..ရေတပ်တွင်လည်း များပြားစွာပါဝင်နေကြပြီး.. ပါဝင်နေကြဆဲဖြစ်သည်.. ရဲဘော်ရဲဘက်များ အထူးသဖြင့်ပညာတတ်ရေတပ်အရာရှိ/စစ်သည်များ ကိုလည်း စဉ်းစားချင့်ချိန်ရန် တိုက်တွန်းပါသည်ငါဘာအတွက်ဆက်လုပ်နေလည်း.. ????..

ငါ့အတွက်အရမ်းကောင်းလွန်းလို့လား.. အရမ်းကောင်းနေရင် ဆက်လုပ်ပါ.. လစာနှစ်ဆလောက် ကြား ပေါ က်ဝင်ငွေရနေရင် လုပ်ပါ.. ၃ နှစ် ၄ နှစ်တစ်ခါ ရာထူးတကယ်တိုးရင် ဆက်လုပ်ပါ..Project ရနေလို့ အရမ်းမြတ်နေရင် ဆက်လုပ်ပါ.. ဦးစီးက ကိုယ်တွေကို Welfare တကယ်ကြီးလုပ်ပေးနေရင် ဆက်လုပ်ပါ..

၁၀ နှစ် or ၁၅ နှစ်မှာ တကယ်ထွက်ခွင့်ပေးတယ်ဆို ဆက်လုပ်ပါ..ကိုယ်ပိုင်အိမ်/ကား တကယ်ရမှာဆို ဆက်လုပ်ပါ…ယုံပါ.. ပြည်သူ့ဘက်က ရ င် ထု မ နာ လွန်းလို့ တစ်လောကလုံးရုံးမတက်ဘဲ ရု န်း ထွက်ရင်တောင် အခွင့်ရေးသမားတွေက ကု တ်နဲ့ က လော် ထု တ်တောင် မထွက် ဘဲ ပေကပ်ကျန်နေဦးမှာပါ..

(ဒါကလူ့သဘာဝပါပဲ)ဒါပေမဲ့ ကိုယ်က အခွင့်ဘာမှမရပါဘဲနဲ့.. မဝရေစာ ရပ်တည်နေရပြီး တစ်လောကလုံးမုန်းတဲ့ Career ကို ဘာလို့ဖက်တွယ်နေမှာလဲ?..စဉ်းစားဖို့လိုပါပြီ..ကြော က်လို့ရု န်းမထွက်နိုင်သူတွေကိုလည်း Message ပေးချင်ပါသည်.. မိမိလည်း အလွန် ကြော က်ပါသည်..အထူးသဖြင့် မတရားသဖြင့် ေ သရမှာကို..

ပိုကြော က်သည်.. Safe Zone မရောက်မချင်း အိပ်မပျော်ခဲ့ပါ.. Social Media တောင် ဖွင့်မသုံးရဲ.. လွန်စွာစိ တ် ဆ င်းရဲရပါသည်.. ဒု က္ခ လည်းများစွာရောက်ပါ သည်..သို့သော်..မိမိဘဝတစ်လျှောက် လုပ်ခဲ့သမျှလုပ် ရပ်များထဲတွင် ဤအလုပ်သည် နိုင်ငံအတွက် ဂုဏ်ယူဖွယ်ရာအကောင်းဆုံးနှင့် အမှန်ကန်ဆုံး..

လုပ်ရပ်ဖြစ်သည်ဟု ခံယူလျက်.. ဝမ်းသာပီတိဖြစ်ရသည်..CDM တွင်ပါဝင်ချိန် စစ်သားတစ်ယောက်ဖြစ်ရခြင်းအတွက် တာဝန်ကျေ သည်ဟု ပထမဆုံးအကြိမ်အဖြစ် ခံစားမိခြင်းဖြစ်သည်..စစ်သားတစ်ယောက်၏ သစ္စာသည် သူ့အား လ က် န က် တပ်ဆင်ပေးသည့်ပြည်သူကို ကာကွယ်ရန်ပင် စင်စစ်ဖြစ်သည်….

ထိုသို့မဟုတ်ပါက မှားချေပြီ..အမှန်နဲ့ အမှားကြား ဝိဝါဒကွဲ ပြား ပါက ဆင်ခြင်ရန် ဤအကောင့်တွင် “အမှန်နဲ့အမှား” ခေါင်းစဉ်ဖြင့် Post ၃ ခုရေးတင်ထားသည်နိဂုံးချုပ်ရလျင်.. ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးအတွက် တစ်ပါတီအာဏာရှင်စနစ်သည် အင်မတန်ဆိုးရွား နိမ့်ကျ၍ မလျော်မကန်ကြောင်း ရှည်လျားသော..

သမိုင်းက သက် ေ သ ပြပြီးဖြစ်သည်.. ဗျုရိုကရေစီ သည်လည်း အစိုးရတစ်ရပ်လုံးကို လူကြီးကောင်း စားရေးဦးတည်ထားသည့် ဘူဇွာလမ်းစဉ်ဖြင့် မွ စာ ကျဲ အောင် တို က် စား ပျ က် ဆီးစေခဲ့ပြီးဖြစ်သည်.. အမှောင်ခေတ်ပညာရေးသည်လည်း စာတွေ့မဟုတ်ဘဲ ငါတွေ့ကြုံခဲ့ပြီးဖြစ်၍ အထူးမပြောလိုတော့..

အာဏာရှငစြနစတြှငြ အာဏာရှငြ၏ လ ကြ ကို ငြ တု တဖြှစသြော အောကခြှစစေသြားမွားပငြ လူမှေးလူရောငြ မတော ကပြှောငြ.. ဖိ နှိ ပြ ခွု ပခြွ ယြ ကနြ့ သ တြ မှု ဆထကတြပိုးအမွိုးမွိုးတိုးပှီး ကွ ပတြ ညြးသညြ..ထိုခတြေ ထိုစနစမြှ လူတိုငြး ရု နြး က နြ ထကှကှဖို့လိုသညြ..လူတိုငြ းေ သမညြ..

ဆရာဝန်လည်း အချိန်တန်လျင် ေ သမည်..စစ်သားလည်း ေ သ မည်..Gamer လည်း ေ သမည်.ဖာ ခေါင်းလည်း ေ သမည်..ဗိုလ်ချုပ်အောင်ဆန်းလည်း ေ သသည်.. သူ့သမီး ဒေါ်အောင်ဆန်းစုကြည်လည်း ေ သပါလိမ့်ဦးမည်.. သို့သော်.. ကမ္ဘာ့သမိုင်း မြန်မာ့သမိုင်းများ ထဲတွင် ဗိုလ်ချုပ်နှင့်သူ့သမီးသည်..

Immortal အဖြစ် Eternal Life ကို ရရှိမည်ဖြစ် သည်.ဂုဏ်ဖြင့် ေ သ ဆုံးရန်အတွက်.. အသက်ရှင်ချိန်အတွင်း ဂုဏ်ယူဝမ်းမြောက်ဖွယ်အမှုကို ပြုမှသာရမည်..လူ သ တ်၍ မိမိဖာသာ ဂုဏ်ယူနေသူများလည်း ရှိကောင်းရှိမည်..သို့သော် Honour သည် တိုင်းပြည်နှင့် ပြည်သူက ပေးမှသာရသည်ဟု နှစ်နှစ် ကာကာ ယုံကြ ည်သည်..

ရေဘဲ (၂၀ . ၄ . ၂၀၂၁)

Zawgyi

























ရေဘဲ (၂၀ . ၄ . ၂၀၂၁)

Leave a Reply

Your email address will not be published. Required fields are marked *