မနက်ခင်းအိပ်ယာနိုးနိုးချင်း လုံးဝ (လုံးဝ) မလုပ်သင့်တဲ့ အရာများ

မနက်ခင်းအိပ်ယာနိုးနိုးချင်း လုံးဝ (လုံးဝ) မလုပ်သင့်တဲ့ အရာများ

မနက်မိုးလင်း အိပ်ရာထရတဲ့အချိန်ဟာ လူအတော်များများအတွက်တော့ တကယ့်ကို အဆို းရွားဆုံးအချိန်ပါပဲ ။တစ်နေ့တစ်နေ့ကြားနေရတဲ့ Alarms သံကိုမုန်းနေတဲ့သူ ဘယ်လောက်များပြီလဲ ။ Alarms သံကြားတာနဲ့ နာရီကို ကိုင်ပေါင်ပြီး စောင်အောက်ထဲပြန်ဝင်ချင်စိတ်ပေါက်နေတာ ဘယ်လောက်များခဲ့ပြီလဲဆိုတာ ကိုယ်တိုင်သိကြမှာပါ ။ဒါပေမယ့်လည်း တာဝန် နဲ့ ဝတ္တရားတွေရှိတဲ့အတွက် မဖြစ်မနေထရတာပဲ ။

ဒီလိုမျိုး စိတ်ပျက်စရာအခြေအနေမျိုးမှာ ဘယ်လိုကိစ္စတွေကို မပြုလုပ်ပဲ ရှောင်ရှားသင့်သလဲ.? ၁။ Snooze – (Alarm ပေးထားတာကို Snooze လုပ်ပစ်ခြင်းကိုဆိုလိုသည်) နောက်ငါးမိနစ်လောက်…..ဆိုတာဟာ အတော်ကို ဆိုးပါတယ် ။အိပ်ရာနိုးနိုးချင်း ရေမိုးချိုးတာမျိုး ချက်ချင်းလုပ်ဖို့မလိုအပ်ပေမယ့် ပွင့်နေတဲ့ မျက်လုံးကိုတော့ ပြန်မမှိတ်လိုက်သင့်ပါဘူး ။တကယ်လို့ Snooze ခလုတ်ကို နှိပ်ပြီး ပြန်အိပ်ပျော်သွားရင်တော့ သင်ဟာ အစကနေပြန်အိပ်သလိုဖြစ်သွားပါလိမ့်မယ် ။အဲ့ဒီအချိန်မှာ Alarm ထမြည်ခဲ့မယ်ဆိုရင် ဒေါသတွေအကြီးအကျယ်ထွက်လာပါလိမ့်မယ် ။

၂။ ငြိမ်မနေပါနဲ့ – ခုနကပြောသလိုပဲ အိပ်ရာနိုးနိုးချင်း ရေသွားချိုးဖို့မလိုပေမယ့် အနည်းဆုံးတော့ အိပ်ရာပေါ်က ထထိုင်တာမျိုး ၊ အပျင်းဆန့်တာမျိုးပြုလုပ်သင့်ပါတယ် ။အိပ်ရာနိုးနိုးချင်း အပျင်းဆန့်တာဟာ တစ်နေ့တာလုပ်ငန်းခွင်မှာ ပိုမိုယုံကြည်မှုရှိလာစေတယ်လို့လည်း ဟားဗက်မှ စိတ်ပညာရှင် Amy Cuddy ကပြောထားပါတယ် ။ ဖုန်းမကြည့်ပါနဲ့ – မနက်မိုးလင်းလင်းချင်း ဖုန်းကြည့်တာမျိုးလုံးဝမပြုလုပ်ပါနဲ့ ။အလွန်ကြည့်ချင်နေရင်တောင်မှ ကိုယ်လုပ်စရာရှိတာတွေလုပ်ပြီးမှကြည့်ပါ ။စိတ်ပညာရှင်တွေအပြောအရ အိပ်ရာနိုးနိုးချင်း ဖုန်းကြည့်ခြင်းဟာ စိတ်ကျန်းမာရေးကို ထိခိုက်လာနိုင်တယ်လို့ သိထားရပါတယ် ။

၃။ အမှောင်ထဲမှာမနေပါနဲ့ – အိပ်ရာထတဲ့အခါ မျက်စိက အလင်းရောင်ကို ကြည့်ဖို့ ကျင့်သားမရသေးပါဘူး ။ဒါကြောင့် မီးပိတ်ထားပြီး ကိုယ်လုပ်စရာရှိတာကိုလုပ်ကြလေ့ရှိပါတယ် ။ဒါပေမယ့် ခန္ဓာကိုယ်က အလင်းအမှောင်ကိုတုံ့ပြန်အား အရမ်းကို ကောင်းလွန်းတဲ့အတွက် အမှောင်ထဲမှာပြင်ဆင်နေတဲ့အခါ ညဘက်ယူဆသွားပါတယ်။ ခန္ဓာကိုယ်က ညဘက်လို့ယူဆလိုက်တဲ့အခါမှာ နေရင်းထိုင်ရင်း နုံးချိလာသလိုခံစားရပါလိမ့်မယ် ။ဒါကြောင့် မနက်မိုးလင်းတဲ့အချိန်မှာ လိုက်ကာတွေဖွင့်ပြီးတော့ အလင်းရောင်အောက်မှာပြင်ဆင်တာ အကောင်းဆုံးပါပဲ ။

Zawgyi

မနက္ခင္းအိပ္ယာႏိုးႏိုးခ်င္း လုံးဝ (လုံးဝ) မလုပ္သင့္တဲ့ အရာမ်ား

မနက္မိုးလင္း အိပ္ရာထရတဲ့အခ်ိန္ဟာ လူအေတာ္မ်ားမ်ားအတြက္ေတာ့ တကယ့္ကို အဆို း႐ြားဆုံးအခ်ိန္ပါပဲ ။တစ္ေန႔တစ္ေန႔ၾကားေနရတဲ့ Alarms သံကိုမုန္းေနတဲ့သူ ဘယ္ေလာက္မ်ားၿပီလဲ ။ Alarms သံၾကားတာနဲ႔ နာရီကို ကိုင္ေပါင္ၿပီး ေစာင္ေအာက္ထဲျပန္ဝင္ခ်င္စိတ္ေပါက္ေနတာ ဘယ္ေလာက္မ်ားခဲ့ၿပီလဲဆိုတာ ကိုယ္တိုင္သိၾကမွာပါ ။ဒါေပမယ့္လည္း တာဝန္ နဲ႔ ဝတၱရားေတြရွိတဲ့အတြက္ မျဖစ္မေနထရတာပဲ ။

ဒီလိုမ်ိဳး စိတ္ပ်က္စရာအေျခအေနမ်ိဳးမွာ ဘယ္လိုကိစၥေတြကို မျပဳလုပ္ပဲ ေရွာင္ရွားသင့္သလဲ.? ၁။ Snooze – (Alarm ေပးထားတာကို Snooze လုပ္ပစ္ျခင္းကိုဆိုလိုသည္) ေနာက္ငါးမိနစ္ေလာက္…..ဆိုတာဟာ အေတာ္ကို ဆိုးပါတယ္ ။အိပ္ရာႏိုးႏိုးခ်င္း ေရမိုးခ်ိဳးတာမ်ိဳး ခ်က္ခ်င္းလုပ္ဖို႔မလိုအပ္ေပမယ့္ ပြင့္ေနတဲ့ မ်က္လုံးကိုေတာ့ ျပန္မမွိတ္လိုက္သင့္ပါဘူး ။တကယ္လို႔ Snooze ခလုတ္ကို ႏွိပ္ၿပီး ျပန္အိပ္ေပ်ာ္သြားရင္ေတာ့ သင္ဟာ အစကေနျပန္အိပ္သလိုျဖစ္သြားပါလိမ့္မယ္ ။အဲ့ဒီအခ်ိန္မွာ Alarm ထျမည္ခဲ့မယ္ဆိုရင္ ေဒါသေတြအႀကီးအက်ယ္ထြက္လာပါလိမ့္မယ္ ။

၂။ ၿငိမ္မေနပါနဲ႔ – ခုနကေျပာသလိုပဲ အိပ္ရာႏိုးႏိုးခ်င္း ေရသြားခ်ိဳးဖို႔မလိုေပမယ့္ အနည္းဆုံးေတာ့ အိပ္ရာေပၚက ထထိုင္တာမ်ိဳး ၊ အပ်င္းဆန႔္တာမ်ိဳးျပဳလုပ္သင့္ပါတယ္ ။အိပ္ရာႏိုးႏိုးခ်င္း အပ်င္းဆန႔္တာဟာ တစ္ေန႔တာလုပ္ငန္းခြင္မွာ ပိုမိုယုံၾကည္မႈရွိလာေစတယ္လို႔လည္း ဟားဗက္မွ စိတ္ပညာရွင္ Amy Cuddy ကေျပာထားပါတယ္ ။ ဖုန္းမၾကည့္ပါနဲ႔ – မနက္မိုးလင္းလင္းခ်င္း ဖုန္းၾကည့္တာမ်ိဳးလုံးဝမျပဳလုပ္ပါနဲ႔ ။အလြန္ၾကည့္ခ်င္ေနရင္ေတာင္မွ ကိုယ္လုပ္စရာရွိတာေတြလုပ္ၿပီးမွၾကည့္ပါ ။စိတ္ပညာရွင္ေတြအေျပာအရ အိပ္ရာႏိုးႏိုးခ်င္း ဖုန္းၾကည့္ျခင္းဟာ စိတ္က်န္းမာေရးကို ထိခိုက္လာႏိုင္တယ္လို႔ သိထားရပါတယ္ ။

၃။ အေမွာင္ထဲမွာမေနပါနဲ႔ – အိပ္ရာထတဲ့အခါ မ်က္စိက အလင္းေရာင္ကို ၾကည့္ဖို႔ က်င့္သားမရေသးပါဘူး ။ဒါေၾကာင့္ မီးပိတ္ထားၿပီး ကိုယ္လုပ္စရာရွိတာကိုလုပ္ၾကေလ့ရွိပါတယ္ ။ဒါေပမယ့္ ခႏၶာကိုယ္က အလင္းအေမွာင္ကိုတုံ႔ျပန္အား အရမ္းကို ေကာင္းလြန္းတဲ့အတြက္ အေမွာင္ထဲမွာျပင္ဆင္ေနတဲ့အခါ ညဘက္ယူဆသြားပါတယ္။ ခႏၶာကိုယ္က ညဘက္လို႔ယူဆလိုက္တဲ့အခါမွာ ေနရင္းထိုင္ရင္း ႏုံးခ်ိလာသလိုခံစားရပါလိမ့္မယ္ ။ဒါေၾကာင့္ မနက္မိုးလင္းတဲ့အခ်ိန္မွာ လိုက္ကာေတြဖြင့္ၿပီးေတာ့ အလင္းေရာင္ေအာက္မွာျပင္ဆင္တာ အေကာင္းဆုံးပါပဲ ။

Leave a Reply

Your email address will not be published. Required fields are marked *