အိမ်က ခြံလေးထဲတွင် ဟင်းသီး ဟင်းရွက် စိုက်ပျိုးရင်း အားလပ် ရက်ကို တန်ဖိုး ရှိစွာ ဖြတ်သန်း နေတဲ့ ဝေဠုကျော်
သရုပ်ဆောင် ဝေဠုကျော်ကတော့ ရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကား တွေ ရိုက်ကူးရင်း ပရိသတ်တွေ ရဲ့ အားပေးမှုတွေကိုသိမ်းပိုက်ရရှိထားတာ ဖြစ် ပါတယ်။ လက်ရှိမှာတော့ ပရဟိတလုပ်ငန်းတွေ လုပ်ဆောင် ရင်း ပြည်သူတွေကို တတ်နိုင် သလောက် ထောက်ပံ့ပေး နေတာ ဖြစ်ပါတယ်။
ဝေဠုကျော်ဖောင်ဒေးရှင်း ကို တည်ထောင်ထားပြီး အဖွဲ့ဝင်များ နဲ့အတူ ကယ်ဆယ်ရေးလုပ်ငန်းတွေမှာလည်း ဝိုင်းဝန်းကူညီပေးနေတာ ဖြ စ် ပါတယ်။လက်တလောမှာလည်း စားဝတ်နေရေး အခက်အခဲဖြစ်နေကြတဲ့ ပြည်သူတွေ ကို အလှူရှင်တွေ ကိုယ်စား လှူဒါန်းပေးနေတာ ဖြစ်ပါတယ်။
သူ့ ရဲ့လှူဒါန်းမှုတွေကိုလည်း ပရိသတ်တွေသာဓုခေါ်ဆိုနိုင်အောင် လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် တင်ပေးနေတာ ဖြစ် ပါတယ်။ မကြာသေး ခင် နာရီပိုင်းလောက်ကလည်း ဝေဠုကျော်ဖောင်ဒေးရှင်းရဲ့ Facebook Page တွင် အိမ်ကခြံလေးထဲတွင် ဟင်းသီးဟင်းရွက်စိုက်ပျိုးရင်းအား လပ် ရက်ကို တန်ဖိုးရှိစွာဖြတ်သန်းနေတဲ့ ပုံရိပ်တွေကို ဝေမျှထ ားတာ ဖြစ်ပါတယ်။
သူကလည်း ” 23-4-2021 ကပ်ရောဂါကာလ ၊နိုင်ငံရေး မတည် ငြိမ်တဲ့ ကာလတွေ ကြား ဈေးမသွား ဖြစ်တယ့် ရက်တွေ အတွက် ကိုဝေဠု ကျော် ရဲ့ ဟင်းသီးဟင်းရွက် စိုက်ခင်းလေးတွေပါ။ စခန်းမှာက မြေပေါသလိုစိုက်ပြီး အိမ်မှာတော့ မြေသိပ်မပေါတော့ အဆင် ပြေသလို စိုက် ကာ ခူးနှုတ်ချက်စားနေရပါပြီ။ သန်လျင်ခြံကတော့ အလှမ်းဝေး လို့ စိုက်ခင်းရှိလည်း နေ့တိုင်း မရောက်ဖြစ်ပါဘူး။ ” ဆိုပြီးရေးသားထားတာ ဖြစ်ပြီး ပရိသတ်တွေအတွက် ဒီသတင်းကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။
Zawgyi
အိမ္က ၿခံေလးထဲတြင္ ဟင္းသီး ဟင္း႐ြက္ စိုက္ပ်ိဳးရင္း အားလပ္ ရက္ကို တန္ဖိုး ရွိစြာ ျဖတ္သန္း ေနတဲ့ ေဝဠဳေက်ာ္
သ႐ုပ္ေဆာင္ ေဝဠဳေက်ာ္ကေတာ့ ႐ုပ္ရွင္နဲ႔ဗီဒီယိုဇာတ္ကား ေတြ ႐ိုက္ကူးရင္း ပရိသတ္ေတြ ရဲ႕ အားေပးမႈေတြကိုသိမ္းပိုက္ရရွိထားတာ ျဖစ္ ပါတယ္။ လက္ရွိမွာေတာ့ ပရဟိတလုပ္ငန္းေတြ လုပ္ေဆာင္ ရင္း ျပည္သူေတြကို တတ္ႏိုင္ သေလာက္ ေထာက္ပံ့ေပး ေနတာ ျဖစ္ပါတယ္။
ေဝဠဳေက်ာ္ေဖာင္ေဒးရွင္း ကို တည္ေထာင္ထားၿပီး အဖြဲ႕ဝင္မ်ား နဲ႔အတူ ကယ္ဆယ္ေရးလုပ္ငန္းေတြမွာလည္း ဝိုင္းဝန္းကူညီေပးေနတာ ျဖ စ္ ပါတယ္။လက္တေလာမွာလည္း စားဝတ္ေနေရး အခက္အခဲျဖစ္ေနၾကတဲ့ ျပည္သူေတြ ကို အလႉရွင္ေတြ ကိုယ္စား လႉဒါန္းေပးေနတာ ျဖစ္ပါတယ္။
သူ႔ ရဲ႕လႉဒါန္းမႈေတြကိုလည္း ပရိသတ္ေတြသာဓုေခၚဆိုႏိုင္ေအာင္ လူမႈကြန္ယက္စာမ်က္ႏွာမွတစ္ဆင့္ တင္ေပးေနတာ ျဖစ္ ပါတယ္။ မၾကာေသး ခင္ နာရီပိုင္းေလာက္ကလည္း ေဝဠဳေက်ာ္ေဖာင္ေဒးရွင္းရဲ႕ Facebook Page တြင္ အိမ္ကၿခံေလးထဲတြင္ ဟင္းသီးဟင္း႐ြက္စိုက္ပ်ိဳးရင္းအား လပ္ ရက္ကို တန္ဖိုးရွိစြာျဖတ္သန္းေနတဲ့ ပုံရိပ္ေတြကို ေဝမွ်ထ ားတာ ျဖစ္ပါတယ္။
သူကလည္း ” 23-4-2021 ကပ္ေရာဂါကာလ ၊ႏိုင္ငံေရး မတည္ ၿငိမ္တဲ့ ကာလေတြ ၾကား ေဈးမသြား ျဖစ္တယ့္ ရက္ေတြ အတြက္ ကိုေဝဠဳ ေက်ာ္ ရဲ႕ ဟင္းသီးဟင္း႐ြက္ စိုက္ခင္းေလးေတြပါ။ စခန္းမွာက ေျမေပါသလိုစိုက္ၿပီး အိမ္မွာေတာ့ ေျမသိပ္မေပါေတာ့ အဆင္ ေျပသလို စိုက္ ကာ ခူးႏႈတ္ခ်က္စားေနရပါၿပီ။ သန္လ်င္ၿခံကေတာ့ အလွမ္းေဝး လို႔ စိုက္ခင္းရွိလည္း ေန႔တိုင္း မေရာက္ျဖစ္ပါဘူး။ ” ဆိုၿပီးေရးသားထားတာ ျဖစ္ၿပီး ပရိသတ္ေတြအတြက္ ဒီသတင္းကို တစ္ဆင့္ ျပန္လည္ ကူးယူတင္ဆက္ေပးလိုက္ ရပါတယ္ေနာ္။