မျက်နှာပေါ်က အမဲစက်တွေနဲ့ ဝက်ခြံ အရေးအကြောင်းတွေကိုဖယ်ရှားပေးပြီး အသားအရည်ကိုဖြူဝင်းလာစေတဲ့ ဆေးနည်း

မျက်နှာပေါ်က အမဲစက်တွေနဲ့ ဝက်ခြံ အရေးအကြောင်းတွေကိုဖယ်ရှားပေးပြီး အသားအရည်ကိုဖြူဝင်းလာစေတဲ့ ဆေးနည်း

ဒီတစ်ခါတော့ ဈေးကြီး နာမည်ကြီး တဲ့ အလှကုန် တွေ သုံးစရာမလိုဘဲ မျက်နှာ အသားအရေ ကို သိသိသာသာ ဖြူ ဝင်းစေနိုင်မယ့် အာလူးပြုတ်လေးအကြောင်း မျှဝေပေးပါရစေ ။ ဒီ နည်းလမ်း လေးဟာ သင့် မျက်နှာ ကို ခဏတာ သာ ဖြူဝင်းစေတာမဟုတ်ဘဲ ထာဝရဖြူစေနိုင်တဲ့ နည်းလမ်း လို့တောင် တင်စားကြပါတယ်။ ပထမဆုံး အာလူး ကို ဆေးကြောပြီး ပြုတ်လိုက်ပါ ။

နူးသွားပြီဆိုလျှင် အခွံခွာပြီး ကောင်းစွာ ကြိတ်ခြေပါ။ ပြီးနောက် အရောအနှောမပါ aသာ ဒိန်ချဉ် အနည်းငယ်ကို ထည့်မွှေပါ ။ ဒိန်ချဉ် မရှိလျှင် နွားနို့ ထည့်လို့ ရပါတယ်။နောက်ဆုံးမှာ ပျားရည် လက်ဖက်ရည် ၁ဇွန်းနှင့် သံပုယိုရည် ၃စက်ခန့် ထပ်ထည့်မွှေလိုက်ပါ ။ အားလုံးနှံ့စပ်အောင် မွှေပြီးလျှင်တော့ မျက်နှာပေါ်သို့ သုတ်လိမ်းထားလိုက်ပါ ။ နာရီဝက်ခန့်ကြာလျှင်တော့ ရေဖြင့် ဆေးကြောသန့်စင် နိုင် ပါပြီ ။

အာလူးပြုတ်မှာ ဗီတာမင်စီ နှင့် အသားအရေအတွက် ကောင်းမွန်တဲ့ဓါတ်တွေ အများကြီးပါဝင်ပါတယ် ။ဒါ့ အပြင် ဒိန်ချဉ် နှင့် ပျားရည် ကလည်း အသား ကို ဖြူဝင်းစေနိုင်တဲ့အစွမ်းကို ပေးစွမ်းနိုင်ပါသေးတယ်။ဖော်ပြပါ နည်း လမ်း ကို တစ်ပါတ်လျှင် ၂ကြိမ်ခန့် ပြုလုပ်ပေးခြင်းဖြင့် မျက်နှာ အသားအရေ ကို ဖြူဝင်းစေခြင်း ၊ တင်းရင်း စေခြင်း ၊ အမဲစက်များကင်းခြင်း ၊ ဝက်ခြံနှင့် အရေးအကြောင်း များဖြစ်ခြင်းတို့မှလည်း ကာကွယ်ပေးနိင်ပါတယ်။

Zawgyi





Leave a Reply

Your email address will not be published. Required fields are marked *