သင်္ကြန်ကာလအတွင်း ငွေဆောင်ကမ်းခြေတွင် မြူး တူး ပျော်ပါးခဲ့တဲ့ ပုံရိပ်တွေထွက်ပေါ်လာတဲ့ ဖိုးလပြည့်

သင်္ကြန်ကာလအတွင်း ငွေဆောင်ကမ်းခြေတွင် မြူး တူး ပျော်ပါးခဲ့တဲ့ ပုံရိပ်တွေထွက်ပေါ်လာတဲ့ ဖိုးလပြည့်

ပရိသတ်ကြီးရေ နေရွှေသွေးအောင်(ခ) ဖိုးလပြည့်ကိုတော့ အားလုံးလည်း သိကြမယ် ထင်ပါတယ်နော်။ တစ်ခေတ်တစ်ခါ က မြန်မာနိုင်ငံ ကို ဦးသန်းရွှေ အုပ်ချုပ် ခဲ့ စဉ်က ဖိုးလပြည့် ဟာ လိုတိုင်းတရခဲ့တဲ့ လိုတရမင်းသား လိုပါပဲနော်။ အသက် ငယ်ငယ် ရွယ်ရွယ် လေးနဲ့ မာန ထောင် လွှားခဲ့လို့ ကြည့်မရသူများစွာ ရှိနေခဲ့တာပါနော်။

စစ်ကောင်စီမှ အာဏာသိမ်းတဲ့ ဖြစ်စဉ်အပေါ်မှာလည်း ကြားနေအဖြစ်နဲ့သာ နေထိုင်ခဲ့သူပါနော်။ ရွေးကောက်ပွဲကာလတုန်းကလည်း NLD ဘက်သို့ မဲတစ်မဲထည့်ခဲ့ ကြောင်း ကို ပြည်သူလူထုထံသို့ ချပြခဲ့ပါသေးတယ်နော်။ အခုလက်ရှိ ကာလမှာ တော့ အထိခိုက် များတဲ့ ပြည်သူ တွေ ကို စာနာစိတ်ထားကြောင်းကို သူ့ရဲ့ Instagram တွင် တင်ထားပါသေးတယ်။ တကယ်စိတ်ရင်းနဲ့လားဆိုတာ ကတော့ သူကိုယ် တိုင်ပဲ သိပါလိမ့်မယ်နော်။

အခုလည်း နေရွှေသွေးအောင် တစ်ယောက် သင်္ကြန်ကာလ မှာ ငွေဆောင်ကမ်းခြေ တွင် ပျော်ပါးခဲ့တဲ့ ပုံတွေ ဟိုးလေးတ ကျော်ဖြစ်နေပါ တယ် နော်။ဒီပုံတွေနဲ့ပတ်သက် ပြီးတော့ ဖိုးလပြည့်ဘက်မှ တစ်စုံတစ်ရာကိုမှ ပြန်လည်တုံ့ပြန်ပြောဆိုထားခြင်း မရှိသေးပါဘူးနော်။

Zawgyi





Leave a Reply

Your email address will not be published. Required fields are marked *