မွန်းတည့်သပိတ် ကို အောင်မြင်စွာ ဆန္ဒထုတ်ဖော်ခဲ့ ကြတဲ့ မန္တလေးအင်ဂျင်နီယာအဖွဲ့မှ လူငယ်များ

မွန်းတည့်သပိတ် ကို အောင်မြင်စွာ ဆန္ဒထုတ်ဖော်ခဲ့ ကြတဲ့ မန္တလေးအင်ဂျင်နီယာအဖွဲ့မှ လူငယ်များ

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ (၁) ရက်နေ့ကစပြီး တိုက်ပွဲဝင်ခဲ့တဲ့ သူရဲကောင်းမျာစွာ ကျဆုံးခဲ့သလို လူပေါင်းထောင်ချီပြီး ဖမ်းဆီးထိန်းသိမ်းခံ ခဲ့ ရပါတယ်။ လမ်းပေါ်ထွက်ပြီးဆန္ဒပြတဲ့သူတွေလည်းရှိသလို အိမ်မှာနေရင်းသတင်းတွေမျှဝေပြီး သံပုံးတီးကာ ပါဝင်နေသူတွေလည်းရှိကြ ပါ တယ်။ ပြည်သူတွေဟာ ဘက်ပေါင်းစုံကနေ မိမိတို့ရဲ့ ဆန္ဒတွေကို အမျိုးမျိုးသောနည်းလမ်းတွေနဲ့ဖော်ထုတ်နေကြတာကိုတွေ့ရပါတယ်။

အခုဆိုရင် မြို့တိုင်းလိုလိုက လူငယ်တွေဟာ သပိတ်မျိုးစုံနဲ့ လမ်းမတွေပေါ်မှာ ပြန်လည်လှုပ်ရှား လာကြတာကို တွေ့မြင်ရ ပါတယ်။ ဧပြီလ (၂၇) ရက်နေ့မှာဆိုရင်လည်း မန္တလေးအင်ဂျင်နီယာများ အဖွဲ့ဟာ ” မွန်းတည့်သပိတ်” ကြီး ကို ဆိုင်ဘုတ် များကိုင် ဆောင်ရင်း ရင်တွင်းခံစား ချက် တွေကို ကြွေးကြော်ကာ ချီတက်ခဲ့ကြပါတယ်။ သပိတ်ကိုလည်း အောင်အောင်မြင်မြင်နဲ့ လှုပ်ရှားနိုင်ခဲ့ကြောင်းကိုလည်း ဖော်ပြထားပါ သေးတယ်။

ဒါ့အပြင် မွန်းတည့် သပိတ်မှာ ပါဝင်ခဲ့တဲ့ ပြည်သူတွေကိုယ်စား ရင်ထဲကခံစားချက်တွေကိုလည်း ” လှိုင်းဘယ်လောက်ကြီးကြီးလှေအောက် ရောက်ကိုရောက်ရမယ် တောင်ဘယ်လောက်ကြီးကြီး ဖဝါးအောက်ရောက်ကိုရောက်ရမယ် အဓမ္မကဘယ်လောက်အင်အားကြီးကြီး တချိန် မှာ ဓမ္မကနိုင်ကိုနိုင်ရမယ် ဒါပေမယ့် ဆရာစိုင်းခမ်းလိတ်ရေးသားခဲ့တဲ့ ” ထိုက်တန်တဲ့ရင်းနှီးမှုတော့ရှိရမယ် မယုတ်မလွန်တဲ့ကြိုး စားမှုတော့ စိုက်ရမယ်

နတ်စီတဲ့အိပ်မက်လှလှများ လွယ်လွယ်နဲ့မရ” ဆိုတဲ့စာသားအတိုင်း ဖက်ဒရယ်ဒီမိုကရေစီစစ်စစ်ကိုရချင်ရင် ဖက်ဒရယ်ဒီမိုကရေစီနဲ့တန်တဲ့ စိတ်ဓာတ်နှင့်ကြိုးစားအားထုတ်မှုကို ဘက်ပေါင်းစုံကနေ နည်းလမ်းပေါင်းစုံဖြင့် အသံမစဲ အလှံမလဲဘဲ စစ်အာဏာ ရှင်စနစ် လုံးဝချုပ် ငြိမ်း သွားသည်အထိ ဓမ္မဘက်တော်သားပြည်သူအားလုံး စည်းလုံးညီညွှတ်စွာ ဆက်လက်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း သတိပေးတိုက် တွန်းနှိုးဆော်လိုက်ရပါတယ်” လို့ဆိုကာ ရေးသားဖော်ပြထားတာကြောင့် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Unicode

မြန္းတည့္သပိတ္ ကို ေအာင္ျမင္စြာ ဆႏၵထုတ္ေဖာ္ခဲ့ ၾကတဲ့ မႏၲေလးအင္ဂ်င္နီယာအဖြဲ႕မွ လူငယ္မ်ား

ျမန္မာႏိုင္ငံမွာ ေဖေဖာ္ဝါရီ (၁) ရက္ေန႔ကစၿပီး တိုက္ပြဲဝင္ခဲ့တဲ့ သူရဲေကာင္းမ်ာစြာ က်ဆုံးခဲ့သလို လူေပါင္းေထာင္ခ်ီၿပီး ဖမ္းဆီးထိန္းသိမ္းခံ ခဲ့ ရပါတယ္။ လမ္းေပၚထြက္ၿပီးဆႏၵျပတဲ့သူေတြလည္းရွိသလို အိမ္မွာေနရင္းသတင္းေတြမွ်ေဝၿပီး သံပုံးတီးကာ ပါဝင္ေနသူေတြလည္းရွိၾက ပါ တယ္။ ျပည္သူေတြဟာ ဘက္ေပါင္းစုံကေန မိမိတို႔ရဲ႕ ဆႏၵေတြကို အမ်ိဳးမ်ိဳးေသာနည္းလမ္းေတြနဲ႔ေဖာ္ထုတ္ေနၾကတာကိုေတြ႕ရပါတယ္။

အခုဆိုရင္ ၿမိဳ႕တိုင္းလိုလိုက လူငယ္ေတြဟာ သပိတ္မ်ိဳးစုံနဲ႔ လမ္းမေတြေပၚမွာ ျပန္လည္လႈပ္ရွား လာၾကတာကို ေတြ႕ျမင္ရ ပါတယ္။ ဧၿပီလ (၂၇) ရက္ေန႔မွာဆိုရင္လည္း မႏၲေလးအင္ဂ်င္နီယာမ်ား အဖြဲ႕ဟာ ” မြန္းတည့္သပိတ္” ႀကီး ကို ဆိုင္ဘုတ္ မ်ားကိုင္ ေဆာင္ရင္း ရင္တြင္းခံစား ခ်က္ ေတြကို ေႂကြးေၾကာ္ကာ ခ်ီတက္ခဲ့ၾကပါတယ္။ သပိတ္ကိုလည္း ေအာင္ေအာင္ျမင္ျမင္နဲ႔ လႈပ္ရွားႏိုင္ခဲ့ေၾကာင္းကိုလည္း ေဖာ္ျပထားပါ ေသးတယ္။

ဒါ့အျပင္ မြန္းတည့္ သပိတ္မွာ ပါဝင္ခဲ့တဲ့ ျပည္သူေတြကိုယ္စား ရင္ထဲကခံစားခ်က္ေတြကိုလည္း ” လႈိင္းဘယ္ေလာက္ႀကီးႀကီးေလွေအာက္ ေရာက္ကိုေရာက္ရမယ္ ေတာင္ဘယ္ေလာက္ႀကီးႀကီး ဖဝါးေအာက္ေရာက္ကိုေရာက္ရမယ္ အဓမၼကဘယ္ေလာက္အင္အားႀကီးႀကီး တခ်ိန္ မွာ ဓမၼကႏိုင္ကိုႏိုင္ရမယ္ ဒါေပမယ့္ ဆရာစိုင္းခမ္းလိတ္ေရးသားခဲ့တဲ့ ” ထိုက္တန္တဲ့ရင္းႏွီးမႈေတာ့ရွိရမယ္ မယုတ္မလြန္တဲ့ႀကိဳး စားမႈေတာ့ စိုက္ရမယ္

နတ္စီတဲ့အိပ္မက္လွလွမ်ား လြယ္လြယ္နဲ႔မရ” ဆိုတဲ့စာသားအတိုင္း ဖက္ဒရယ္ဒီမိုကေရစီစစ္စစ္ကိုရခ်င္ရင္ ဖက္ဒရယ္ဒီမိုကေရစီနဲ႔တန္တဲ့ စိတ္ဓာတ္ႏွင့္ႀကိဳးစားအားထုတ္မႈကို ဘက္ေပါင္းစုံကေန နည္းလမ္းေပါင္းစုံျဖင့္ အသံမစဲ အလွံမလဲဘဲ စစ္အာဏာ ရွင္စနစ္ လုံးဝခ်ဳပ္ ၿငိမ္း သြားသည္အထိ ဓမၼဘက္ေတာ္သားျပည္သူအားလုံး စည္းလုံးညီၫႊတ္စြာ ဆက္လက္ေဆာင္႐ြက္သြားၾကရမည္ျဖစ္ေၾကာင္း သတိေပးတိုက္ တြန္းႏႈိးေဆာ္လိုက္ရပါတယ္” လို႔ဆိုကာ ေရးသားေဖာ္ျပထားတာေၾကာင့္ ျပန္လည္ေဝမွ်ေပးလိုက္ပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *