ကိုဗစ်ကြောင့် အိန္ဒိယမှာ သေဆုံးဦးရေ ၂ သိန်းကျော်သွားခဲ့ပြီး ပိုးတွေ့လူနာတွင်လည်း စံချိန်တင်
အိန္ဒိယနိုင်ငံမှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးရသူဦးရေဟာ ဗုဒ္ဓဟူးနေ့(ဧပြီ ၂၈) အရောက်မှာ
၂ သိန်းကျော်သွားခဲ့ကြောင်း သိရပြီး ထပ်တိုး ဗိုင်းရပ်စ် ကူးစက်သူဦးရေ စံချိန်တင်ခဲ့မှုနဲ့အတူ အောက်ဆီဂျင်၊
ဆေးဘက်ဆိုင်ရာ အထောက်အပံ့ပစ္စည်းနဲ့ ဆေးရုံဝန်ထမ်း ပြတ်လပ်ရှားပါးမှုဟာ ပိုဆိုးလာခဲ့ပါတယ်။
အိန္ဒိယရဲ့ ကိုဗစ် ဒုတိယလှိုင်း ကူးစက်နေမှုဟာ ပြီးခဲ့တဲ့ သီတင်းပတ်မှာ တစ်ရက်ကို ထပ်တိုးပိုးကူးစက်သူ ၃၀၀၀၀၀
ခန့်ရှိနေခဲ့ကာ ကျန်းမာရေး အဆောက်အအုံတွေ၊ မီးသြင်္ဂိုလ်ဝန်ဆောင်တွေ မနိုင်မနင်းဖြစ်လာပြီး
နိုင်ငံတကာ အကူအညီတွေ အလွန်အရေးတကြီးလိုအပ်နေပါတယ်။
ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ပိုးတွေ့လူနာ ၃၆၀၉၆၀ ဦးတွေ့ခဲ့ကာ ကမ္ဘာမှာ တစ်ရက်အတွင်း ပိုးတွေ့ဦးရေ
အများဆုံး အရေအတွက်ဖြစ်ခဲ့ပြီး အိန္ဒိယရဲ့ စုစုပေါင်း ပိုးတွေ့လူနာဦးရေ ၁၈ သန်းနီးပါး ရောက်သွားစေခဲ့ပါတယ်။
ဒါ့အပြင် ထပ်မံ သေဆုံးသူ ၃၂၉၃ ဦးနဲ့ အသေအပျောက်အများဆုံးနေ့ဖြစ်ခဲ့ပြန်တာကြောင့် ယခုအခါ
ကိုဗစ်ကြောင့် သေဆုံးဦးရေ ၂၀၁၁၈၇ ဦး ရှိသွားခဲ့တယ်လို့ သိရပါတယ်။
ဒါပေမယ့်လည်း လူဦးရေ ၁.၃ ဘီလီယံရှိ နိုင်ငံမှာ တရားဝင် သေဆုံးစာရင်းဟာ အမှန်တစ်ကယ်
သေဆုံးဦးရေထက် အလွန်လျော့နည်းခန့်မှန်းထားတယ်လို့ ကျွမ်းကျင်သူတွေက ယုံကြည်နေပါတယ်။
မြို့တော်နယူးဒေလီမှာဆိုရင် လူနာတင်ကားတွေဟာ ကိုဗစ်လူသေအလောင်းတွေကို နာရီနဲ့ချီ
တန်းစီစောင့်ဆိုင်း ယူဆောင်ရကာ ပန်းခြံတွေ၊ ကားပါကင်တွေမှာ ယာယီလုပ်ထားတဲ့ မီးသြင်္ဂိုလ်နေရာတွေဆီ
ပို့ဆောင်ပေးပါတယ်။ ယင်းနေရာတွေမှာ မီးသြင်္ဂိုလ်ထင်းပုံတွေလုပ်ကာ
အလောင်းတွေကို မီးရှို့ပြာချနေကြရကြောင်း သိရပါတယ်။
Zawgyi
ကိုဗစ္ေၾကာင့္ အိႏၵိယမွာ ေသဆုံးဦးေရ ၂ သိန္းေက်ာ္သြားခဲ့ၿပီး ပိုးေတြ႕လူနာတြင္လည္း စံခ်ိန္တင္
အိႏၵိယႏိုင္ငံမွာ ကိုဗစ္-၁၉ ေၾကာင့္ ေသဆုံးရသူဦးေရဟာ ဗုဒၶဟူးေန႔(ဧၿပီ ၂၈) အေရာက္မွာ
၂ သိန္းေက်ာ္သြားခဲ့ေၾကာင္း သိရၿပီး ထပ္တိုး ဗိုင္းရပ္စ္ ကူးစက္သူဦးေရ စံခ်ိန္တင္ခဲ့မႈနဲ႔အတူ ေအာက္ဆီဂ်င္၊
ေဆးဘက္ဆိုင္ရာ အေထာက္အပံ့ပစၥည္းနဲ႔ ေဆး႐ုံဝန္ထမ္း ျပတ္လပ္ရွားပါးမႈဟာ ပိုဆိုးလာခဲ့ပါတယ္။
အိႏၵိယရဲ႕ ကိုဗစ္ ဒုတိယလႈိင္း ကူးစက္ေနမႈဟာ ၿပီးခဲ့တဲ့ သီတင္းပတ္မွာ တစ္ရက္ကို ထပ္တိုးပိုးကူးစက္သူ ၃၀၀၀၀၀
ခန႔္ရွိေနခဲ့ကာ က်န္းမာေရး အေဆာက္အအုံေတြ၊ မီးၾသဂႋုလ္ဝန္ေဆာင္ေတြ မႏိုင္မနင္းျဖစ္လာၿပီး
ႏိုင္ငံတကာ အကူအညီေတြ အလြန္အေရးတႀကီးလိုအပ္ေနပါတယ္။
ၿပီးခဲ့တဲ့ ၂၄ နာရီအတြင္း ပိုးေတြ႕လူနာ ၃၆၀၉၆၀ ဦးေတြ႕ခဲ့ကာ ကမာၻမွာ တစ္ရက္အတြင္း ပိုးေတြ႕ဦးေရ
အမ်ားဆုံး အေရအတြက္ျဖစ္ခဲ့ၿပီး အိႏၵိယရဲ႕ စုစုေပါင္း ပိုးေတြ႕လူနာဦးေရ ၁၈ သန္းနီးပါး ေရာက္သြားေစခဲ့ပါတယ္။
ဒါ့အျပင္ ထပ္မံ ေသဆုံးသူ ၃၂၉၃ ဦးနဲ႔ အေသအေပ်ာက္အမ်ားဆုံးေန႔ျဖစ္ခဲ့ျပန္တာေၾကာင့္ ယခုအခါ
ကိုဗစ္ေၾကာင့္ ေသဆုံးဦးေရ ၂၀၁၁၈၇ ဦး ရွိသြားခဲ့တယ္လို႔ သိရပါတယ္။
ဒါေပမယ့္လည္း လူဦးေရ ၁.၃ ဘီလီယံရွိ ႏိုင္ငံမွာ တရားဝင္ ေသဆုံးစာရင္းဟာ အမွန္တစ္ကယ္
ေသဆုံးဦးေရထက္ အလြန္ေလ်ာ့နည္းခန႔္မွန္းထားတယ္လို႔ ကြၽမ္းက်င္သူေတြက ယုံၾကည္ေနပါတယ္။
ၿမိဳ႕ေတာ္နယူးေဒလီမွာဆိုရင္ လူနာတင္ကားေတြဟာ ကိုဗစ္လူေသအေလာင္းေတြကို နာရီနဲ႔ခ်ီ
တန္းစီေစာင့္ဆိုင္း ယူေဆာင္ရကာ ပန္းၿခံေတြ၊ ကားပါကင္ေတြမွာ ယာယီလုပ္ထားတဲ့ မီးၾသဂႋုလ္ေနရာေတြဆီ
ပို႔ေဆာင္ေပးပါတယ္။ ယင္းေနရာေတြမွာ မီးၾသဂႋုလ္ထင္းပုံေတြလုပ္ကာ
အေလာင္းေတြကို မီးရႈိ႕ျပာခ်ေနၾကရေၾကာင္း သိရပါတယ္။