မြန်မာနိုင်ငံကပြည်သူတွေ ကို ကူညီပေးဖို့ အတွက် သမ္မ တဂျိုးဘိုင်ဒန်ဆီကို စာတစ်စောင်ရေးသားပြီး ကိုယ်တိုင် သွားပို့ခဲ့တဲ့ ကလေးလေးတစ်ယောက်
“Generation Z” လို့ခေါ်တဲ့ လူငယ်တွေကတော့ လူထုလှုပ်ရှားမှုပွဲတွေမှာ ဦးဆောင်နေကြပြီး ကိုယ့်နိုင်ငံအတွက်အားကြိုးမာန်တက်ဆောင် ရွက်နေကြတာပဲ ဖြစ်ပါတယ် ။ ပြည်သူအားလုံးရဲ့မျှော်လင့်ချက် အိပ်မက်တွေအတွက် ကြိုးပမ်းနေကြတဲ့သူတွေထဲမှာ Gen Z တွေသာမက ငယ်ရွယ်သေးတဲ့ Gen Alpha လေးတွေလည်း ပါဝင်နေကြတာ ဖြစ်ပါတယ် ။ နိုင်ငံအတွက် မျိုးဆက်သစ်လေးတွေဖြစ်ကြတဲ့ Gen Alpha တွေက ပြည်သူတွေကို သူတို့တတ်နိုင်သလောက် အားဖြည့်ပေးနေတာ ဖြစ်ပါတယ် ။
အခုလည်း အမေရိကန်မှာနေထိုင်တဲ့ Gen Alpha လေးတစ်ယောက်က သူ့ရဲ့မွေးရပ် မြေဖြစ်တဲ့ မြန်မာနိုင်ငံ က ပြည်သူ တွေကို ကူညီဖို့ အ တွက် စဉ်းစားကြံဆခဲ့တာ ဖြစ်ပါတယ် ။ အဲ့ဒီကလေးလေးက အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ဆီ ကို စာတစ်စောင်ရေး သားပေးပို့ပြီး အကူ အ ညီတောင်းခံခဲ့တာ ဖြစ်ပါတယ် ။ အသက် (၈) နှစ်အရွယ်လေးနဲ့ ပြည်သူတွေကို ကူညီဖို့ ကြိုးစားအားထုတ်ခဲ့တဲ့ ကလေးလေးရဲ့လုပ် ရပ် က ချီးကျူးချင်စရာကောင်းနေတာ ဖြစ်ပါတယ် ။
အဲ့ဒီကလေးလေးက မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို စာထဲမှာရေးသားပြော ပြပြီး ပြည်သူတွေ ကိုယ်စား တောင်း ဆိုပေး ထား တာ ပဲ ဖြစ်ပါတယ် ။ အိမ်ဖြူတော်က ရဲကလည်း ကလေးလေးရဲ့စာကို သမ္မတဂျိုးဘိုင်ဒန်ဆီ ပေးပေးမယ်ဆိုပြီး ယူသွားခဲ့တာ ဖြစ်ပါ တယ် ။ “ရောက်မရောက်တော့ မသိဘူး။ ကလေးစိတ်ထဲမှာ မြန်မာနိုင်ငံကို သူကူညီပေးနိုင်တယ်ဆိုတဲ့စိတ်လေးတော့ဝင်သွားတယ်။ ” ဆို ပြီး ကလေးလေးရဲ့မိခင်ဖြစ်သူက လူမှုကွန်ယက်စာမျက်နှာထက်မှာ ပြန်လည်မျှဝေခဲ့တာပဲ ဖြစ်ပါတယ်။
Zawgyi
ျမန္မာႏိုင္ငံကျပည္သူေတြ ကို ကူညီေပးဖို႔ အတြက္ သမၼ တဂ်ိဳးဘိုင္ဒန္ဆီကို စာတစ္ေစာင္ေရးသားၿပီး ကိုယ္တိုင္ သြားပို႔ခဲ့တဲ့ ကေလးေလးတစ္ေယာက္
“Generation Z” လို႔ေခၚတဲ့ လူငယ္ေတြကေတာ့ လူထုလႈပ္ရွားမႈပြဲေတြမွာ ဦးေဆာင္ေနၾကၿပီး ကိုယ့္ႏိုင္ငံအတြက္အားႀကိဳးမာန္တက္ေဆာင္ ႐ြက္ေနၾကတာပဲ ျဖစ္ပါတယ္ ။ ျပည္သူအားလုံးရဲ႕ေမွ်ာ္လင့္ခ်က္ အိပ္မက္ေတြအတြက္ ႀကိဳးပမ္းေနၾကတဲ့သူေတြထဲမွာ Gen Z ေတြသာမက ငယ္႐ြယ္ေသးတဲ့ Gen Alpha ေလးေတြလည္း ပါဝင္ေနၾကတာ ျဖစ္ပါတယ္ ။ ႏိုင္ငံအတြက္ မ်ိဳးဆက္သစ္ေလးေတြျဖစ္ၾကတဲ့ Gen Alpha ေတြက ျပည္သူေတြကို သူတို႔တတ္ႏိုင္သေလာက္ အားျဖည့္ေပးေနတာ ျဖစ္ပါတယ္ ။
အခုလည္း အေမရိကန္မွာေနထိုင္တဲ့ Gen Alpha ေလးတစ္ေယာက္က သူ႔ရဲ႕ေမြးရပ္ ေျမျဖစ္တဲ့ ျမန္မာႏိုင္ငံ က ျပည္သူ ေတြကို ကူညီဖို႔ အ တြက္ စဥ္းစားႀကံဆခဲ့တာ ျဖစ္ပါတယ္ ။ အဲ့ဒီကေလးေလးက အေမရိကန္ သမၼတ ဂ်ိဳးဘိုင္ဒန္ဆီ ကို စာတစ္ေစာင္ေရး သားေပးပို႔ၿပီး အကူ အ ညီေတာင္းခံခဲ့တာ ျဖစ္ပါတယ္ ။ အသက္ (၈) ႏွစ္အ႐ြယ္ေလးနဲ႔ ျပည္သူေတြကို ကူညီဖို႔ ႀကိဳးစားအားထုတ္ခဲ့တဲ့ ကေလးေလးရဲ႕လုပ္ ရပ္ က ခ်ီးက်ဴးခ်င္စရာေကာင္းေနတာ ျဖစ္ပါတယ္ ။
အဲ့ဒီကေလးေလးက ျမန္မာႏိုင္ငံမွာ ျဖစ္ေပၚေနတဲ့ အေျခအေနေတြကို စာထဲမွာေရးသားေျပာ ျပၿပီး ျပည္သူေတြ ကိုယ္စား ေတာင္း ဆိုေပး ထား တာ ပဲ ျဖစ္ပါတယ္ ။ အိမ္ျဖဴေတာ္က ရဲကလည္း ကေလးေလးရဲ႕စာကို သမၼတဂ်ိဳးဘိုင္ဒန္ဆီ ေပးေပးမယ္ဆိုၿပီး ယူသြားခဲ့တာ ျဖစ္ပါ တယ္ ။ “ေရာက္မေရာက္ေတာ့ မသိဘူး။ ကေလးစိတ္ထဲမွာ ျမန္မာႏိုင္ငံကို သူကူညီေပးႏိုင္တယ္ဆိုတဲ့စိတ္ေလးေတာ့ဝင္သြားတယ္။ ” ဆို ၿပီး ကေလးေလးရဲ႕မိခင္ျဖစ္သူက လူမႈကြန္ယက္စာမ်က္ႏွာထက္မွာ ျပန္လည္မွ်ေဝခဲ့တာပဲ ျဖစ္ပါတယ္။