အကျည်းတန်တဲ့အမာရွတ်တွေကို ဖယ်ရှားပေးနိုင်စွမ်းရှိတဲ့ ကြက်သွန်နီ

အကျည်းတန်တဲ့အမာရွတ်တွေကို ဖယ်ရှားပေးနိုင်စွမ်းရှိတဲ့ ကြက်သွန်နီ

ကက်သွန်နီကို ကြိုက်တဲ့သူရှိသလို အရသာမကြိုက်လို့ပဲဖြစ်ဖြစ် ခံတွင်းနံလို့ပဲဖြစ်ဖြစ် မစားကြတာတွေလည်းရှိပါတယ်။ကြက်သွန်နီရဲ့ အကျိုးကျေးဇူးကို သိနားလည်ကြပြီး ကျန်းမာရေးကို အလေးထားသူတွေကတော့ ကြက်သွန်နီကို စားသုံးကြပါတယ်။ ကြက်သွန်နီမှာ ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ် နဲ့ ဗီတာမင် C စတဲ့ဓါတ်တွေကြွယ်ဝစွာပါဝင်ပါတယ်။ ဒါ့ကြောင့် အလှကုန်ထုတ်လုပ်တဲ့ ကုမ္ပဏီတွေမှာတောင် ကြက်သွန်နီကို အဓိကအသုံးပြုကြပါတယ်။

ဒီနေ့မှာဝေမျှပေးမှာကတော့ ကြက်သွန်နီကို မကြိုက်တဲ့သူတွေလည်း စားစရာမလိုတာမို့ နှစ်သက်ကြမယ်လို့မျှော်လင့်ပါတယ်။ ငယ်ငယ်က အဆော့သန်လို့ဖြစ်ဖြစ် သတိမမူမိလို့ပဲဖြစ်ဖြစ် အနာတရတွေရကြပြီး ရုပ်ဆိုးတဲ့ အမာရွတ်တွေ ရှိနေတတ်ပါတယ်။ ဒီနည်းလမ်းလေးကတော့ အမာရွတ်ကို ၆ ပတ်ကနေ ၈ ပတ်အတွင်း သိသိသာသာ သက်သာစေမှာပါ။

ပါဝင်ပစ္စည်း – ပန်းကန်ဆေးဆပ်ပြာ။ စဉ့်နီတုံး နဲ့ ဓါး။ အလယ်အလတ်ခွက် ၂ လုံး။ ဆား။ ကော်ဖီ အမှုန့် ဆစ်တဲ့ဇကာ။ပြင်ဆင်ခြင်း – ဆပ်ပြာ ၁၀ ဂရမ်ကို ဆား ၃ ဂရမ်နဲ့ရောပါ။ ကြက်သွန်နီကို ပါးပါးလှီးပြီးအဲဒီထဲထည့်မွှေပေးကာ ခွက်တစ်လုံးထဲမှာထည့်ထားပါ။ ရေချိုးခန်းထဲမှာ ၁၅ မိနစ်လောက်ထားပြီး အဆက်မပြတ် မွှေပေးပါ။ အဲဒီနောက် Blender (ဖျော်စက်)ထဲထည့်ပြီး ၅ စက္ကန့်လောက်မွှေပေးပါ။ ပြီးရင် ကော်ဖီဆစ်တဲ့ ဇကာကိုခံပြီး ခွက်တစ်လုံးထဲလောင်းထည့်ပါ။

ရလာတဲ့ အနှစ်ကို အမာရွတ်ပေါ်မှာ တစ်နေ့ နှစ်ကြိမ်လိမ်းပေးပါ။လိမ်းပေးလို့ ခြောက်သွားရင် ရေဆေးချပြီး သံလွင်ဆီ (သို့) အုန်းဆီလိမ်းပေးထားပါ။သတိပြုရန် – ပထမဆုံး အဲဒီအနှစ်ကိုနည်းနည်းပဲလိမ်းပေးပြီး ဓါတ်မတည့်တာမျိုးဖြစ်မဖြစ် အရင်လုပ်ကြည်ပါ။ အရေပြားကနီစပ်စပ်ဖြစ်လာတယ် ယားယံလာတယ်ဆိုရင် မလုပ်ပါနဲ့။

Zawgyi

အက်ည္းတန္တဲ့အမာ႐ြတ္ေတြကို ဖယ္ရွားေပးႏိုင္စြမ္းရွိတဲ့ ၾကက္သြန္နီ

ကက္သြန္နီကို ႀကိဳက္တဲ့သူရွိသလို အရသာမႀကိဳက္လို႔ပဲျဖစ္ျဖစ္ ခံတြင္းနံလို႔ပဲျဖစ္ျဖစ္ မစားၾကတာေတြလည္းရွိပါတယ္။ၾကက္သြန္နီရဲ႕ အက်ိဳးေက်းဇူးကို သိနားလည္ၾကၿပီး က်န္းမာေရးကို အေလးထားသူေတြကေတာ့ ၾကက္သြန္နီကို စားသုံးၾကပါတယ္။ ၾကက္သြန္နီမွာ ကယ္လ္ဆီယမ္၊ ပိုတက္ဆီယမ္၊ မဂၢနီဆီယမ္ နဲ႔ ဗီတာမင္ C စတဲ့ဓါတ္ေတြႂကြယ္ဝစြာပါဝင္ပါတယ္။ ဒါ့ေၾကာင့္ အလွကုန္ထုတ္လုပ္တဲ့ ကုမၸဏီေတြမွာေတာင္ ၾကက္သြန္နီကို အဓိကအသုံးျပဳၾကပါတယ္။

ဒီေန႔မွာေဝမွ်ေပးမွာကေတာ့ ၾကက္သြန္နီကို မႀကိဳက္တဲ့သူေတြလည္း စားစရာမလိုတာမို႔ ႏွစ္သက္ၾကမယ္လို႔ေမွ်ာ္လင့္ပါတယ္။ ငယ္ငယ္က အေဆာ့သန္လို႔ျဖစ္ျဖစ္ သတိမမူမိလို႔ပဲျဖစ္ျဖစ္ အနာတရေတြရၾကၿပီး ႐ုပ္ဆိုးတဲ့ အမာ႐ြတ္ေတြ ရွိေနတတ္ပါတယ္။ ဒီနည္းလမ္းေလးကေတာ့ အမာ႐ြတ္ကို ၆ ပတ္ကေန ၈ ပတ္အတြင္း သိသိသာသာ သက္သာေစမွာပါ။

ပါဝင္ပစၥည္း – ပန္းကန္ေဆးဆပ္ျပာ။ စဥ့္နီတုံး နဲ႔ ဓါး။ အလယ္အလတ္ခြက္ ၂ လုံး။ ဆား။ ေကာ္ဖီ အမႈန႔္ ဆစ္တဲ့ဇကာ။ျပင္ဆင္ျခင္း – ဆပ္ျပာ ၁၀ ဂရမ္ကို ဆား ၃ ဂရမ္နဲ႔ေရာပါ။ ၾကက္သြန္နီကို ပါးပါးလွီးၿပီးအဲဒီထဲထည့္ေမႊေပးကာ ခြက္တစ္လုံးထဲမွာထည့္ထားပါ။ ေရခ်ိဳးခန္းထဲမွာ ၁၅ မိနစ္ေလာက္ထားၿပီး အဆက္မျပတ္ ေမႊေပးပါ။ အဲဒီေနာက္ Blender (ေဖ်ာ္စက္)ထဲထည့္ၿပီး ၅ စကၠန႔္ေလာက္ေမႊေပးပါ။ ၿပီးရင္ ေကာ္ဖီဆစ္တဲ့ ဇကာကိုခံၿပီး ခြက္တစ္လုံးထဲေလာင္းထည့္ပါ။

ရလာတဲ့ အႏွစ္ကို အမာ႐ြတ္ေပၚမွာ တစ္ေန႔ ႏွစ္ႀကိမ္လိမ္းေပးပါ။လိမ္းေပးလို႔ ေျခာက္သြားရင္ ေရေဆးခ်ၿပီး သံလြင္ဆီ (သို႔) အုန္းဆီလိမ္းေပးထားပါ။သတိျပဳရန္ – ပထမဆုံး အဲဒီအႏွစ္ကိုနည္းနည္းပဲလိမ္းေပးၿပီး ဓါတ္မတည့္တာမ်ိဳးျဖစ္မျဖစ္ အရင္လုပ္ၾကည္ပါ။ အေရျပားကနီစပ္စပ္ျဖစ္လာတယ္ ယားယံလာတယ္ဆိုရင္ မလုပ္ပါနဲ႔။

Leave a Reply

Your email address will not be published. Required fields are marked *