မြှားပစ်ချန်ပီယံ ဒေါ်အောင်ငှိမ်း CDM လှုပ်ရှားမှုမှာ ပါဝင်လာမှုကြောင့် ရာထူးမှထုတ်ပယ်ခံရ
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ၊ပြည်တွင်း၊ ပြည်ပ ဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာနခွဲမှ ဒုတိယညွန်ကြားရေးမှူး ဒေါ်အောင်ငှိမ်း CDM လှုပ်ရှားမှုမှာ ပါဝင်တာကြောင့် အကြမ်းဖက်စစ်ကောင်စီက ရာထူးကနေ ထုတ်ပယ်လိုက်ကြောင်း သိရသည်။
စစ်ကောင်စီ က ဧပြီလ ၂၇ ရက်နေ့ ရက်စွဲဖြင့်ထုတ်ပြန်ခဲ့သည့် အကြောင်းကြားစာ တွင် ဒေါ်အောင်ငှိမ်းကို ဧပြီလ ၁ ရက်နေ့မှစတင်ပြီး ရာထူးမှာထုတ်ပယ်လိုက်ကြောင်းကို ရေးသားထားသည်။
နိုင်ငံဝန်ထမ်း ဥပဒေပုဒ်မ (၃၈)အရ ၊ နိုင်ငံဝန်ထမ်းနည်းဥပဒေ ၁၆၁ (ဃ) ၊ ၁၆၂ (ဃ)တို့အား လိုက်နာမှုမရှိခြင်း ကြောင့် နိုင်ငံဝန်ထမ်းဥပဒေပုဒ်မ ၅၃ (ဇ) နှင့် နိုင်ငံဝန်ထမ်းနည်းဥပဒေ ၂၁၀ (ဇ) တို့အရ ထုတ်ပယ်လိုကြောင်း ကို စစ်ကောင်စီရဲ့ အကြောင်းကြားစာထားမှာပါရှိသည်။
မြှားပစ်ချန်ပီယံ ဒေါ်အောင်ငှိမ်း ဟာ မြန်မာနိုင်ငံအတွက် မြှားပစ်အားကစားဖြင့် ရွေတံဆိပ် ၂၉ ခု၊ ငွေတံဆိပ် ၁၇ ခုနှင့် ကြေးတံဆိပ် ၁၄ ခုတို့ကိုရယူပေးနိုင်ခဲ့သည်။
ဒေါ်အောင်ငှိမ်းဟာ နိုင်ငံတော်မှ ချီးမြင့်သည့် ၂၀၀၈ ၊ ၂၀၁၁ ခုနှစ် အကောင်းဆုံးအမျိုးသမီး အားကစားသမား ဆု နှင့် ၂၀၁၃ ခုနှစ်တွင် နိုင်ငံဂုဏ်ဆောင်အားကစားစွမ်းဆောင်ရည် ဆုတို့ရရှိခဲ့သူတစ်ဦးဖြစ်သည်။
Zawgyi
ျမႇားပစ္ခ်န္ပီယံ ေဒၚေအာင္ငွိမ္း CDM လႈပ္ရွားမႈမွာ ပါဝင္လာမႈေၾကာင့္ ရာထူးမွထုတ္ပယ္ခံရ
က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန ၊ျပည္တြင္း၊ ျပည္ပ ဆက္ဆံေရးႏွင့္ သတင္းျပန္ၾကားေရးဌာနခြဲမွ ဒုတိယၫြန္ၾကားေရးမႉး ေဒၚေအာင္ငွိမ္း CDM လႈပ္ရွားမႈမွာ ပါဝင္တာေၾကာင့္ အၾကမ္းဖက္စစ္ေကာင္စီက ရာထူးကေန ထုတ္ပယ္လိုက္ေၾကာင္း သိရသည္။
စစ္ေကာင္စီ က ဧၿပီလ ၂၇ ရက္ေန႔ ရက္စြဲျဖင့္ထုတ္ျပန္ခဲ့သည့္ အေၾကာင္းၾကားစာ တြင္ ေဒၚေအာင္ငွိမ္းကို ဧၿပီလ ၁ ရက္ေန႔မွစတင္ၿပီး ရာထူးမွာထုတ္ပယ္လိုက္ေၾကာင္းကို ေရးသားထားသည္။
ႏိုင္ငံဝန္ထမ္း ဥပေဒပုဒ္မ (၃၈)အရ ၊ ႏိုင္ငံဝန္ထမ္းနည္းဥပေဒ ၁၆၁ (ဃ) ၊ ၁၆၂ (ဃ)တို႔အား လိုက္နာမႈမရွိျခင္း ေၾကာင့္ ႏိုင္ငံဝန္ထမ္းဥပေဒပုဒ္မ ၅၃ (ဇ) ႏွင့္ ႏိုင္ငံဝန္ထမ္းနည္းဥပေဒ ၂၁၀ (ဇ) တို႔အရ ထုတ္ပယ္လိုေၾကာင္း ကို စစ္ေကာင္စီရဲ႕ အေၾကာင္းၾကားစာထားမွာပါရွိသည္။
ျမႇားပစ္ခ်န္ပီယံ ေဒၚေအာင္ငွိမ္း ဟာ ျမန္မာႏိုင္ငံအတြက္ ျမႇားပစ္အားကစားျဖင့္ ေ႐ြတံဆိပ္ ၂၉ ခု၊ ေငြတံဆိပ္ ၁၇ ခုႏွင့္ ေၾကးတံဆိပ္ ၁၄ ခုတို႔ကိုရယူေပးႏိုင္ခဲ့သည္။
ေဒၚေအာင္ငွိမ္းဟာ ႏိုင္ငံေတာ္မွ ခ်ီးျမင့္သည့္ ၂၀၀၈ ၊ ၂၀၁၁ ခုႏွစ္ အေကာင္းဆုံးအမ်ိဳးသမီး အားကစားသမား ဆု ႏွင့္ ၂၀၁၃ ခုႏွစ္တြင္ ႏိုင္ငံဂုဏ္ေဆာင္အားကစားစြမ္းေဆာင္ရည္ ဆုတို႔ရရွိခဲ့သူတစ္ဦးျဖစ္သည္။