ရန်ကုန် မြို့ လမ်းမ ပေါ် က ATM တို က် ပွဲ များ

ရန်ကုန် မြို့ လမ်းမ ပေါ် က ATM တို က် ပွဲ များ

စစ်အာဏာ သိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲတွေကို မြို့လယ် ခေါင် အပါအဝင် ရန်ကုန်တမြို့လုံးနီးပါးမှာလူစုလို့မရအောင် စစ်ကောင်စီက အင် အား သုံး ပ စ် ခ တ်နှိ မ် န င်းထားတာပါ။ဒါပေမဲ့ ရန်ကုန်မြို့လယ်ခေါင်အပါ အဝင် မြို့ရဲ့နေရာတချို့မှာတော့ လူစုလူဝေးနဲ့ ..

တန်းစီစောင့်ဆိုင်းနေတဲ့ လူအုပ်ကြီးတွေက သြင်္ကန်မတိုင်ခင်ကစလို့ ရန်ကုန်မြို့လမ်းမကြီးတွေပေါ်မှာ နေရာယူလာပါတယ်။ဒီလူတွေဟာ မိမိတို့ပိုင်ဆိုင်တဲ့ငွေကို အေတီအမ်စက်ထဲကနေ ပြန်ထုတ်ဖို့အတွက် နာရီပေါင်းများစွာ တန်းစီစောင့် ဆိုင်းနေကြသူတွေဖြစ်ပါတယ်။..

လူပုဂ္ဂိုလ်တွေ ကိုယ့်ဘဏ်ထဲမှာ အပ်ထားတဲ့ ငွေထုတ်ယူတဲ့အခါ အေတီအမ်ကနေ ငွေသားထုတ်ယူမှုကို တစ်ရက်ကို အများဆုံးကျပ် ၅ သိန်းနဲ့ ၊ ဘဏ်ကိုသွားပြီး ကိုယ့်ရဲ့ ဘဏ်စာရင်းတွေက ငွေထုတ်မယ်ဆိုရင်တော့ လူတစ်ဦးကို တစ်ပတ် အများဆုံး ကျပ် သိန်း..၂၀ အထိသာ ထုတ်ခွင့်ပေးဖို့ ဘဏ်တွေ ကို ဗဟိုဘဏ်ကနေ မတ်လ ၁ ရက်နေ့က စတင်ပြီး ကန့်သတ်ခဲ့ပါတယ်။စီးပွားရေး ကုမ္ပဏီတွေ၊ စီးပွားရေး ဆိုင်ရာ အဖွဲ့ အစည်းတွေကိုတော့ သီတင်းပတ် တစ်ပတ်မှာ အများဆုံးကျပ် သိန်း ၂၀၀ အထိ ထုတ်ယူနိုင်ကြောင်း..

ကန့်သတ်ခဲ့ပါတယ်။ငွေသားစီမံခန့်ခွဲမှု ပိုမိုကောင်းမွန်စေ ဖို့အတွက် ဘဏ်တွေအနေနဲ့ မတ်လ ၁ ရက်နေ့က စတင်ပြီး လိုက်နာဆောင်ရွက်သွားဖို့ ဗဟိုဘဏ်ကနေ ညွှန်ကြားချက်ထုတ်တဲ့အထဲမှာ ပါပါတယ်။ ဘဏ်မှာစာအုပ်နဲ့ငွေထုတ်ဖို့ ဘဏ်တွေက ထုတ်ပေးတဲ့ တိုကင်တွေ..ရအောင် ညမထွက်ရ အမိန့်ထုတ်ထားတဲ့ အချိန် မနက် လေးနာရီမတိုင်ခင် သက်စွန့်ဆံဖျား စွန့်စားပြီး ထွက်လာတန်းစီသူတွေလည်း ရှိနေသလို ငွေလာဖြည့်တယ် လို့

သတင်းကြားတဲ့ အေတီအမ်စက်တွေရှေ့ မနက်မိုးမလင်းခင်တည်းက ရာနဲ့ချီစောင့်ဆိုင်းနေသူတွေလည်း..ရှိနေပါတယ်။ “နေ့တိုင်း ကိုယ့်ပိုက်ဆံကို ကိုယ် ဒီလို ဒုက္ခခံပြီးထုတ်နေရတာ။ နေကပူ၊ လူတွေကလည်းအရမ်းများတော့ တစ်နေကုန်တန်းစီရတာ နေပူမိ၊ ခေါင်းတွေကိုက် ၊ ခြေတွေတောင့်နေတာပဲ။ ခု ကိုဗစ်တွေကလည်း ပြန်ဖြစ်နေတော့ လူစုလူဝေးတွေနဲ့..

ခုလိုတန်းစီနေရင်းနဲ့ ကိုဗစ်တွေ ပြန်ဖြစ်နေတော့ ကိုဗစ်များ ကူးလာ မလား။ သောကတွေနဲ့ တကယ့်ကိုစိတ်ဒုက္ခရောက်ရတယ်။ ဒီကိစ္စကလည်း အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ကြုံရတဲ့အထဲက တို က် ပွဲ တစ်ခုပဲ” လို့ ရန်ကုန်မြို့က အေတီအမ်စက်တွေမှာ..

‌တန်းစီငွေထုတ်သူတစ်ဦးက ပြောပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းမှာတော့ စစ်ကောင် စီဘက်က မေလ ၃ ရက်က စလို့ အကောင့်သစ်ဖွင့်တဲ့သူတွေအနေနဲ့ အကန့်အသတ်မရှိ ငွေထုတ်ယူခွင့်ပြုမယ်လို့ ထုတ်ပြန်ထားပါတယ်။ဒါ က လက်ရှိကြုံနေရတဲ့ ငွေကြေးထုတ်ယူတဲ့..အခက်အခဲ ကို ဘယ်လောက်ထိ လက်တွေ့ကျကျ ဖြေရှင်းနိုင်မလဲ ဆိုတာလည်း မေးခွန်းတွေက ရှိနေဆဲဖြစ်ပါတယ်။..

Zawgyi

ရန္ကုန္ ၿမိဳ႕ လမ္းမ ေပၚ က ATM တို က္ ပြဲ မ်ား

စစ္အာဏာ သိမ္းမႈ ဆန႔္က်င္ဆႏၵျပပြဲေတြကို ၿမိဳ႕လယ္ ေခါင္ အပါအဝင္ ရန္ကုန္တၿမိဳ႕လုံးနီးပါးမွာလူစုလို႔မရေအာင္ စစ္ေကာင္စီက အင္ အား သုံး ပ စ္ ခ တ္ႏွိ မ္ န င္းထားတာပါ။ဒါေပမဲ့ ရန္ကုန္ၿမိဳ႕လယ္ေခါင္အပါ အဝင္ ၿမိဳ႕ရဲ႕ေနရာတခ်ိဳ႕မွာေတာ့ လူစုလူေဝးနဲ႔ ..

တန္းစီေစာင့္ဆိုင္းေနတဲ့ လူအုပ္ႀကီးေတြက ၾသကၤန္မတိုင္ခင္ကစလို႔ ရန္ကုန္ၿမိဳ႕လမ္းမႀကီးေတြေပၚမွာ ေနရာယူလာပါတယ္။ဒီလူေတြဟာ မိမိတို႔ပိုင္ဆိုင္တဲ့ေငြကို ေအတီအမ္စက္ထဲကေန ျပန္ထုတ္ဖို႔အတြက္ နာရီေပါင္းမ်ားစြာ တန္းစီေစာင့္ ဆိုင္းေနၾကသူေတြျဖစ္ပါတယ္။..

လူပုဂၢိဳလ္ေတြ ကိုယ့္ဘဏ္ထဲမွာ အပ္ထားတဲ့ ေငြထုတ္ယူတဲ့အခါ ေအတီအမ္ကေန ေငြသားထုတ္ယူမႈကို တစ္ရက္ကို အမ်ားဆုံးက်ပ္ ၅ သိန္းနဲ႔ ၊ ဘဏ္ကိုသြားၿပီး ကိုယ့္ရဲ႕ ဘဏ္စာရင္းေတြက ေငြထုတ္မယ္ဆိုရင္ေတာ့ လူတစ္ဦးကို တစ္ပတ္ အမ်ားဆုံး က်ပ္ သိန္း..၂၀ အထိသာ ထုတ္ခြင့္ေပးဖို႔ ဘဏ္ေတြ ကို ဗဟိုဘဏ္ကေန မတ္လ ၁ ရက္ေန႔က စတင္ၿပီး ကန႔္သတ္ခဲ့ပါတယ္။စီးပြားေရး ကုမၸဏီေတြ၊ စီးပြားေရး ဆိုင္ရာ အဖြဲ႕ အစည္းေတြကိုေတာ့ သီတင္းပတ္ တစ္ပတ္မွာ အမ်ားဆုံးက်ပ္ သိန္း ၂၀၀ အထိ ထုတ္ယူႏိုင္ေၾကာင္း..

ကန႔္သတ္ခဲ့ပါတယ္။ေငြသားစီမံခန႔္ခြဲမႈ ပိုမိုေကာင္းမြန္ေစ ဖို႔အတြက္ ဘဏ္ေတြအေနနဲ႔ မတ္လ ၁ ရက္ေန႔က စတင္ၿပီး လိုက္နာေဆာင္႐ြက္သြားဖို႔ ဗဟိုဘဏ္ကေန ၫႊန္ၾကားခ်က္ထုတ္တဲ့အထဲမွာ ပါပါတယ္။ ဘဏ္မွာစာအုပ္နဲ႔ေငြထုတ္ဖို႔ ဘဏ္ေတြက ထုတ္ေပးတဲ့ တိုကင္ေတြ..ရေအာင္ ညမထြက္ရ အမိန႔္ထုတ္ထားတဲ့ အခ်ိန္ မနက္ ေလးနာရီမတိုင္ခင္ သက္စြန႔္ဆံဖ်ား စြန႔္စားၿပီး ထြက္လာတန္းစီသူေတြလည္း ရွိေနသလို ေငြလာျဖည့္တယ္ လို႔

သတင္းၾကားတဲ့ ေအတီအမ္စက္ေတြေရွ႕ မနက္မိုးမလင္းခင္တည္းက ရာနဲ႔ခ်ီေစာင့္ဆိုင္းေနသူေတြလည္း..ရွိေနပါတယ္။ “ေန႔တိုင္း ကိုယ့္ပိုက္ဆံကို ကိုယ္ ဒီလို ဒုကၡခံၿပီးထုတ္ေနရတာ။ ေနကပူ၊ လူေတြကလည္းအရမ္းမ်ားေတာ့ တစ္ေနကုန္တန္းစီရတာ ေနပူမိ၊ ေခါင္းေတြကိုက္ ၊ ေျခေတြေတာင့္ေနတာပဲ။ ခု ကိုဗစ္ေတြကလည္း ျပန္ျဖစ္ေနေတာ့ လူစုလူေဝးေတြနဲ႔..

ခုလိုတန္းစီေနရင္းနဲ႔ ကိုဗစ္ေတြ ျပန္ျဖစ္ေနေတာ့ ကိုဗစ္မ်ား ကူးလာ မလား။ ေသာကေတြနဲ႔ တကယ့္ကိုစိတ္ဒုကၡေရာက္ရတယ္။ ဒီကိစၥကလည္း အာဏာသိမ္းၿပီးတဲ့ေနာက္ပိုင္း ႀကဳံရတဲ့အထဲက တို က္ ပြဲ တစ္ခုပဲ” လို႔ ရန္ကုန္ၿမိဳ႕က ေအတီအမ္စက္ေတြမွာ..

‌တန္းစီေငြထုတ္သူတစ္ဦးက ေျပာပါတယ္။ၿပီးခဲ့တဲ့ရက္ပိုင္းမွာေတာ့ စစ္ေကာင္ စီဘက္က ေမလ ၃ ရက္က စလို႔ အေကာင့္သစ္ဖြင့္တဲ့သူေတြအေနနဲ႔ အကန႔္အသတ္မရွိ ေငြထုတ္ယူခြင့္ျပဳမယ္လို႔ ထုတ္ျပန္ထားပါတယ္။ဒါ က လက္ရွိႀကဳံေနရတဲ့ ေငြေၾကးထုတ္ယူတဲ့..အခက္အခဲ ကို ဘယ္ေလာက္ထိ လက္ေတြ႕က်က် ေျဖရွင္းႏိုင္မလဲ ဆိုတာလည္း ေမးခြန္းေတြက ရွိေနဆဲျဖစ္ပါတယ္။..

Leave a Reply

Your email address will not be published. Required fields are marked *