အလှူလုပ်နေရင် ဖမ်းဝရမ်းထွက်လာလို့ သားအဖသုံးယောက်စလုံးတစ်ယောက်တစ်နေရာစီတိမ်းရှောင်နေရကြောင်းပြောပြလာတဲ့ သဇင်ထူးမြင့်

အလှူလုပ်နေရင် ဖမ်းဝရမ်းထွက်လာလို့ သားအဖသုံးယောက်စလုံးတစ်ယောက်တစ်နေရာစီတိမ်းရှောင်နေရကြောင်းပြောပြလာတဲ့ သဇင်ထူးမြင့်

ပရိသတ်အချစ်တော်လေး သဇင်ထူးမြင့်ကတော့ ဖခင်ဖြစ်သူ ခင်လှိုင်ရဲ့ အနုပညာအမွေတွေကို အပြည့်အဝဆက်ခံရရှိထားသူတစ်ဦးပဲ ဖြစ်ပြီး ပရိသတ်တွေရဲ့ ချစ်ခင်ဝန်းရံအားပေးမှုတွေကိုလည်း အခိုင်အမာရရှိထားသူလေးဖြစ်ပါတယ်။သူမကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့အတူရပ်တည်ပြီး နေ့စဉ်ပါဝင်လှုပ်ရှားနေသူလေးဖြစ်ပါတယ်။

သဇင်ထူးမြင့်ကတော့ လူထုလှုပ်ရှားမှုတွေကို တက်တက်ကြွကြွနဲ့ ပါဝင်နေသလို ရင်ထဲက ဆန္ဒအမှန်တရားတွေကိုရဲဝံ့စွာ ထုတ်ဖော်ပြသနေတဲ့ပြည်သူတွေအတွက် စားစရာများနဲ့သောက်စရာ အအေးတွေကိုလည်းတတ်နိုင်သလောက်လှူဒါန်းခဲ့ပါတယ်။အခုတော့ အလှူလုပ်နေရင်း ဖမ်းဝရမ်းထွက်လာတာကြောင့် သားအဖသုံးယောက်လုံးတစ်နေရာစီခွဲပေးနေရတယ်လို့ဆိုပါတယ်။သူမရဲ့လူမှုကွန်ရက်မှာတော့-

“အလှူလုပ်နေရင်း ဝရမ်းထွက်လာလို့သဲတို့မိသားစု တစ်ယောက်တစ်နေရာစီ ရှောင်လိုက်ကြရပါပြီ…အနုပညာရှင်တွေကို cdmငွေတွေလိမ်ပါတယ်ဆိုတဲ့သတင်းနဲ့တကွတင်ထားတာတွေတွေ့နေပါတယ်…ဝရမ်းပြေးတင်မဟုတ် ငွေလိမ်သွားတဲ့သူတွေအဆင့်ထိအရှက်ခွဲခံနေရတာ မိုက်ရိုင်းလွန်းတယ်….အသွေးသားထဲထိနာတယ်နော်…လောလောဆယ်မှာဖေဖေရောအဆင်ပြေပါ့မလားကိုကြီးတွက်လည်း စိတ်ပူနေရတယ်ကိုယ်တိုင်လုံခြုံဖို့တွက်လည်း ပူရပြန်တယ်ပြည်သူတွေအားလုံးတွက်ပူပန်နေရတယ်တစ်ယောက်တစ်နေရာစီနဲ့ဘယ်တော့များမှ မိသားစုတွေပြန်ဆုံခွင့်ရမှာလဲ😓

အရှေ့ထွက်လို့မရပေမယ့်လည်း နောက်ကွယ်ကနေဆက်ပြီးအတတ်နိုင်ဆုံးလုပ်သွားမယ် လှူသွားမယ်အိမ်ပြန်ချင်တဲ့တွက် အရေးတော်ပုံအောင်ကိုအောင်ရမယ်💪🏻”လို့ရေးသားထားတာပါ။ ပရိသတ်ကြီးရေပရိသတ်တို့ရဲ့ သဲတုန်လေးနဲ့ သဲတုန်လေးရဲ့ဖေဖဖေ ဦးခင်လှိုင် နဲ့ အကိုဖြစ်သူနေရဲအတွက်ဆုတောင်ပေးခဲ့ကြပါဦးနော်။သဲတုန်းလေးမျှော်လင့်သလို မိသားစုနဲ့အပြန်ပြန်လည်တွေ့ရပါစေလို့လည်းဆုတောင်းပေးလိုက်ပါတယ်နော်။

Zawgyi






Leave a Reply

Your email address will not be published. Required fields are marked *